
အရေးတော်ကြီးအောင်မြင်ဖို့နေလည်၁၂နာရီမှည၇နာရီဘာမှမစားဘဲသစ္စာဂတိပြုနေတဲ့မင်းသားဟိန်းထက်
သရုပ်ဆောင်ဟိန်းထက်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူ
အမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ
အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်အမှုဖွင့်ထားခြင်းခံရပြီး
ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ဟိန်းထက်ကအရေးတော်ကြီးအောင်မြင်ဖို့နေ
လည်၁၂နာရီမှည၇နာရီဘာမှမစားဘဲသစ္စာဂတိပြုနေတဲ့အကြောင်းကိုအခုလိုရေးသားဖော်ပြထားပါတယ်နော်။
သရုပ်ဆောင်ဟိန်းထက်ကအကျွန်ုပ်သည်နေ့လည် ၁၂နာရီမှည၇နာရီထိအစာ
မစားရေမသောက်ပဲစားသောက်ချင်စိတ်လောဘကို၇နာရီတိတိထိန်းချုပ်
သည်းခံ၍သတိနဲ့နေခဲ့ပါတယ်၊ဒါန၊သီလ၊ဘာဝနာ ၃မျိုးလုံးကျင့်ကြံအားထုတ်ခဲ့ပါသည်။
ဤမှန်ကန်သောသစ္စာစကားကြောင့်ဓမ္မမြတ်နိုးသူတွေအောင်မြင်ပါစေ၊အဓမ္မ
မြတ်နိုးသူတွေဓမ္မမြတ်နိုးပါစေ၊သတ္တဝါအားလုံးအေးချမ်းပါစေ၊မြန်မာပြည်ကြီး
ငြိမ်းချမ်းပါစေ၊ကပ်ဘေးအပေါင်းမှကင်းဝေးပါစေဆိုပြီးရေးသားဖော်ပြထားပါတယ်
၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
crd