Home Sport အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒိုအပါအဝင် အားကိုးရတဲ့ ဒဏ်ရာရ ကစားနှစ်ဦးပြန်လည်ပါဝင်နိုင်ပြီလို့ ရန်းနစ်အတည်ပြု

အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒိုအပါအဝင် အားကိုးရတဲ့ ဒဏ်ရာရ ကစားနှစ်ဦးပြန်လည်ပါဝင်နိုင်ပြီလို့ ရန်းနစ်အတည်ပြု

0
အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒိုအပါအဝင် အားကိုးရတဲ့ ဒဏ်ရာရ ကစားနှစ်ဦးပြန်လည်ပါဝင်နိုင်ပြီလို့ ရန်းနစ်အတည်ပြု
data-language="en"

မနက်ဖြန် စနေနေ့ ညနေ ၆နာရီမှာ မန်ယူအသင်းဟာ အာဆင်နယ်ကို အမ်းမရိတ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

data-language="en"

ဒီပွဲဟာ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ ပွဲကောင်းတစ်ပွဲပါ။

အာဆင်နယ်နှင့် ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်အဝေး ကွင်းပွဲစဥ်တွင် ဗာရန်၊ စီရော်နယ်ဒို နှင့်

data-language="en"

တိုမီနေးတို့ ပြန် လည်ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြ ရက်နစ်မှ အတည်ပြုခဲ့သည်။

ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဖက် ဖြစ်တဲ့ အာဆင်နယ်ကိုသာ အနိုင်ယူလိုက်မယ်ဆိုရင် ပြိုင်ဖက်ကို အမှတ်လျော့ပြီးသား

data-language="en"

ဖြစ်သလို ကိုယ်တိုင်လည်း ၃မှတ်ရမှာဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့် အစီအစဥ်ပါ့ပဲ။

ဒါပေမယ့် အာဆင်နယ်ဟာ ချဲလ်ဆီးကို အဝေးကွင်းမှာ ဂိုးမိုးရွာပြီး အနိုင်ယူထားချိန်မှာ မန်ယူကတော့

လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ပထမအကျော့မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့အတူ

အာဆင်နယ်ကို အနိုင်ယူထားနိုင်သလို ဒုတိယအကျော့မှာလည်း ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ပဲ အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူဖို့ မန်ယူတို့

ကြိုးစားလာပါလိမ့်မယ်။မန်ယူဟာ ဒီပွဲရှုံးရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို မေ့ပစ်ဖို့ ဖြစ်သွားနိုင်တာမို့ ဒီပွဲဟာ အသက်တမျှအရေးကြီးပါတယ်။

မန်ယူဟာ မန်စီးတီးနဲ့ လီဗာပူးကိုမယှဥ်နိုင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဖက် စပါးကို

နှစ်ကျော့စလုံးအနိုင်ယူထားသလို အာဆင်နယ်ကိုလည်း ပထမအကျော့မှာအနိုင်ယူထားတာဖြစ်ပါတယ်။

ဒါကြောင့် မနက်ဖြန်မှာလည်း အာဆင်နယ်ကို အနိုင်ယူပြီး သရဲနီစိတ်ဓာတ်ကို ပြသဖို့ ကြိုးစားရတော့မှာပါ။

ဒါပေမယ့် မန်ယူနောက်တန်းက ဂိုးတွေအလှူပေးလေ့ရှိတာမို့ အာဆင်နယ်လို လူငယ်တွေ

ဦးဆောင်တဲ့ လျင်မြန်တဲ့ တိုက်စစ်ကို cleansheet နဲ့နိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့အတူ မန်ယူဟာ အာဆင်နယ်ကို ၁-၃၊၂-၃ ဆိုတဲ့ ရလဒ်တွေနဲ့အနိုင်ယူမယ်လို့ ခန့်မှန်းရပါတယ်။

မန်ယူဟာ တန်ဟန်ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီလို့ ကြေညာခဲ့ပြီမို့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေဟာ

ဒီပွဲကစကာ အစွမ်းကုန်ကြိုးစားရတော့မှာဖြစ်ပြီး ဆက်လက်ညံ့ဖျင်းနေဦးမယ်ဆိုရင်တော့

အရောင်းစာရင်းထဲထည့်ခံရတော့မှာဖြစ်ပါတယ်။လက်ရှိယာယီနည်းပြရန်းနစ်ကိုယ်တိုင်လည်း

လက်ရှိလူစာရင်းကို မြေလှန်ပစ်မယ်လို့ ကြုံးဝါးထားတာမို့ မကြိုးစားပဲ နေတဲ့သူတွေ လျော့နည်းလာတော့မှာပါ။

HH

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here