
မနက်ဖြန် စနေနေ့ ညနေ ၆နာရီမှာ မန်ယူအသင်းဟာ အာဆင်နယ်ကို အမ်းမရိတ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီပွဲဟာ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ ပွဲကောင်းတစ်ပွဲပါ။
အာဆင်နယ်နှင့် ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်အဝေး ကွင်းပွဲစဥ်တွင် ဗာရန်၊ စီရော်နယ်ဒို နှင့်
တိုမီနေးတို့ ပြန် လည်ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြ ရက်နစ်မှ အတည်ပြုခဲ့သည်။
“ဒါဟာ စ်ိတ်၀င်စားစရာကောင်းမယ့် ပွဲစဉ်ပါ။ အာဆင်နယ်ဆီကနေ ဘယ်လို မျှော်လင့်ရမလဲဆိုတာ ပြောဖို့
ခက်ခဲပါတယ်။ သူတို့ဟာ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကြားရက်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကိုတော့ နိုင်ခဲ့ပါတယ်။
သူတို့ ဒီလို ခြေစွမ်းကို ထပ်ပြနိုင်မလားဆိုတာ ကျွန်တော် သိချင်မိပါတယ်။ သူတို့ဟာ ဂိုးရှေ့မှာ
ရုန်းကန်နေရပြီး အန်ကီတီယာ အနေနဲ့ သူ့ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့တာကို မြင်ရတာ ကောင်းပါတယ်။
ယူနိုက်တက်ဟာ အန်ဖီးမှာ အနိမ့်ဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ တစ်ခုတည်းသော သတင်းကောင်းကတော့
အဲရစ်တန်းဟတ်ကို ခန့်အပ်နိုင်ခဲ့တာပါပဲ။ ဒါဟာ ကလပ်တစ်ခုလုံးကို စိတ်ဓာတ်တော့ တက်စေနိုင်ပါတယ်။
ဒါပေမယ့်လည်း သူဟာ နွေရာသီမှာ စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်တို့ ဒီပွဲမှာ
ပြီးခဲ့တဲ့ပွဲကလောက် ဆိုးမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေပွဲလို့ ပြောချင်ပါတယ်။
မိုက်ကယ်အိုဝင်ကတော့ အာဆင်နယ်နဲ့မန်ယူပွဲမှာ ၁-၁ ဆိုတဲ့ သရေရလဒ်နဲ့ပြီးသွားလိမ့်မယ်လို့ခန့်မှန်းခဲ့ပါတယ်။
crd