Home Sport တန်းဆင်းသွားတဲ့ ဒါဘီအသင်းမှာ ဆက်နေဦးမှာဆိုတဲ့ မေးခွန်းတွေကို ပြတ်ပြတ်သားသားဖြေပေးခဲ့တဲ့ ရွန်းနီ

တန်းဆင်းသွားတဲ့ ဒါဘီအသင်းမှာ ဆက်နေဦးမှာဆိုတဲ့ မေးခွန်းတွေကို ပြတ်ပြတ်သားသားဖြေပေးခဲ့တဲ့ ရွန်းနီ

0
တန်းဆင်းသွားတဲ့ ဒါဘီအသင်းမှာ ဆက်နေဦးမှာဆိုတဲ့ မေးခွန်းတွေကို ပြတ်ပြတ်သားသားဖြေပေးခဲ့တဲ့ ရွန်းနီ
data-language="en"

ဒါဘီ ကောင်တီ အသင်းရဲ့ နည်းပြ ဝိန်းရွန်းနီ က သူဟာ အသင်းကို ပျော်ရွှင်စရာ နေ့ရက်တွေ

data-language="en"

ပြန်လည် ရောက်ရှိလာအောင် စွမ်းဆောင်ပေးလို ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒါဘီ ဟာ ယမန်နေ့ ညက ပွဲစဉ် အပြီးမှာ ချန်ပီယံရှစ် ကနေ တန်းဆင်း သွားခဲ့ရပြီး လာမယ့်

data-language="en"

ရာသီမှာ လိဂ်ဝမ်း ကို သွားရောက် ယှဉ်ပြိုင် ရတော့မှာပဲ ဖြစ်ပါတယ် ။

ဒါဘီ ဟာ ကျူပီအာ အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့ပြီး ရီးဒင်း က ဆွမ်းဆိ နဲ့ ၄ ဂိုးစီ သရေ ကျခဲ့တာကြောင့် ရွန်းနီ ရဲ့ အသင်းဟာ တန်းဆင်းဖို့ သေချာ သွားခဲ့ရ ပါတယ် ။

data-language="en"

ဒါဘီ ကောင်တီ ဟာ ဒီရာသီမှာ ဘဏ္ဍာရေး ဆိုင်ရာ စည်းကမ်းတွေ နဲ့ ကိုက်ညီမှု မရှိတာကြောင့်

ရမှတ် ၂၁ မှတ် အထိ ပြစ်ဒဏ်ပေး လျော့ချ ခံခဲ့ရပြီး သေချာပေါက် တန်းဆင်း ရလိမ့်မယ်လို့ သုံးသပ် ခံခဲ့ရ ပါတယ် ။

ရွန်းနီ ဟာ အခြေမလှ ဖြစ်တဲ့ ဒါဘီ အသင်းမှာ လက်ထောက် နည်းပြ အဖြစ် စတင် ခဲ့ပြီး

နည်းပြ ဖိလစ် ကိုကူး ထုတ်ပယ် ခံရချိန် မှာတော့ အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ ပါတယ် ။

ရွန်းနီ ရဲ့ လက်ထက်မှာ ဒါဘီ ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်မှုတွေ ရှိလာခဲ့ပြီး အရေးပါတဲ့ နိုင်ပွဲ အချို့လည်း ရယူနိုင်ခဲ့ ပါတယ် ။

ဒေဝါလီ ခံရလုနီး ဖြစ်နေတဲ့ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် လူကောင်းတွေ

မခေါ်ယူ နိုင်ခဲ့ ပေမယ့်လည်း ရွန်းနီ ဟာ လူငယ် ကစားသမားတွေ ၊ အငှား ခေါ်ယူမှုတွေ နဲ့ အသင်းကို

တည်ဆောက် ပေးခဲ့ပြီး ရာသီကုန်ဖို့ ၃ ပွဲလိုတော့တဲ့ အချိန်ထိ တန်းမဆင်းရအောင် စွမ်းဆောင်ပေး နိုင်ခဲ့ ပါတယ် ။

ဒါဘီ ဟာ ကျူပီအာ ကို ရှုံးနိမ့်သည့်တိုင် တန်းဆင်းရဖို့ မသေချာသေးဘဲ ရွန်းနီ ကိုယ်တိုင်လည်း

တန်းဆင်း သွားရမှုကို ဥမင်ထဲ ရောက်မှသာ အင်တာဗျူးသူ သတင်းထောက်တွေက တဆင့် သိရှိခဲ့ရတာ ဖြစ်ပါတယ် ။

ဒါဘီ အတွက်တော့ ၁၉၈၅-၈၆ ရာသီ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် အင်္ဂလန် ရဲ့ တတိယတန်း လိဂ် ကို ပြန်လည် ဆင်းသက်ခဲ့ရတာပါ ။

တန်းဆင်းသွားရတဲ့ ခံစားချက်ကို မေးမြန်းရာမှာတော့ “ဆိုးပါတယ် ၊ ဒါက တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ပါ ၊ ဘာလို့လည်း ဆိုတော့

အသင်းတသင်း အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင် ခဲ့တာတွေ ၊ ဖြတ်သန်း ခဲ့တာတွေက အပေါင်း လက္ခဏာဆောင်မှုတွေ များခဲ့လို့ ပါပဲ”

“မှန်ပါတယ် ၊ ကျွန်တော်တို့ တန်းဆင်းရပါပြီ ၊ ဒါပေမယ့် ဘယ် တန်းဆင်း အသင်းကမှ အခုလောက်ထိ ပရိသတ်တွေ ရဲ့ နှစ်သက် အားပေး သဘောကျမှုကို မခံခဲ့ ဖူးပါဘူး ။

ဒါကမှ တကယ့် မယုံနိုင်စရာကောင်းတဲ့ ရယူနိုင်မှုပါ ။ တန်းဆင်းရတာကတော့ စိတ်ပျက်စရာ ၊ ဝမ်းနည်းစရာကောင်းတာ အမှန်ပါပဲ”

“ဒါပေမယ့် ကျွန်တော့ လူတွေအတွက် ဂုဏ်ယူပါတယ် ။ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ပြ နိုင်လုနီးအထိ ကျွန်တော်တို့ ရောက်ခဲ့ ကြတာပါ ။

အခုလည်း ရှေ့ဆက်ပြီး ကြိုးစား သွားကြဦးမှာပါပဲ” လို့ ရွန်းနီ က ဖြေကြား သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး သူ့ရဲ့ အနာဂါတ် အစီအစဉ် ကိုလည်း ရွန်းနီ က ဆက်လက်ပြောဆိုခဲ့ ပါတယ် ။

ဒါဘီ အသင်း တန်းဆင်း သွားရပေမယ့် ရွန်းနီ ကတော့ သူ့ဘဝရဲ့ ပထမဆုံး နည်းပြတဲ့ အသင်းနဲ့ အတူ

လိဂ်ဝမ်း ကို လိုက်ပြီး တန်းပြန်တက် လာအောင် တိုက်ပွဲဝင်သွားဖို့ ဆန္ဒ ရှိနေကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဖြစ်နိုင်ရင် ( အသင်းပိုင်ရှင်သစ် က ခွင့်ပြုမယ်ဆိုရင် ) ကျွန်တော် ဆက်နေချင် ပါတယ် ။ ဒီအသင်းကို

ပြန်ပြီး တည်ဆောက်ဖို့ စိတ်ကူးတွေ အများကြီး ရှိပါတယ် ။ ကျွန်တော် ဒါဘီ နဲ့ ဖြတ်သန်းလာတဲ့

ရက်သတ္တပတ် တိုင်းမှာ ပရိသတ်တွေ သူတို့ အသင်းအပေါ် ဘယ်လောက်ထိ မေတ္တာရှိကြတယ် ဆိုတာကို တွေ့ခဲ့ရပြီး ပါပြီ ။

သူတို့ ဆီကို ပျော်ရွှင်စရာ နေ့ရက်တွေ ပြန်ပြီး ယူဆောင်လာပေး ချင်ပါတယ်” လို့ ရွန်းနီ က ပြောဆိုခဲ့ ပါတယ် ။

ဒါဘီ ဟာ ဒေဝါလီ မခံရဖို့ အတွက် အသင်းပိုင်ရှင်သစ် ကို အမြန်ဆုံး ရှာဖွေနေပြီး ပိုင်ရှင်သစ် ဖြစ်လာဖို့

နီးစပ် ခဲ့တဲ့ ခရစ် ကရစ်ရှနာ ဟာ သူ့ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို တရားဝင်ပြသ နိုင်မှု မရှိတာကြောင့် ဒါဘီ ကို မဝယ်ယူနိုင်ခဲ့ ပါဘူး ။

ရွန်းနီ ကတော့ ဒါဘီ ဟာ ပိုင်ရှင်ဟောင်း မဲလ်မောရစ် လုပ်ခဲ့တဲ့ အရာတွေ အတွက် ပြန်ပြီး

ပေးဆပ် နေရတယ်လို့ ပြစ်တင်ပြောဆိုခဲ့သလို ပိုင်ရှင်သစ် အမြန်ဆုံး ရဖို့လည်း အရေးကြီးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကစားသမားတွေ အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ ၅၂ မှတ်ရအောင်

ကစားနိုင်ခဲ့တာပါ ၊ ဒါပေမယ့် ရှေ့က ပိုင်ရှင် ရဲ့ လုပ်ရပ်ကို အသင်းက ခံစား ပေးဆပ်လိုက်ရတာပါပဲ ။

အခု ပိုင်ရှင်သစ်ရောက်လာဖို့ က အရေး အရမ်းကြီးနေပါပြီ ၊ ဖြစ်နိုင်သမျှ မြန်မြန်လေး ဖြစ်စေချင် ပါတယ် ။

ဒါမှ အသင်းကို ပြန်ပြီး တည်ဆောက်ဖို့တွေ ၊ ရေရှည် စီမံကိန်းတွေ အတွက် အစီအစဉ်တွေ မြန်မြန် ချမှတ် နိုင်မှာပါ”

“လာမယ့်ရာသီမှာ ကျွန်တော်တို့ ဘယ်မှာ ကစားရမယ် ဆိုတာ သိထားပြီး သွားပါပြီ ။ အဲ့ဒိ အတွက် နွေရာသီမှာ

လုပ်စရာတွေ အများကြီး ရှိပါတယ် ။ ပိုင်ရှင်သစ် အမြန်ဆုံး ရောက်လာဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်” လို့ ရွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။

crd:SPORTS MYANMAR

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here