Home Sport မန်ယူနည်းပြသစ် တန်ဟန်အပေါ်မှတ်ချက်ပေးခဲ့တဲ့ ဖရက်ဒ်နဲ့ ဒီဂီယာ

မန်ယူနည်းပြသစ် တန်ဟန်အပေါ်မှတ်ချက်ပေးခဲ့တဲ့ ဖရက်ဒ်နဲ့ ဒီဂီယာ

0
မန်ယူနည်းပြသစ် တန်ဟန်အပေါ်မှတ်ချက်ပေးခဲ့တဲ့ ဖရက်ဒ်နဲ့ ဒီဂီယာ
data-language="en"

မန်ချက်စတာယူနိုက်တက်အသင်းသားများအနက် ပထမဦးဆုံးအဖြစ် ကွင်းလယ်လူ ဖရက်ဒ်က

data-language="en"

နည်းပြသစ်ဖြစ်လာမည့် တန်ဟက်အား ကမ္ဘာ့အဆင့်နည်းပြတစ်ဦး ဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးခဲ့သည်။

လက်ရှိတွင် အေဂျက်စ်နည်းပြအဖြစ် တာဝန်ယူနေသော တန်ဟက်သည် သရဲနီတို့၏ နည်းပြအဖြစ်

data-language="en"

လာမည့်ရာသီသစ်တွင် စတင်တာဝန်ယူမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖာဂူဆန်အနားယူပြီးနောက်ပိုင်း

ယူနိုက်တက်၏ ငါးဦးမြောက်နည်းပြအဖြစ် သုံးနှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

data-language="en"

“တကယ့် သတင်းကောင်းပဲ။ တန်ဟက်က ကမ္ဘာ့အဆင့်နည်းပြတစ်ဦးဖြစ်လို့ ဒီအသင်းအတွက်

အများကြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ကျွန်တော် အေဂျက်စ်ပွဲတွေ ကြည့်ဖူးပါတယ်။

အေဂျက်စ်က ဘောလုံးကစားတာ တော်တော်ကောင်းတဲ့ အသင်းကောင်းတစ်ခုဖြစ်တယ်။

သူ့အနေနဲ့ လက်ရှိအသင်းသားတွေကို ကူညီပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့သိထားသလို နောက်ရာသီမှာ

ကလပ်အသင်းအတွက် ကျွန်တော်တို့ ဆုဖလားတွေ ဆွတ်ခူးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

အမှန်ပါပဲ။ မင်းအနေနဲ့ ပွဲစဉ်တိုင်း၊ ရက်တိုင်းမှာ မင်းကိုယ်မင်း အမြဲတမ်းသက်သေပြဖို့ ရှိနေရမယ်။

အသင်းတစ်သင်းရဲ့ နည်းပြသစ်တစ်ဦးရောက်လာချိန် မင်းအနေနဲ့ နည်းပြသစ်လက်အောက်မှာ

အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပြီး ပွဲတွေကစားရင်း မင်းရဲ့စွမ်းဆောင်ရည်ကို သက်သေပြသွားရပါမယ်။

ဆုဖလားတွေ စိန်ခေါ်တိုက်ပွဲဝင်ဖို့၊ တိုးတက်လာဖို့၊ ကောင်းမွန်လာဖို့ ဦးစားပေးထားရပါမယ်။

မန်ချက်စတာယူနိုက်တက်ဆိုတဲ့ အသင်းကြီးအတွက် အောင်မြင်မှုတွေ ယူဆောင်လာဖို့ ကျွန်တော်တို့

အလိုရှိနေပါတယ်။ ဒီအတွက် နည်းပြသစ်က ကျွန်တော်တို့ အသင်းသားတွေကို ကူညီမှာဖြစ်သလို

ရည်မှန်းချက်တွေလည်း တဖန်ပြန်လည်ပြည့်ဝလာမယ်ဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်”ဟု ဖရက်ဒ်က ဆိုသည်။

နယ်သာလန်လူမျိုးနည်းပြကို အသင်းမှာ ခန့်အပ်ဖို့ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရပြီး ယခုမှာတော့

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကိုကျော်ဖြတ်ကာ ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရန် အကြောင်းဖန်လာခဲ့သည်။

ယခုအချိန်တွင် အသင်းတည်ဆောက်ရေးဧရာမတာဝန်ကြီးသည် တန်ဟက်အပေါ် ကျရောက်လာခဲ့ပြီဖြစ်သည်။

တန်ဟက်နှင့် နည်းပြသစ်ခန့်အပ်ရေးဆွေးနွေးစဉ်ကပင် နယ်သာလန်သား၏ ယူနိုက်တက်အပေါ်

သုံးသပ်ချက်များကို အသင်းအားကစားဒါရိုက်တာ ဖလက်ချာနှင့် ဘောလုံးဒါရိုက်တာ

ဂျွန်မားတော့ဂျ်တို့ အံ့သြနှစ်သက်ခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ဒီဂီယာကတော့”အသင်းက ဆုံးဖြတ်ချက် ချလိုက်ပါပြီ ၊ အခု ကျွန်တော်တို့ အားလုံး ဘာတွေ ဖြစ်မယ် ၊

ဘာတွေ လုပ်ရမယ် ဆိုတာ သိသွားပါပြီ ။ သူ ( အဲရစ် တန်ဟတ် ) အိုင်ယက်စ် မှာ ဘာတွေ လုပ်ပြခဲ့တယ်

ဆိုတာလည်း ကျွန်တော်တို့ သိပါတယ် ။ ချန်ပီယံလိဂ် ဖိုင်နယ် ကိုတောင် သူ ရောက်လု ပါပဲ ၊ ဖလားတွေလည်း ရခဲ့ပါတယ်”

“ကစားသမားတွေ ကို ပျိုးထောင်တဲ့ နေရာမှာလည်း နာမည်ထွက်ခဲ့သူပါ ။ သူ နဲ့ အတူ လက်တွဲ အလုပ်လုပ်ရမယ့် ကိစ္စ အတွက်

ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှား မိပါတယ် ။ လောလောဆယ်တော့ ရာသီ လက်ကျန် ပွဲတွေ အတွက် အာရုံစိုက်ပြီး ကစားသွားရဦး မှာပါ”

“ကျွန်တော်တို့ ပွဲတွေကို သူ စောင့်ကြည့် ဖြစ်တယ်ဆိုတာ ကြားမိပါတယ် ၊ သိပ်ကောင်းတဲ့ ကိစ္စပါ ။

ကျွန်တော်တို့ ကို ဘယ်လို ပြောင်းလဲရမယ် ဆိုတာ သူ့မှာ အစီအစဉ် ရှိကောင်း ရှိနေ

လောက်ပါပြီ ။ ရှေ့ဆက် ဖြစ်လာမယ့် ကိစ္စတွေ အတွက် တကယ်ပဲ စိတ်လှုပ်ရှား မိပါတယ်”

“အာဆင်နယ် နဲ့ ပွဲက ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပါတယ် ။ ဖလား လုပွဲ တခုလိုပါပဲ ။

၃ မှတ် မရဘူး ဆိုရင် အဆင့် ၄ ဝင်ခွင့် ကို လက်လွှတ် ရတော့မှာပါ ။ ဒါကြောင့် လောလောဆယ်တော့

ဒီပွဲ အတွက် အာရုံ အပြည့် စိုက်ထားဖို့ လိုအပ်ပါတယ်” လို့ ဒါးဗစ် ဒဟဲယား က နည်းပြသစ် အဲရစ်

တန်ဟတ် နဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြိုဆိုနှုတ်ခွန်းဆက် စကားကို ပြောဆို သွားခဲ့ ပါတယ် ။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here