Home Sport သူ့ဘဝရဲ့ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုကို မနေ့ညက ရင်ဖွင့်ငိုကြွေးခဲ့တဲ့ ရော်နယ်ဒို

သူ့ဘဝရဲ့ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုကို မနေ့ညက ရင်ဖွင့်ငိုကြွေးခဲ့တဲ့ ရော်နယ်ဒို

0
သူ့ဘဝရဲ့ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုကို မနေ့ညက ရင်ဖွင့်ငိုကြွေးခဲ့တဲ့ ရော်နယ်ဒို
data-language="en"

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ နှစ် အတွင်းက သူ့ဘ၀ ရဲ့

data-language="en"

ကြေကွဲ ဝမ်းနည်းစရာ အကောင်းဆုံး အဖြစ်တခုကို ကြုံတွေ့ ခဲ့ရတယ်လို့ ဖွင့်ဟ လာခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ ဇနီးသည် ဂျော်ဂီနာ ဟာ ကိုယ်ဝန်လွယ် ထားရပြီး အမွှာ ကလေး ၂ ယောက်ကို မွေးဖွားဖို့ စီစဉ် ခဲ့ပါတယ် ။

data-language="en"

ဒါပေမယ့် ကံမကောင်းစွာ နဲ့ သားယောက်ျားလေး တယောက် ဟာ မွေးဖွားချိန်မှာ

ကွယ်လွန် သွားခဲ့ပြီး သမီးငယ်လေး ကတော့ ကောင်းမွန်စွာ မွေးဖွား နိုင်ခဲ့ပါတယ် ။

data-language="en"

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ တုန်းက ရိုနယ်ဒို နဲ့ ဇနီးသည်တို့ဟာ အမွှာရင်သွေးယူဖို့ စိတ်ကူးထားကြောင်း

ပြောခဲ့သလို ဒီဇင်ဘာတုန်းကလည်း အမွှာ ၂ ဦး မွေးဖွားမယ့်အကြောင်း ပြောပြခဲ့ဖူးပါတယ် ။

အခုအချိန်မှာတော့ ရိုနယ်ဒို နဲ့ မိသားစုဟာ ကြေကွဲ ဝမ်းနည်း စရာ ကောင်းတဲ့ သတင်းကို ဖွင့်ဟ အသိပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

“ကျွန်တော်တို့ရဲ့ သားငယ်လေး ကွယ်လွန်ခဲ့တယ်လို့ အလွန်ပူးဆွေးသောကရောက်တဲ့

စိတ်နဲ့ အသိပေးချင် ပါတယ် ။ ဒါဟာ ကမ္ဘာပေါ်က ဘယ်မိဘ မဆို ခံစားရမယ့် အကြီးမားဆုံးသော ဒဏ်ရာ ပါပဲ ။

သမီးငယ်လေး ကတော့ အသက်ရှင်ခဲ့ ပါတယ် ၊ ဒါကသာလျှင် ကျွန်တော်တို့ ကို မျှော်လင့်ချက် ၊ ပျော်ရွှင်မှုတွေနဲ့ ရှေ့ဆက် နိုင်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့ ပါတယ်”

“ကျွန်တော်တို့ ကို အထူး စောင့်ရှောက်ပြီး ကုသ အားပေး ခဲ့တဲ့ ဆရာဝန်တွေ နဲ့ သူနာပြုတွေ အားလုံးကို ကျေးဇူးတင် ပါတယ် ။

ဒီဆုံးရှုံးမှုဟာ ကျွန်တော်တို့ အားလုံးကို ကြေကွဲဝမ်းနည်း စေခဲ့ပြီး အဲ့ဒိအချိန်တုန်းက အကြောင်းကို မဖွင့်ဟဖို့ ထိန်းသိမ်းထားခဲ့ ပါတယ် ။

ငါ့ရဲ့ သားငယ်လေး ၊ မင်းဟာ ငါတို့ရဲ့ နတ်သားလေးပါပဲ ၊ မင်းကို အဖေတို့ အားလုံး ထာဝရ ချစ်နေမှာပါ” လို့

ရိုနယ်ဒို က သူ့ရဲ့ ဆိုရှယ်မီဒီယာတွေ က တဆင့် အဆိုပါ ကြေကွဲစရာ သတင်းကို ထုတ်ပြန် သွားခဲ့ ပါတယ် ။

ဒီအကြောင်းကို ဖွင့်ဟ အပြီးမှာတော့ ရိုနယ်ဒို ရဲ့ လက်ရှိ အသင်းဖော်တွေ ၊ အသင်းဖော်ဟောင်းတွေ နဲ့

ဘောလုံး လောက က သုံးသပ်တင်ဆက်သူတွေ ၊ နည်းပြတွေ ၊ ပရိသတ်တွေ ဟာ ပေါ်တူဂီသားကြီး ရဲ့

ဆုံးရှုံးမှု အတွက် စိတ်မကောင်း ဖြစ်ကြောင်း ရေးသား ခဲ့ကြပြီး အားပေး စကားတွေ ကိုယ်စီ ပြောဆို ခဲ့ကြပါတယ် ။

ရိုနယ်ဒို နဲ့ ကွင်းထဲမှာ အချိတ်အဆက် မမိဘူးလို့ သတင်းထွက်နေသူ မားကပ် ရက်ဖိုဒ့် ဟာ အစောဆုံး အားပေး သူတွေထဲမှာ ပါဝင်ခဲ့ပြီး

“အကိုတို့ ၊ ဂျော်ဂီနာ တို့နဲ့ အတူ ခံစားရပါတယ် အကိုရေ ၊ စိတ်မကောင်းပါဘူး” လို့ တွစ်တာ မှာ ရေးသားသွားခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ အမ ဖြစ်သူ ကာတီယာ အယ်ဗီရို ၊ ရိုနယ်ဒို နဲ့ အလွန်ရင်းနှီးတဲ့ ကမ္ဘာ့တာတို အပြေးချန်ပီယံဟောင်း အူစိန်ဘော့ ၊

မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း “သင့်ရဲ့ နာကျင်မှုဟာ ကျွနု်ပ်တို့ရဲ့ နာကျင်မှု ပါပဲ ။

သင် နဲ့ သင့်မိသားစု အတွက် ချစ်ခြင်းမေတ္တာ နဲ့ ခွန်အားတွေကို ပေးစွမ်းပါရစေ” လို့ ရေးသားပြီး အားပေးစကား ဆိုသွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ သားကြီး ဂျူနီယာ ကို အငှားကိုယ်ဝန် နဲ့ မွေးဖွားပြီး ရယူခဲ့သလို ၂၀၁၇ တုန်းကလည်း

အီဗာ နဲ့ မက်တီယို လို့ အမည်ရတဲ့ အမွှာလေး ၂ ယောက်ကို အငှားကိုယ်ဝန် နဲ့ပဲ ထပ်မံ မွေးဖွားခဲ့ ပါတယ် ။

အဲ့ဒိနောက်မှာတော့ သူနဲ့ ဂျော်ဂီနာ တို့ဟာ ပထမဆုံး ရင်သွေးကို ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း ပရိသတ်တွေကို အသိပေး သွားခဲ့ ပါတယ် ။

အဲ့ဒိနောက်မှာတော့ ၂၀၁၇ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဂျော်ဂီနာ ဟာ သူမ ရဲ့ ပထမဆုံး ရင်သွေး အဖြစ် သမီးငယ်လေး အလီနာ ကို မွေးဖွားခဲ့ပါတယ် ။

လက်ရှိ မှာတော့ ရိုနယ်ဒို ဟာ ရင်သွေးငယ် ၅ ဦးရဲ့ ဖခင် ဖြစ်လာခဲ့ပါပြီ ။

crd:SPORTS MYANMAR

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here