
အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်ချစ်ခင်အားပေးမူ့ကို ရရှိထားတဲ့
အဆိုတော် ခိုင်မြဲသစ္စာ ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ်ထင်ပါတယ်။ ”
အထာကျတဲ့အချစ်” ဆိုတဲ့ အချစ်သီချင်းလေးကို JFire နဲ့ အတူ သီဆိုခဲ့ပြီး
နာမည်ကြီးလူသိများလာခဲ့တာဖြစ်ပြီး ပရိသတ်တွေ သတိထားမိခဲ့တာလဲ ဖြစ်ပါတယ်။
ယခုနောက်ဆုံးထွက်ထားတဲ့ J Fire နဲ့ အတူ သီဆိုထားတဲ့ ” ရွှင်လန်းကာစိတ်ချမ်းသာကြစေ”
ဆိုတဲ့ သင်္ကြန်သီချင်းလေး ဟာလဲ ပရိသတ်တွေကြားထဲမှာ အတော်လေးလူကြိုက်များခဲ့ပြီး
ထူးခြားကောင်းမွန်တဲ့ ရိုက်ချက်တွေကြောင့်လဲ ချီးကျူးခံခဲ့ရပါသေးတယ်။
အဆိုတော် ခိုင်မြဲသစ္စာ ဟာ ” ရွှင်လန်းကာစိတ်ချမ်းသာကြစေ”
ဆိုတဲ့ သင်္ကြန်သီချင်းလေးရဲ့ MTV ထဲမှာ မျက်နှာတည်တည်ကြီး သရုပ်ဆောင်ခဲ့တာနဲ့
ပတ်သက်ပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ သူမဟာ ဓမ္မတာလာနေတဲ့အချိန်မှာ
ဆိုင်မှာသွားရောက်ပြီး ဂေါင်းလျှော်ခဲ့ပြီးနောက် မနက်မိုးလင်းလာတဲ့အခါ မျက်နှာတစ်ခြမ်းဟာ
ယောင်နေခဲ့တာကြောင့် ဆေးခန်းကို ချက်ချင်းသွားပြခဲ့ပါတယ်။ “ဓမ္မတာလာနေချိန်မှာ
ခေါင်းလျှော်၊ နားဆေး လုပ်လိုက်မိတာ မျက်နှာ နဲ့ ခေါင်းက အကြောတွေ တင်းလာပြီး
ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သွေးကြောမျှင်တွေ ပြတ်တောက်သွားခဲ့တယ်။
“ရွှင်လန်းကာ စိတ်ချမ်းသာကြပါစေ” သင်္ကြန်သီချင်း ဗီဒီယို ရိုက်ခါနီး ဖြစ်သွားတော့ ရိုက်ကူးရေးမှာ
ပြုံးလို့လဲ မရ၊ မျက်နှာယောင်ပြီး နှုတ်ခမ်းပါ ရွဲ့သွားခဲ့ရတယ်” လို့ ခိုင်မြဲသစ္စာ က ပြောပြထားပါတယ်။
အဆိုတော် ခိုင်မြဲသစ္စာ ကတော့ မိန်းကလေးတွေ အားလုံးကို သူမလိုမဖြစ်စေဖို့
သတိပေးထားပါတယ်။ ဓမ္မတာလာတဲ့အချိန်ဟာ မိန်းကလေးအတွက်
အရေးကြီးဆုံးအချိန်ဖြစ်ပြီး ဒီလိုအချိန်မှာ လက်ဖက်စားခြင်း၊အအေးခံခြင်း၊ဂေါင်း
လျှော်တာတွေကို အတတ်နိုင်ဆုံး မလုပ်မိဖို့ အရေးကြီးတယ်လို့ သူမ က ပြောပြ
ပေးထားပါတယ်။ ခိုင်မြဲသစ္စာ ဟာ လက်ရှိမှာ သူမရဲ့ကျန်းမာရေး
အခြေအနေဟာ 85% လောက်ပြန်ကောင်းနေပြီးတော့ အရှင်းတော့မ
ပျောက်ကင်းသေးဖူးလို သိရပါတယ်။ အမြန်ဆုံးနေပြန်ကောင်းပါစေ ခိုင်မြဲရေ။
crd