Home Sport ခြေစွမ်းညံ့တာမှန်ပေမယ့် နည်းပြတိုင်းက သူ့ကို အမြဲတမ်းပွဲထွက်ခွင့်ပေးနေတာ အကြောင်းရင်းရှိတယ်ဆိုတဲ့ မက်ဂွိုင်းယား

ခြေစွမ်းညံ့တာမှန်ပေမယ့် နည်းပြတိုင်းက သူ့ကို အမြဲတမ်းပွဲထွက်ခွင့်ပေးနေတာ အကြောင်းရင်းရှိတယ်ဆိုတဲ့ မက်ဂွိုင်းယား

0
ခြေစွမ်းညံ့တာမှန်ပေမယ့် နည်းပြတိုင်းက သူ့ကို အမြဲတမ်းပွဲထွက်ခွင့်ပေးနေတာ အကြောင်းရင်းရှိတယ်ဆိုတဲ့ မက်ဂွိုင်းယား
data-language="en"

ဒီရာသီမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပေမယ့် မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားကတော့ သူ့ကိုယ်သူကာကွယ်လိုက်ပါတယ်။

data-language="en"

၂၉ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ ဒီရာသီမှာ ရုန်းကန်ခဲ့ရကာ ပြီခဲ့တဲ့လက အင်္ဂလန်

အတွက် ကစားချိန်မှာလည်း ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ခံခဲ့ရတာပါ။

data-language="en"

နောက်ဆုံးကစားခဲ့တဲ့လီဗာပူးနဲ့ပွဲလည်း သူဟာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း မက်ဂွိုင်းယားဟာ အဲဒီပွဲအပြီးမှာ မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းရဲ့ဝေဖန်မှုနဲ့ မလွတ်ကင်းခဲ့ပါဘူး။

data-language="en"

လီဗားပူးနဲ့ပွဲမတိုင်ခင် Sky Sports ရုပ်သံနဲ့လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မက်ဂွိုင်းယားက အခုလို ဝန်ခံခဲ့ပါတယ်။

”ဒီရာသီ ကျွန်တော့်မှာ ဆိုးရွာတဲ့ပွဲအချို့ရှိခဲ့ပါတယ်”လု့ိ သူက ဆိုခဲ့တာပါ။

ဒါပေမဲ့လည်း မက်ဂွိုင်းယားက သူသာ ဒီလောက်ညံ့နေရင် အခုလို ပွဲတိုင်းပါခွင့်ရမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

”ကျွန်တော်သာ ပွဲတိုင်းခြေစွမ်းဆိုးနေရင် ဒါမှမဟုတ် ကောင်းကောင်းမကစားနိုင်ရင် ပွဲတိုင်း ဘယ်ပါရမလဲဗျာ။

ဒီရာသီမှာ နည်းပြနှစ်ယောက်စလုံးက ပွဲထွက်စာရင်းမှာ ကျွန်တော့်ကို ပုံမှန်သုံးနေတာ အကြောင်းရင်းရှိမှာပေါ့။

ဒါပေမဲ့ ကျွန်တော်က ဒီအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်နေသလို ငွေကုန်ကြေးကျခံခေါ်ခဲ့ရသူဖြစ်လု့ိ

ဂိုးတွေအများကြီးပေးရရင်တော့ကျွန်တော်ဝေဖန်ခံရမှာပါ”လို့ မက်ဂွိုင်းယားက ဆက်လက်ပြောကြားခဲ့ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here