
ဘဝအတွေ့အကြုံပေါင်းမြောက်များစွာနဲ့အတူ အသက် (၃၀)ပြည့်သွားခဲ့ပြီလို့ ဆိုလာတဲ့ ပရိတ်သတ်အချစ်တော် အလင်းရောင်…
ပရိသတ်ကြီးရေသရုပ်ဆောင်အလင်းရောင်ကတော့ နွေဦး
တော်လှန်ရေးကြီးမှာ ပြည်သူဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့သူတစ်ယောက်
လည်းဖြစ်ပါတယ်။ဒီနေ့ကတော့သရုပ်ဆောင်အလင်းရောင်ရဲ့
အသက်(၃၀)ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။
အလင်းရောင်ကဒီနေ့ကတော့ ကျွန်တော့်ရဲ့အသက် ၃၀ ပြည့် မွေးနေ့လေးပါ။
ကျွန်တော့်ကို မွေးဖွားမြေတောင်မြှောက်ခဲ့တဲ့ မိဘနှစ်ပါး နဲ့ ခင်ပွန်းကြီး ၁၀ပါးတို့
ကိုရောက်ရှိရာနေရာကနေ စိတ်မှန်းနဲ့ ကန်တော့လိုက်ပါတယ်။ အချိန်တွေ ကုန်
တာမြန်လွန်းတယ်တယ်။အသက် ၃၀ ဆိုတာ လူ့သက်တမ်းရဲ့ တဝက်နီးပါပဲ။
ဖြတ်သန်းခဲ့တဲ့ ကာလကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာလဲ မတည်မြဲခြင်း
သဘောတရားတွေ၊ ဘဝအတွေ့အကြုံတွေနဲ့ နောက်ကျောကိုထိုးတဲ့ဓားချက်
တွေလဲ အများကြီးရခဲ့ပါပြီ။ အထူးသဖြင့်ဒီတစ်နှစ်တာကာလမှာပေါ့။
လောကကြီးကဘာပဲဖြစ်နေနေပါ။ကျွန်တော်ကတော့ အားလုံးသိတဲ့
အလင်းရောင်အနေနဲ့ပဲ ဆက်ရှိနေမှာပါ။ တလက်စထဲ မှာပဲ လွန်ခဲ့သော နှစ်တွေထဲ
က ပြင်ဆင်ထားပြီးမထွက်ရှိဖြစ်သေးတဲ့ Light Diary ရဲ့အပိုင်းဆက် Unearth My
Memories ဆိုတဲ့ Documentary Film လေး မကြာခင်အချိန်အတွင်းမှာထုတ်လွှင့်
ပြသသွားပါမယ်လို့ ပရိတ်သတ်ကြီး ကိုအသိပေးကြေညာချင်ပါတယ်၊
ပရိသတ်တွေကိုလဲကျွန်တော်နေကောင်းကျန်းမာစွာနဲ့ အားလုံးကိုသတိတရရှိနေ
ပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးပဲ မြန်မာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည်စုံနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
crd