
မန်ချက်စတာယူနိုက်တက် နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်းဟက်ဂ်က သူ့ရဲ့ အနာဂတ်အသင်းကို
တပည့်ဟောင်း ဒီလစ်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။ လာမယ့်ရာသီမှာ
ခံစစ်ပိုင်းပြုပြင်ပြောင်းလဲရေးဟာ မန်ယူနိုက်တက်ရဲ့ ဦးစားပေးလုပ်ရမယ့် အချက်လည်းဖြစ်နေတာဖြစ်ပါတယ်။
စကိုင်းစပေါ့တ်နဲ့ အင်တာဗျူးမှာ လက်ရှိယာယီနည်းပြ ရက်ဖ်ရန်းနစ်ခ်က မန်ယူနိုက်တက်အသင်းရဲ့
ခံစစ်ကနေ ဂိုးတွေအများကြီး ခွင့်ပြုနေရတာကို စိတ်ပျက်မိကြောင်းပြောဆိုခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒီလစ်ဟာ နည်းပြတန်းဟက်နဲ့အတူ အေဂျက်ဇ်အသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ
ပေါင် (၆၇.၅) သန်းနဲ့ ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းအားဖြည့်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ဒီလစ်ကို ခေါ်ယူဖို့
ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြ တန်းဟက်ဂ်ရဲ့ အကူအညီနဲ့ အဆိုပါကစားသမားကို
အရခေါ်ယူနိုင်ချေလည်းရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်းတူရင်မြေက
နေပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်မှာ သွားရောက်ကစားလိုနေတာဖြစ်ပါတယ်။
လက်ရှိမှာ ဒီလစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ခွဲအထိကျန်ရှိ
နေသေးတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဆရာဟောင်းတန်းဟက်ဂ်နဲ့ ယူနိုက်တက်မှာ
လက်တွဲကစားဖို့ကလည်း ဖြစ်နိုင်ချေရှိပြီး ဂျူဗင်တပ်စ်အသင်းကလည်း ဈေးကောင်းရရင် ရောင်းချသွားဖို့များပါတယ်။
အသက် (၂၂) နှစ်အရွယ်ဒီလစ်ဟာ အလားအလာအကောင်းဆုံး ထိပ်တန်းနောက်ခံလူတစ်ဦး
ဖြစ်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း ယခုနှစ်ရာသီမှာ ရုန်းကန်နေရပြီး
အဆင့်လေးနေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ အေဂျက်ဇ်ကွင်းလယ်လူ
ဟောင်းဖြစ်ခဲ့တဲ့ Jan Van Halst က ဒီလစ်ကို မန်ယူနိုက်တက်အသင်းအနေနဲ့ ဦးစားပေးခေါ်ယူသင့်ကြောင်းကို –
မက်ဂွိုင်းယား နေရာမှာ အစားထိုးဖို့ ဆိုရင် ဒီလစ်ခ်က အသင့်တော်ဆုံးပါပဲ မန်ယူအသင်း ပြုပြင်ပြောင်းလဲရေးမှာ
မက်ဂွိုင်းယားဟာ ပထမဆုံး ဖယ်ရှားသင့်တဲ့ ကစားသမားပါပဲ ကျနော်က တော့ ဒီလစ်ကိုပဲ ခေါ်ယူစေချင်ပါတယ်
သူက တန်းဟက်ဂ်နဲ့ ကောင်းကောင်းကြီး သိသူပါ သူတို့နှစ်ဦးကြား ကြီးမားတဲ့ နားလည်မှုတွေရှိပါတယ်
သူကအမှားလည်းနည်းပြီး ခံစစ်ပိုင်းကို ကောင်းကောင်းကြီး ဦးဆောင်နိုင်တဲ့သူပါပဲ ပြီးတော့
သူက လျင်မြန်တဲ့ကစားသမားလည်းဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
crd