Home Sport အမ်းမရိတ်မှာ မနက်ဖြန် ကန်မယ့် ပွဲမှာ အနိုင်ရမှာ အာဆင်နယ်လား မန်ယူလားဆိုတာ ခန့်မှန်းသုံးသပ်ပေးလာတဲ့ ပေါလ်မာဆင်

အမ်းမရိတ်မှာ မနက်ဖြန် ကန်မယ့် ပွဲမှာ အနိုင်ရမှာ အာဆင်နယ်လား မန်ယူလားဆိုတာ ခန့်မှန်းသုံးသပ်ပေးလာတဲ့ ပေါလ်မာဆင်

0
အမ်းမရိတ်မှာ မနက်ဖြန် ကန်မယ့် ပွဲမှာ အနိုင်ရမှာ အာဆင်နယ်လား မန်ယူလားဆိုတာ ခန့်မှန်းသုံးသပ်ပေးလာတဲ့ ပေါလ်မာဆင်
data-language="en"

အာဆင်နယ်ဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ ချယ်ဆီးကို စတန်းဖို့ဘရစ်ချ်ကွင်းမှာ ၄-၂ နဲ့

data-language="en"

အနိုင်ယူခဲ့ပြီး အဆင့် ၄ တစ်နေရာ ယူဖို့ အခြေအနေ ပြန်ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအပတ်ပွဲမတိုင်ခင် အာဆင်နယ်က အဆင့် ၆ မှာ ရှိနေပေမယ့်လို့ ယူနိုက်တက်က အဝေးကွင်းမှာ လီဗာပူးကို အရေးနိမ့်ပြီး

data-language="en"

လန်ဒန်ဒါဘီမှာ အာဆင်နယ်က အနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးလေးသင်း ပြိုင်ဆိုင်မှုဟာ အပြောင်းအလဲ ဖြစ်လာခဲ့တာပါ။

လာမယ့် သီတင်းပတ်တွေမှာ အာဆင်နယ်က မနချက်စတာ ယူနိုက်တက်၊ စပါးတို့နဲ့ ထိပ်တိုက်

data-language="en"

တွေ့ရမယ့်ပွဲတွေ ရှိပြီး ဒီပွဲတွေကပဲ အဆင့်လေးဝင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အဆင့် ၄ တိုက်ပွဲမှာ အာဆင်နယ်က အသာရနိုင်မယ်လို့ ယုံကြည်နေပြီ ဖြစ်ပါတယ်။

” အာဆင်နယ်က စတန်းဖို့ဘရစ်ချ်မှာ သွင်းဂိုး ၄ ဂိုးသွင်းပြီး ၃ ပွဲဆက် အရေးနိမ့်မှုကနေ

ပြန်လာပြခဲ့တာက သိပ်ကို ကောင်းလွန်းပါတယ်။ ချယ်ဆီး ပွဲထွက်လူစာရင်းမှာ ရူဒီဂါနဲ့ ဆေးဗား၊

ကိုင်ဟာဗက် တို့ မပါနိုင်ခဲ့ပါဘူး။ အာဆင်နယ်က ဒါကို အခွင့်အရေး ယူနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ အဆင့် ၄ ဝင်ခွင့်က အာဆင်နယ် လက်ထဲမှာလို့ ထင်မိတယ်။ အာဆင်နယ် အသာရခဲ့ပြီလို့ မြင်ပါတယ်။

စပါးက ဘရန့်ဖိုဒ့်ကို အဝေးကွင်းမှာ အနိုင်ရမယ်လို့ မထင်ဘူး။ ဘရန့်ဖိုဒ့်က သိပ်ကောင်းနေတာလေ။

အာဆင်နယ်မှာ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ပွဲ ရှိပါတယ်။ ယူနိုက်တက်က ဒုက္ခတွေ

များနေသလို အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ကို ယှဉ်ပြိုင် ကစားလိုမှာ မဟုတ်ပါဘူး။

ယူနိုက်တက်နဲ့ ပတ်သက်ပြီး ဖိအားတွေ ဝင်နေဖို့ မလိုပါဘူး။ စနေနေ့ပွဲကို ကန်လိုက်၊

အနိုင်ယူလိုက်၊ ဘယ်သူ့ကိုမှ ဂရုစိုက်မနေပါနဲ့ ” လို့ ပေါလ်မာဆန်က ပြောဆိုခဲ့ ပါတယ်။

လက်ရှိမှာ အာဆင်နယ်ဟာ စပါးနဲ့ ပွဲတူ ရမှတ်တူဖြစ်ပေမယ့် ဂိုးကွာခြားချက်အရ အဆင့် ၅ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here