Home Sport ချဲလ်ဆီးကြောင့် ဒုက္ခရာက်တော့မယ့် မန်ယူနဲ့ တန်းဆင်းသွားဖို့သေချာတဲ့ ရွန်းနီရဲ့ဒါဘီ စတဲ့နောက်ဆုံးရ မန်ယူသတင်းတိုများ

ချဲလ်ဆီးကြောင့် ဒုက္ခရာက်တော့မယ့် မန်ယူနဲ့ တန်းဆင်းသွားဖို့သေချာတဲ့ ရွန်းနီရဲ့ဒါဘီ စတဲ့နောက်ဆုံးရ မန်ယူသတင်းတိုများ

0
ချဲလ်ဆီးကြောင့် ဒုက္ခရာက်တော့မယ့် မန်ယူနဲ့ တန်းဆင်းသွားဖို့သေချာတဲ့ ရွန်းနီရဲ့ဒါဘီ စတဲ့နောက်ဆုံးရ မန်ယူသတင်းတိုများ
data-language="en"

မန်ချက်စတာ ယူနိုက်တက် ဟာ အဲရစ် တန်ဟတ် ကို နည်းပြသစ် အဖြစ် ခန့်အပ် နိုင်တော့မယ်လို့ ယမန်နေ့ ညပိုင်းက သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

data-language="en"

ယူနိုက်တက် ဘုတ်အဖွဲ့ နဲ့ တန်ဟတ် တို့ အကြားမှာ သဘောတူညီချက် ရရှိ ခဲ့ပြီး လက်ရှိ လုပ်ကိုင် နေတဲ့ နယ်သာလန် ကလပ် အိုင်ယက်စ် နဲ့

စာချုပ်ကို ယူရို ၂ သန်း ပေးချေကာ ဖျက်သိမ်းပေးဖို့ ကိုလည်း ယူနိုက်တက် ဘက်က သဘောတူညီခဲ့ ပါတယ် ။

data-language="en"

တန်ဟတ် ဟာ ယူနိုက်တက် မှာ ၂၀၂၆ သို့မဟုတ် ၂၀၂၅ နဲ့ တနှစ်သက်တမ်းတိုး စာချုပ် တခုခုကို ချုပ်ဆို သွားမယ်လို့လည်း ဖာဘရီဇီယို ရိုမာနို က ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ FA Cup ဗိုလ်လုပွဲ တက်ရောက်မှုဟာ မန်ချက်စတာ ယူနိုက်တက် အပေါ်

data-language="en"

အခက်တွေ့ သွားစေခဲ့ ပါတယ် ။ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ဟာ ပွဲစဉ် ၃၇ မှ ဆုံတွေ့မှာ ဖြစ်ပေမယ့်

အဆိုပါ ရက်သတ္တပတ်မှာ FA Cup final ကစားမှာ ဖြစ်တာကြောင့် ပွဲရက် ကို ရှေ့တိုးစီစဉ် ပေးခဲ့ပါတယ် ။

ဒီလို စီစဉ်မှုကြောင့် ယူနိုက်တက် ဟာ လီဗာပူး ၊ အာဆင်နယ် နဲ့ ချဲလ်ဆီး တို့ကို ၁၀ ရက် အတွင်းမှာ ဆက်တိုက် ကစားဖို့ ဖြစ်သွားခဲ့ရ ပါတယ် ။

ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ ရွိုင်ကင်း က သူဟာ နည်းပြ လောကထဲကို

ပြန်လည် ဝင်ရောက်တော့မှာ မဟုတ်ပါဘူးလို့ အတည်ပြု ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဝိန်းရွန်းနီ ကိုင်တွယ် နေတဲ့ ဒါဘီ ကောင်တီ အသင်းဟာ မနေ့ညက ပွဲစဉ် အပြီးမှာ ချန်ပီယံရှစ် ကနေ လိဂ်ဝမ်း ကို တန်းဆင်း သွားခဲ့ရ ပါတယ် ။

ဒါဘီ ဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု မရှိတာကြောင့် ဒီရာသီမှာ ၂၁ မှတ်အထိ လျော့ချ ခံရပြီး ယှဉ်ပြိုင် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဇနီးသည် ဂျော်ဂီနာ တို့ဟာ

ပြီးခဲ့တဲ့ နှစ်တုန်းက သားယောက်ျားလေး တယောက်ကို မွေးဖွားစဉ် အတွင်း ဆုံးရှုံး ခဲ့ရတယ်လို့ ဖွင့်ဟ ပြောပြ သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာလည်း မနေ့က မော်တော်ကား

မတော်တဆမှု ဖြစ်ပွားခဲ့ ပေမယ့် ကြီးမားတဲ့ ဒဏ်ရာ ရရှိမှု မရှိဘဲ ကံကောင်း ခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . ။

crd:SPORTS MYANMAR

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here