Home Sport ၂၀၁၅မှာလီဗာပူးကို စရောက်ရောက်ချင်း ကလော့ပ်ကို ဖာဂူဆန်ဘာပြောခဲ့လဲဆိုတာ ပြောပြလာတဲ့ ကာရေဂါ

၂၀၁၅မှာလီဗာပူးကို စရောက်ရောက်ချင်း ကလော့ပ်ကို ဖာဂူဆန်ဘာပြောခဲ့လဲဆိုတာ ပြောပြလာတဲ့ ကာရေဂါ

0
၂၀၁၅မှာလီဗာပူးကို စရောက်ရောက်ချင်း ကလော့ပ်ကို ဖာဂူဆန်ဘာပြောခဲ့လဲဆိုတာ ပြောပြလာတဲ့ ကာရေဂါ
data-language="en"

ဂျေမီကာရေဂါက မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်ဟာ

data-language="en"

ယာဂန်ကလော့ လီဗာပူးကို ပြောင်းရွေ့လာခဲ့တဲ့ အချိန်မှာ ချက်ချင်းဆိုသလို စိုးရိမ်မှု ရှိသွားခဲ့တယ်လို့

ထုတ်ဖော်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အန်ဖီးမှာ ယာဂန်ကလော့ရဲ့

data-language="en"

အသင်းကို ဆာလား (၂ ဂိုး) မာနေး ဒီယက် တို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။

ကလော့ဟာ လီဗာပူးကို ရောက်လာခဲ့ပြီးနောက် ကလပ်ကို ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား

data-language="en"

ကာရာဘောင်ဖလား ယူအီးအက်ဖ်အေစူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား တို့ကို ရယူပေးခဲ့ပြီး ဖြစ်ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် title race မှာ မန်စီးတီးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေဆဲ ဖြစ်သလို

ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားခဲ့ပြီး လာမည့်လမှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား

ဖိုင်နယ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် တစ်ရာသီအတွင်း ဖလား ၄ လုံး အိမ်မက်ကို ဆက်မက်ထားနိုင်ခဲ့ပါတယ်။

လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ကလော့ကို နည်းပြ အဖြစ် စတင်ခန့်အပ်ခဲ့တာ

ဖြစ်ပြီး ကာရေဂါက အဲဒီအချိန်မှာ ဖာဂူဆန်ဟာ လီဗာပူးတို့ ကမ္ဘာ့အဆင့် နည်းပြကို ပိုင်ဆိုင်သွားခဲ့တယ် ဆိုတာ

ချက်ချင်းသိခဲ့တယ်လို့ ထုတ်ဖော်လိုက်ပြီး ဒီအပြောင်းအရွေ့ဟာ သူ့ကို စိုးရိမ်စေတယ်လို့ ၀န်ခံခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ကာရေဂါက “ဒီလို မန်နေဂျာတွေ အကြောင်း တွေးလိုက်တဲ့ အခါမှာ ကိုယ့်အနေနဲ့ အမြဲတမ်း

ကြီးကြယ်တဲ့ မန်နေဂျာတွေ အကြောင်း တွေးဖြစ်လေ့ရှိပါတယ်။ ကျွန်တော်တို့မှာ ဖာဂူဆန်လိုမျိုး

ချဲလ်ဆီးက ဂျိုဆေးမော်ရင်ညို လိုမျိုး အာဆင်နယ်က အာဆင်၀င်းဂါး လိုမျိုး များစွာ ချီးကျူးခံရတဲ့သူတွေ

ပရီးမီးယားလိဂ်ခေတ်မှာ သိပ်မရှိခဲ့ပါဘူး။ အခု ကလော့က ဒီလို အဆင့်မှာ ရှိနေပါတယ်။

ဒီလို မန်နေဂျာတွေနဲ့ ပက်သက်ပြီး ကျွန်တော် အမြဲတမ်း ခံစားမိတာကတော့ သူတို့ကို ကစားသမားတွေက

ကြောက်ရွံ့ပေမယ့် ချစ်ခင်မှုလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ကစားသမားတွေဟာ ဒီနည်းပြတွေကို

ဘယ်တော့မှ စ်ိတ်မပျက်စေချင်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီနည်းပြတွေကို လုံး၀ကို ကြောက်ရွံ့ပါတယ်။

ခင်ဗျားတို့ ယာဂန်ကလော့ကို ကြည့်လိုက်ပါ။ သူဟာ ကစားသမား တော်တော်များများထက်

လူကောင်ကြီးပါတယ်။ ခင်ဗျားတို့ ကြိုက်တဲ့ လီဗာပူး ကစားသမားကို ဗန်ဒိုက် နဲ့ ယာဂန်ကလော့

တို့ထဲက ဘယ်သူ့ကို ဆုံးရှုံးချင်သလဲလို့ မေးလိုက်မယ်ဆိုရင် သူတို့က ဗန်ဒိုက်လို့ပဲ ပြောကြမှာပါ။

ကျွန်တော် ဒါကို သေချာပေါက် ပြောနိုင်ပါတယ်။ ယာဂန်ကလော့ဟာ လီဗာပူးမှာ တကယ့် နတ်ဘုရားပါပဲ။

သူ့ရဲ့ စွမ်းအင်တွေကို ကွင်းဘေးစည်းကနေ မြင်နေ ခံစားမိနေမှာပါ။ ကလော့ လီဗာပူးကို

စရောက်လာကတည်းက သူ့မှာ character နဲ့ personality တွေ ရှိနေတယ် ဆိုတာ သိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဒါဟာ လီဗာပူး အတွက်သာမကဘဲ ပရီးမီးယားလိဂ် အတွက်ပါ အရမ်းကောင်းတဲ့ ခေါ်ယူမှုလို့ ကျွန်တော် ပြောခဲ့ပါတယ်။

တစ်စုံတစ်ရာ စပယ်ရှယ် ရှိတယ်ဆိုတာ ကိုယ့်ဘက်က သိနေပါတယ်။ မိုက်ကယ်ကားရစ်ရဲ့ နှုတ်ဆက်ပွဲအတွက်

ကျွန်တော် အိုးထရပ်ဖို့ဒ်မှာ ပွဲတစ်ပွဲ ကစားခဲ့ပါတယ်။ ဖာဂူဆန်က အ၀တ်လဲခန်းထဲကို လာပြီး

လာကစားပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းကို အားလုံးကို လက်ဆွဲနှုတ်ဆက်ကာ ပြောခဲ့ပါတယ်။

သူဟာ အဲဒီတုန်းက အသင်းတသင်းကို မန်နေဂျာ အဖြစ် တာ၀န်ယူပေးခဲ့တယ်လို့ ထင်ပါတယ်။

ယာဂန်ကလော့ကတော့ လီဗာပူးကို ရောက်လာတာ ၁ လလောက်ပဲ ရှိအုံးမှာပါ။

ဖာဂူဆန်က ကျွန်တော့်ဆီကိုလာပြီး ‘မင်းတို့ တကယ့်ကို မန်နေဂျာကို ရသွားတာပဲ’ လို့ ပြောခဲ့ပါတယ်။

ကျွန်တော်က ‘oh yeah, အဟုတ်ပဲ။ ယာဂန်ကလော့ဟာ လီဗာပူးမှာ တာထွက်ကောင်းခဲ့တယ်’

လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီမှာ ဖာဂူဆန်က ‘no, no..ငါ စိုးရိမ်နေတယ်’ ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးရဲ့ အထက်မှာပဲ ရှိနေသေးတဲ့ အချိန်ပါ။

ဒါပေမယ့် ဖာဂူဆန်ဟာ ကလော့ကို ယူအီးအက်ဖ်အေ အစည်းအဝေး ဒါမှမဟုတ်

အစည်းအဝေး တစ်ခုခုမှာ တွေ့ပြီး သူ့ရဲ့ personality တစ်ခုခုကို ခံစားမိခဲ့တယ်လို့ ထင်ပါတယ်။

ကြီးကြယ်တဲ့ မန်နေဂျာတွေ အကြောင်း ပြောမယ်ဆိုရင် နည်းစနစ်တွေ ကစားကွက်တွေ

ဘာတွေက သူ့တို့ဆီမှာ ရှိထားပြီးသားပါ။ ဒါပေမယ့် ထူးခြားတဲ့ ပင်ကိုစရိုက်ဆိုတာ ရှိကြပါတယ်။

ဒါမျိုး ကလော့မှာ ရှိနေတာပါ။ ဆာအဲလက်စ်ဖာဂူဆန်မှာ ဒါမျိုးကို ပိုင်ဆိုင်ထားခဲ့တာပါ။

ကလော့ရဲ့ လီဗာပူး နည်းပြဘ၀ အဆုံးမှာ အားလုံးဟာ လီဗာပူးကနေ ဘေလ်ရှန်ကလေ ထွက်သွားခဲ့သလိုမျိုး

ခံစားနေကြမှာပါ။ အခုကတည်းက လီဗာပူး ပရိတ်သတ်တွေကြားမှာ ကလော့ ထွက်သွားမှာကို

စိုးရိမ်မှုတွေ ရှိနေကြပါပြီ။ ဒီဘောလုံးကလပ်ကို သူ့ရဲ့ သက်ရောက်မှုတွေကြောင့်

လူတွေက ဒီအကြောင်းကို အခုကတည်းက တွေးပူနေကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။

crd:SM

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here