
ပရိသတ်ကြီးရေ မင်းသမီး ပိုင်ဖြိုးသု ဟာဆိုရင်တော့ တော်လှန်ရေးစတင်ချိန်မှစ၍ လက်ရှိအချိန်ထိ
အာဏာရှင်ကို တွန်းလှန်နေဆဲဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့်
လွတ်မြောက်နယ်မြေမှာ တိမ်းရှောင်နေရပါတယ်။ မကြာသေးခင်ကပဲ သူမရဲ့မိဘတွေက သတင်းစာမှ
သမီးအဖြစ်မှ အမွေဖြတ်စွန့်ပစ်လိုက်တဲ့ သတင်းကိုပရိသတ်ကြီးလည်း ကြားသိမှာပါပဲနော်။
ဒါကြောင့် ပိုင်ြဖိုးသု ရဲ့အနုပညာရှင်မောင်နှမတွေနဲ့ ပတ်သတ်တွေက သူမအတွက်
စိတ်မကောင်းဖြစ်နေကြပါတယ်။ မိဘတွေအမွေဖြတ်စွန့်လွှတ်တဲ့တိုင်အောင် ပိုင်ဖြိုးသု ဟာ
ယုံကြည်ချက်ကိုခိုင်ခိုင်ထားပြီးတော့ ဒီမိုကရေစီပန်းတိုင်အတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲပင်ဖြစ်ပါတယ်။
” ဒီတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ ဘယ်တော့မှာအိမ်ပြန်လို့မရတော့တဲ့သူတွေရှိတယ်….
အိုးပစ်အိမ်ပစ် တောခိုသွားရသူတွေရှိတယ်…. အိုးအိမ်စွန့်ခွာ ပုန်းနေပြေးနေရသူတွေရှိတယ်….
ကိုယ့်ပင်ကိုယ်အသက်မွေးဝမ်းကြောင်းတွေကိုစတေးပစ်လိုက်ရတဲ့ CDMဝန်ထမ်းတွေရှိ
တယ်….တော်လှန်ရေး ရက်ရှည်လာလို့ အားလုံးပင်ပန်းလာကြပြီဆိုတာနားလည်ပါတယ်…အလှူရှင်တွေ
ပမ်းကြရောပေါ့…ဒါပေမယ့် အားမလျှော့လိုက်ကြပါနဲ့…လွှတ်မချလိုက်ကြပါနဲ့ဦးနော်…အိမ်မပြန်
နိုင်တော့သူတွေရဲ့ အသက်တွေအချည်းနှီးမဖြစ်စေဖို့…အိမ်ကိုစွန့်ခွာလာရသူတွေအိမ်ပြန်နိုင်ဖို့
…မိမိ careerတွေစတေးခဲ့ရသူတွေလူမှန်နေရာမှန်ပြန်ရောက်နိုင်ဖို့ဆက်လက်ကူညီပေးကြပါ…
ငွေအားနဲ့မကူနိုင်တော့ရင်တောင် အချိန်လေးတွေရရင်ရသလိုပေးလှူပေးကြပါ… * Click2donate ရဲ့
daily missionတွေပါဝင်ပေးကြပါ… * ThaDin appလေးသုံးပြီး သတင်းတွေဖတ်ပေးကြပါ…
*game ဆော့ရတာကြိုက်သူတွေအတွက် SuYadanar’sAdventures, Play2Support PDFHero တွေမှာ
game တွေဝင်ဆော့ပေးကြပါ ငါတစ်ယောက် လက်လျှော့လိုက်လို့ဘာမှမထူးပါဘူးမထင်ပါနဲ့…
အဲ့တစ်ယောက် တစ်ယောက်ချင်းတွေများလာလေလေ တစ်ချို့ တစ်ချို့တွေအတွက်အိမ်ပြန်ဖို့
လမ်းတွေဝေးလေလေဖြစ်နေလို့ပါ…” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
ကဲ…ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ မင်းသမီး ပိုင်ြဖိုးသု ရဲ့တောင်းဆိုချက်အတိုင်း
သူမပြောတဲ့နည်းလမ်းေလးတွေနဲ့ အချိန်လေးပေးပြီး လှူဒါန်းခဲ့ပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့
ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အြမန်ဆုံးကင်းဝေးပါစေ။