
ပရိသတ်ကြီးရေ ရွှေထူးကတော့ ပရိသတ်တော်တော်များများရဲ့အားပေးဝန်းရံခံရတဲ့ အဆိုတော်တစ်ဦးပါ…။
ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ရွှေမှုံရတီရဲ့ခင်ပွန်းလည်းဖြစ်ပြီး သူတို့ဇနီးမောင်နှံရဲ့အေးချမ်းသာယာတဲ့
အိမ်ထောင်သည်ဘဝလေးကို ပရိသတ်တော်တော်များများက အားကျနှစ်သက်လျက်ရှိကြတာပါနော်…။
ရွှေထူးနဲ့ရွှေမှုံတို့ကို ချစ်စနိုးနဲ့ရွှေနှစ်ရွှေစုံတွဲလို့လည်း ပရိသတ်တွေကခေါ်ကြပြီး လက်ရှိမှာလည်း
ရွှေနှစ်ရွှေစုံတွဲကတော့အနုပညာအလုပ်တွေကို ရပ်နားထားကြတာပါ…။ အခုလို မြန်မာနှစ်ကူးအတာသင်္ကြန်ကာလမှာ ရွှေထူးကတော့
အပျော်အပါးကိုစွတ့်လွှတ်ကာ ရဟန်းသာသနာ့ဘောင်သို့ဝင်ရောက်ခဲ့တာဖြစ်ပြီး ရွှေမှုံကလည်းပါရမီဖြည့်ပေးခဲ့တာပါ…။
“နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေအားလုံးပြည့်ကြပါစေဗျာ …
ဘေးအန္တရယ်အမျိုးမျိုးကိုလဲ အကောင်းဆုံးကျော်လွှားနိုင်ကြပါစေဗျာ … ကျွန်တော့်ရဲ့
စိတ်ချမ်းသာစရာသင်္ကြန်ကာလမှ ဓာတ်ပုံလေးများကို အမှတ်တရတင်ပရစေခင်ဗျာ …
ခုတော့ ထူးခန့် ဘဝကိုပြန်ရောက်ရှိခဲ့ပါပြီ … ”ဆိုတဲ့စာလေးနဲ့ ကုသိုလ်ယူခဲ့စဉ်ကကြည်နူးစရာပုံရိပ်လေးတွေကို
ဝေမျှခဲ့တာပါ…။ ပရိသတ်တွေလည်း ရွှေထူးရဲ့ ကုသိုလ်ယူခဲ့စဉ်ကပူံရိပ်တွေကို
ကြည့်ရှူနိူင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်…။
crd