
နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်လည်းဖြစ် သလို အဆိုတော် တစ်ယောက်လည်းဖြစ်တဲ့
မင်းမော်ကွန်း ကတော့ စစ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့ အနုပညာရှင်
လူနည်းစုထဲက တစ်ယောက်ပါ။ မင်းမော်ကွန်းဟာ နာမည်ကြီး မင်းသား၊ ချမ်းသာပြည့်စုံတဲ့
မိသားစုဘဝကို ပိုင်ဆိုင်ထားပေမယ့် သူပိုင်ဆိုင်ထားသမျှကို အကုန်စွန့်လွှတ်ပြီး စစ်အာဏာရှင်ကို
ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေတာပဲဖြစ်ပါ တယ်။
နာမည်ကြီးမင်းသား တစ်ယောက်မို့ လူမှတ်မိလွယ်ပြီး တစ်နေရာနဲ့ တစ်နေရာကူးပြောင်းနေထိုင်နေ
ရတဲ့ မင်းမော်ကွန်းဟာ ဒီကနေ့မှာ တော့ သူနေထိုင်ခဲ့ဖူးတဲ့ ဖလူးက ကျောတစ်ခင်းစာ အိပ်ယာလေးကို
ပြသလာပါတယ်။ မင်းမော်ကွန်းက “ဖလူးမှာနေခဲ့ဖူး တဲ့ကျော တစ်ခင်းစာ အိပ်ယာလေးနဲ့
စခဗိုလ်မှူးကိုချိန်ခဲ့ဖူးတဲ့ ဗျောက်ပေါ့။ အဲ့တုန်းထဲက ???လိုက်ရမှာ” ဆိုပြီး ပြောလာခဲ့ ပါတယ်။
မင်းမော်ကွန်း ကတော့ နာမည်ကြီးမင်းသား ဆိုပေမယ့် လူသူမနီး တဲ့တော
တောင် ထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲနေထိုင်ပြီး ပေးဆပ်
တော်လှန်နေတာ မလေးစားပဲနဲ့ကိုမနေနိုင်ပါဘူး။
crd