
အရှိန်မြင့်လာတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး သီတင်းပတ်တွေကတော့ ရင်ခုန်ဖွယ် ဖြစ်လာခဲ့ပါပြီ။
ဒီတပတ်မှာ အာဆင်နယ် အသင်းက မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်မှာ
ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့၊ ညနေ ၆ နာရီမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” စွမ်းဆောင်ရည် ညံ့တွေ ပွဲတွေ ဆက်တိုက် အပြီးမှာ အာဆင်နယ်က ဗုဒ္ဓဟူးနေ့က
ပွဲမှာတော့ ချယ်ဆီးကို အနိုင်ယူပြီး အသင်းကောင်း ပုံစံ ပြသလာခဲ့ပါတယ်။ တစ်ပွဲလုံး
ထူးချွန်တဲ့ စွမ်းဆောင်ရည် ပြသခဲ့သလို ဂန်းနားတွေဟာ အများကြီး သွက်လက်တဲ့ ဟန်၊ ကြံ့ခိုင်မှု
အပြည့်နဲ့ ကစားသွားတာ တွေ့ခဲ့ရပါတယ်၊ အပြာရောင်တွေကတော့ နည်းနည်း လေးကန်နေခဲ့တယ်။
ယူနိုက်တက်ကတော့ အန်းဖီးမှာ အခြေအနေ မကောင်းခဲ့ဘဲ သူတို့နဲ့ ထိုက်တန်တဲ့
ရလဒ်ပဲ ရခဲ့ပါတယ်။ သူတို့ ပရိသတ်တွေကတော့ ဒီလို စိတ်ပျက်ဖွယ် ကစားပုံ အပြီးမှာ ပြန်တုန့်ပြန်မှု
တစ်ခုခု ပြဖို့ မျှော်လင့်နေကြပေမယ့် ကျနော်ကတော့ ဒီအသင်းက ဒါမျိုး လုပ်ပြနိုင်မယ် မထင်မိဘူး။
ဖရက်နဲ့ စကော့ မက် တော်မီနေးကလည်း ဒဏ်ရာကြောင့် မပါနိုင်သေးဘူး။ ယူနိုက်တက် ကွင်းလယ်ကတော့
ဟာကွက်ကြီး ဖြစ်နေမှာပါ။ အရင် ရှုံးပွဲနဲ့ မတူ ခြားနားအောင် သူတို့ ကြိုးစားမှာ ဆိုပေမယ့်
ကွင်းလယ်က သံမဏိ ဒေါက်တိုင်ကြီးတွေကို ယူနိုက်တက် သိပ်ကို လွမ်းဆွတ်နေရမှာပါ။
ကျနော် အာဆင်နယ် ဘက်ကနေ နေဖို့ တားဆီးနေတာ တစ်ခုကတော့ သူတို့ အရင်တုန်းကလည်း
အဆင့် ၄ နေရာ အတွက် အခြေအနေ အတော်ကောင်းခဲ့သေးခဲ့ပေမယ့် မဖြစ်လာ
သေးတာပါ။ တကယ့်တကယ်တော့ အခုချိန်ဆို သူတို့ အဆင့် ၄ နေရာအတွက် အာမခံချက် ကောင်းကောင်း ရနေသင့်ပြီ။
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က အခြေအနေ ကောင်းတာကို သူတို့ မဆုပ်ကိုင်
နိုင်ခဲ့တော့ ဒီတကြိမ်မှာလည်း သူတို့ လုပ်နိုင်မယ်လို့ ကျနော် သိပ် မထင်သေးဘူး။
ယူနိုက်တက်ကလည်း ခုနေ တစစီ ပြန့်ကြဲနေတာပါ။ သူတို့ ရနိုင်တဲ့ ကစားသမားတွေနဲ့
ရပ်ဖ် ရန်းနစ်က ဘယ်လို အသင်း ပွဲထွက်လာမလဲ ဘယ်ကစားကွက် ခင်းမလဲ ကျနော်တို့ မသိနိုင်ဘူး။
အခြေအနေတွေ အရတော့ သူတို့ အတွက် တစ်မှတ် ရရင်ကို အတော် ကောင်းတဲ့ ရလဒ်လို့ ပြောရမှာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
crd