
ပရိသတ်ကြီးရေ ထူးခန့်ကျော်ကတော့ သူတတ်မြောက်တဲ့ ပညာရပ်တွေနဲ့
(၇)ရက်သားသမီးတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို ပျောက်ကင်းအောင်ကုသ
ပေးနေခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ ဒီနေ့မှာလည်း
ထူးခန့်ကျော်က ပီတိဖြစ်ရတဲ့ ကုသမှုလေးတစ်ခုအကြောင်းကို မျှဝေလာခဲ့ပါတယ်။
“အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရပြန်ပြီလေ။ တာမွေမြို့နယ် မေတ္တာညွန့်
ရပ်ကွက် အမှတ်(၁၀၀)တွင်နေထိုင်သောသမီးလေးမဆုရတီအောင် မွေးရာပါခြေ
လက်များမသန်ဖြစ်ခဲ့ရာ ယခုသမီးလေးအသက်၅နှစ်ပြည့်သည်အထိ လမ်းမလျှေက်နိုင်ပဲဖြစ်ခဲလေသည်။
ကျွန်တော်ထံလာရောက်ကုသရင်းများမကြာခင် သမီးလေးမတ်တတ်ရပ်ပြီး
လမ်းလျှောက်နိုင်သွားလို့ သမီးလေးမိဘများကိုယ်စားအင်မတန်ဝမ်းသာပီတိဖြစ်
ခဲ့သလို ကျွန်တော်ရဲ့တနေ့တာအမောများဟာလည်းပြေပျောက်ခဲ့ရပြီး
ယခုလို၇ရက်သားသမီးများ၏ရောဂါဝေဒနာများအား ပါရမီဖြည့်ကုသခွင့်ပေး
ပါသောရတနာမြတ်သုံးပါး၏ ခြေအစုံသ်ု့ဦးခိုက်ကန်တော့ရင်း မင်ဂလာသညချမ်း
လေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး ပီတိတွေဖြစ်စွာနဲ့
မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကိုပဲ ဝမ်းသာပီတိဖြစ်ရတဲ့ ကုသမှုပါပဲနော် ပရိသတ်ကြီးရေ။
Credit Cele Zone