
နှစ်ဆန်းတစ်ရက်နေ့တွင် လူမင်းနှင့်ရွှေမှုန်ရတီတို့ သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ဇာတ် ကားကို ရုပ်ရှင်ရုံအားလုံးမှာပြသတော့မည်။
ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လူမင်း နှင့်ရွှေမှုန်ရတီ တို့ သရုပ်ဆောင်ထားတဲ့
ဝေးမနေချင်ဘူး ဇာတ်ကားကို ပြသတော့မှာဖြစ်ပြီးအပတ်စဉ်သောကြာနေ့တိုင်း ဇာတ်ကား
အသစ် လဲလှယ်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံးက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ယနေ့ မတ်လ ၂၅ ရက်မှာ ရုပ်ရှင်အစည်းအဝေးက အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်ချခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၁၇ ရက်မှာ Triple Six ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် လူမင်းနဲ့ ရွှေမှုန်ရတီပါဝင်တဲ့
ဝေးမနေချင်ဘူး ဇာတ်ကား၊ ဧပြီလ ၂၉ ရက်မှာ သက်တန့်အိမ်ထုတ်လုပ်ရေးရဲ့,.သရုပ်ဆောင်
ပြေတီဦးနဲ့ ဖွေးဖွေးပါဝင်တဲ့ လိပ်ပြာထောင်ချောက်ဇာတ်ကား မေလ ၆ ရက်မှာ Dream Filming
ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိချောပိုပါဝင်တဲ့ မှောင်တိုက်ဇာတ်ကားမေလ ၁၃ ရက်မှာ
ကာလာထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်တဲ့ရွာဂေါ်ဇာတ်ကားမေလ
၂၀ ရက်မှာ ပါဝါကင်းထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အိန္ဒြာကျော်ဇင်ပါဝင်တဲ့
အချိုဆုံး အချစ်အပြင်းဆုံးအချစ် ဇာတ်ကားနဲ့ မေလ ၂၇ ရက်မှာ နယူးပွိုင့်ထုတ်လုပ်ရေးရဲ့
သရုပ်ဆောင် ပြေတီဦးနဲ့ ခိုင်သင်းကြည် ပါဝင်တဲ့ ကမောက်ကမသမီးယောက္ခမ ဇာတ်ကားတို့ ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်,၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနဲ့အညီ
ပြုစုထားတဲ့ “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမယ့် စံပြုသတ်မှတ်ချက် (Standard Operating Procedures,SOP)နဲ့
အညီလိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားတဲ့ ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊
ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်းပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
အခုလိုအချိန်မှာ ကိုဗစ်,၁၉ ရောဂါဖြစ်ပွားမှု အခြေအနေသုံးသပ်ချက်များအရ ကိုဗစ်.၁၉
ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှုပိုးတွေ့မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတို့မှာ သိသာစွာ
ကျဆင်းလာကြောင်း တွေ့ရှိရတဲ့အတွက်ကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းလည်းရှင်းပြထားပါတယ်။
crd