
မန်ယူအသင်းဟာ လီဗာပူးကို ရင်ဆိုင်ဖို့ ၃-၅-၂ ကစားကွက်ကို အသုံးပြုကာ ဗဟိုခံစစ်ကစားသမား
၃ယောက်နေရာမှာ လင်ဒီလော့ဒ်၊ဖီးဂျုံးနဲ့ မက်ဂွိုင်းယားတို့ကိုအသုံးပြုခဲ့ပါတယ်။
တောင်ပံခံစစ်မှာတော့ ဒါးလော့ဒ်နဲ့ ဘစ်ဆာကာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊
ပေါ့ဂ်ဘာနဲ့ တိုက်စစ်အတွက် အီလန်ဂါနဲ့ ရက်ဖို့ဒ်တို့ကို အသုံးပြူခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ဂျော်ဂျီယာရဲ့ အမွှာမွေးတုန်းက တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဒီပွဲမှာ ပါဝင်လာခြင်းမရှိပါဘူး။
နည်းပြရန်းနစ်ဟာ လီဗာပူးကို ပိတ်ဆော့ဖို့ စီစဥ်လာပေမယ့် ပွဲချိန်၅ မိနစ်မှာပဲ ဆာလတ်ရဲ့ ထိုးပေးမှုကတဆင့် ဒီယက်က ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
နောက်ထပ်သွင်းဂိုးကိုတော့ မာနေးရဲ့ လှပတဲ့ ဖြတ်တင်မှုကတစ်ဆင့် ဆာလတ်က အသာအယာပိတ်သွင်းကာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ရယူခဲ့ပါတယ်။
ပထမပိူင်းမှာတော့ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ မန်ယူအသင်း ရှုံးနိမ့်နေပါတယ်။ဒုတိယပိုင်းမှာလည်း
ဒီယက်ရဲ့ ဖန်တီးမှုကတစ်ဆင့် မာနေးက ဂိုးသွင်းကာ တတိယမြောင်ဦးဆောင်ဂိုးကိုရယူသွားပါတယ်။
နောက်ဆုံးဂိုးကတော့ မက်ဂွိုင်းယားရဲ့ ညံ့ဖျင်းတဲ့ပေးပို့မှုကြောင့် လီဗာပူးစီရောက်သွားပြီး
ဂျိုတာရဲ့ ဖန်တီးမှုကတဆင့် ဆာလတ်က ဒီဂီယာကို အသာအယာကျော်ကျပြီး သွင်းယူသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာတော့ မန်ယူအသင်းဟာ လီဗာပူး လုပ်သမျှခံနေရပြီး ကွာဟလှတဲ့ နှစ်သင်းကြားက
အရည်အချင်းတွေကို ပြသခဲ့ပါတယ်။မက်ဂွိုင်းယားကတော့ ပွဲတိုင်းဝေဖန်ခံနေရတာကို တိုးတက်မလာပဲ
အမြဲတမ်းတလွဲလုပ်နေဆဲပါ့ပဲ။ရော်နယ်ဒိုမပါတဲ့ တိုက်စစ်ကတော့ အဆိပ်မရှိတဲ့ မြွေတစ်ကောင်လို
ဘာမှကို မလုပ်နိုင်ခဲ့ပါဘူး။ဘောလုံးပိုင်ဆိုင်မှုကလည်း ၇၂%နဲ့ ၂၈% ထိကွာဟနေတာပါ။
မန်ယူအသင်းအနေနဲ့ နည်းပြသစ်တန်ဟန်လက်ထပ်မှာ အများကြီးပြုပြင်ပြောင်းလဲပြီး
နှစ်အနည်းငယ်အချိန်ပေးကာ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေကို ယှဥ်နိုင်ဖို့ ကြိုးစားရမှာပါ။
မန်ယူအသင်းဟာ နောက်အပတ်မှာ အာဆင်နယ်နဲ့ နောက်ပွဲက ချဲလ်ဆီးတို့ကို ပွဲကျပ်အဖြစ်
ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲတွေကပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲတွေဖြစ်လာနိုင်ပါတယ်။
HH