Home Sport လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အညံ့ဖျင်းဆုံးကစားသမား ၃ ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အညံ့ဖျင်းဆုံးကစားသမား ၃ ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

0
လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အညံ့ဖျင်းဆုံးကစားသမား ၃ ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း
data-language="en"

ဒီနေ့ နံနက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်ဖီးလ် ကွင်းထဲ လီဗာပူး အသင်းနဲ့

data-language="en"

ရင်ဆိုင် ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။ ဒီရလဒ််ကြောင့် လီဗာပူး အသင်းဟာ

အဆင့် 1 နေရာကို တက််လှမ်းသွားခဲ့ပြီး ယူနိုက်တက် ကတော့ အဆင့် 6 နေရာကို ဆင်းပေးခဲ့လိုက်ရပါတယ် ။

data-language="en"

ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ ခံစစ် ကစားသမား 5 ဦးနဲ့ ပွဲထွက် လာခဲ့ပေမဲ့ အကောင်းဆုံး ခုခံနိုင်စွမ်း မရှိခဲ့ကြပါဘူး ။

လီဗာပူးအတွက် သွင်းဂိုးတွေကို တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဒီယက်ဇ် ၊ ဆာလာ (2 ဂိုး) ၊ မာနေး တို့က သွင်းယူပေးခဲ့ကြပါတယ် ။

data-language="en"

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန််း က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပွဲချိန် 10 မိနစ်မှာ လူစားဝင်

ကစားပေးခဲ့တဲ့ လင်ဂတ် ၊ တိုက်စစ််မှူး ရပ်ရှ်ဖို့ နဲ့ ဗဟို ခံစစ်မှူး မက်ဂွားယား တို့ကို ဝေဖန်ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

” ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အများကြီး ကြားခဲ့ပြီးပါပြီ ။ အကြိမ်ပေါင်း များစွာပါပဲ ။

ရှုံးပွဲ ကြုံတွေ့ရတယ်ဆိုတာက တကယ်ပဲ ခံစားရခက် ပါတယ် ။ ပွဲပြီးတိုင်း မီဒီယာရဲ့ အရှေ့ကို သွားရပါတယ် ”

” အင်တာဗျူးတဲ့ အခါတိုင်းမှာလည်း ကျွန်တော်တို့ဟာ တူညီတဲ့ စကားသံတွေပဲ ကြားနေခဲ့ရပါတယ် ။

ကျွန်တော်တို့ အသင်း တစ်သင်းလို စုဖွဲ့ ကစားဖို့ လိုအပ်ပါတယ် ၊ ကျွန်တော်တို့ အခုထက်

ပိုကောင်းနိုင်ခဲ့သင့် ပါတယ် ဆိုတဲ့ စကားတွေပေါ့ ။ ဒါပေမဲ့ အခုထိ မမြင်ရသေးပါဘူး ”

” ဖာနန်ဒက်စ် က ပါရမီကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ ဒီအတွက် သံသယ ဖြစ်စရာ အကြောင်း မရှိပါဘူး ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်မှာ အသင်း တစ်သင်း ရှိမနေပါဘူး ။ သူတို့ အသင်းမှာ တစ်ကိုယ်တော် စွမ်းရည် ကောင်းတဲ့ ကစားသမားတွေပဲ ရှိကြပါတယ် ”

” သူတို့ အစွမ်းပြနိုင်တဲ့ ပွဲစဥ်တွေမှာ အသင်းဟာ ရလဒ်ကောင်းလေ့ ရှိတတ်ပြီး အခက်တွေ့တဲ့

အခါတွေမှာတော့ ပေးဆပ်ခဲ့ရတာချည်းပါပဲ ။ သူတို့ဆီမှာ ကျွန်တော်တို့ လိုချင််ကြတဲ့

အသင်းစိတ်ဓါတ် ရှိမနေပါဘူး ။ ကျွန်တော်တို့က ပါရမီကောင်းတယ်ပဲ ပြောနေကြတာပါ ။ ဒါပေမဲ့ တကယ််တမ်း အသုံးမတည့်ပါဘူး ”

” လွန်ခဲ့တဲ့ လ အနည်းငယ်ထဲက သူတို့ ပါရမီကောင်းကြတယ် ဆိုတဲ့ စကားတွေ ကျွန်တော်တို့

ပြောခဲ့ပြီးကြပါပြီ ။ ဒါပေမဲ့ သူတို့ ထင်သလောက် မကောင်းကြသေးပါဘူး ။ သူတို့ဆီမှာ

တိုက်ရဲခိုက်ရဲတဲ့ စိတ်ဓါတ် နဲ့ စွမ်းအင် လိုအပ်ပါတယ် ။ ဒီနေ့ ကွင်းလယ်မှာ အဲ့တာကို မြင်ခဲ့ပြီးပါပြီ ”

” ဂျက်စီ လင်ဂတ် က ယူနိုက်တက် ကို ကယ်တင်ဖို့ ဝင်လာခဲ့ပါတယ် ။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ 2 နှစ်ထဲက အသင်းမှ ထွက်ခွာခဲ့သင့်သူ တစ်ဦးပါ ။

သူဟာ ယူနိုက်တက် အသင်း အတွက် လုံလောက်စွာ ကောင်းမွန်တဲ့ ကစားသမား တစ်ဦး မဟုတ်ပါဘူး ”

” ရပ်ရှ်ဖို့ ကလည်း တိုက်စစ်မှာ ကလေး တစ်ယောက်လို ကစားနေခဲ့ပါတယ် ။ အထောက်အပံ့လည်း မရခဲ့ပါဘူး ။

သူဟာ ပထမပိုင်းမှာတော့ ဂိုးသွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ထိချက် ညံ့ခဲ့ပါတယ် ။ တကယ့်ကို စိတ်ပျက်စရာပါပဲ ”

” ခံစစ်ပိုင်းမှာ ကျွန်တော်တို့ မက်ဂွားယားကို ကူညီပေးဖို့ ကြိုးစားခဲ့ကြပါတယ် ။ သူရဲ့ ဘောလုံး ပေးပို့မှု နဲ့

ခံစစ်ပိုင််း ကစားပုံက လက်ခံစရာ မရှိခဲ့ပါဘူး ။ ယူနိုက်တက် အတွက်် လုံလောက်စွာ မကောင်းခဲ့ပါဘူး ။

စကား တစ်ခွန်း ထပ်ပြောရပါဦးမယ် ၊ ယူနိုက်တက်ကို ပြန်လည် တည်ဆောက််ဖို့ လိုအပ်နေပါပြီ ” လို့ ရွိုင်ကိန်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here