Home Sport အာဆင်နယ်မှာ လိုနေတာ ရော်နယ်ဒိုလိုကစားသမားပဲဆိုပြီး မန်ယူမှာ သူမရှိရင် ဘာဖြစ်မလဲဆိုတာ အီယန်ရိုက် ဝေဖန်

အာဆင်နယ်မှာ လိုနေတာ ရော်နယ်ဒိုလိုကစားသမားပဲဆိုပြီး မန်ယူမှာ သူမရှိရင် ဘာဖြစ်မလဲဆိုတာ အီယန်ရိုက် ဝေဖန်

0
အာဆင်နယ်မှာ လိုနေတာ ရော်နယ်ဒိုလိုကစားသမားပဲဆိုပြီး မန်ယူမှာ သူမရှိရင် ဘာဖြစ်မလဲဆိုတာ အီယန်ရိုက် ဝေဖန်
data-language="en"

ဂန်းနား ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် က သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရတဲ့ သူ့ရဲ့ အသင်းဟောင်း

data-language="en"

အာဆင်နယ် အသင်းဟာ ခရစ်တီယာနို ရော်နယ်ဒို လို ကစားသမားမျိုးကို လိုအပ်နေတာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် အသင်း ခေါင်းဆောင် ရော်နယ်ဒို ဟာ မနေ့ညက ကစားခဲ့တဲ့

data-language="en"

နောဝှစ်စီးတီး အသင်း နဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူပြီး မန်ယူနိုက်တက် အသင်း နိုင်ပွဲ ရရှိအောင် စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ် ။

ရော်နယ်ဒို ဟာ သူ့ရဲ့ ကစားသမား ဘဝ အကြိမ် ၅၀ မြောက် ဟက်ထရစ် ကို သွင်းယူ နိုင်ခဲ့တာ

data-language="en"

ဖြစ်ပြီး ဒီရာသီမှာ မန်ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ ၂၁ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။

စပါး နဲ့ အာဆင်နယ် အသင်း ရှုံးပွဲ ကြုံတွေ့ရချိန်မှာ မန်ယူနိုက်တက် တို့ အနိုင် ကစားနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့ပါပြီ ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အလားအလာ

အကောင်းဆုံး အသင်း ဖြစ်ခဲ့ပေမယ့်​ နောက်ဆုံး လိဂ်ပြိုင်ပွဲ သုံးပွဲဆက် ရှုံးပွဲ ကြုံထားရပြီး သွင်းဂိုး ရဖို့ ရုန်းကန် နေရပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ ရထားပြီး ၄ ပွဲ အထိ ရှုံးပွဲ ကြုံတွေ့ ထားပါတယ် ။ ဂန်းနား ဂန္တဝင်

အီယန်ရိုက် က အာဆင်နယ် အသင်းမှာ ရော်နယ်ဒို လို ကစားသမားမျိုး လိုအပ်နေကြောင်း Premier League Productions မှာ ပြောကြား သွားခဲ့ပါတယ် ။

” သူ ရော်နယ်ဒို က မန်ယူနိုက်တက် အတွကိ အနိုင်ဂိုးတွေ သွင်းပြီး တစ်ဦးတည်း ၁၃ မှတ် အထိ ရှာဖွေ ထားနိုင်ပါတယ် ။

ဒါက ရော်နယ်ဒို ဆီက မန်ယူနိုက်တက် ရလိုက်တဲ့ အရာပါပဲ ၊ အာဆင်နယ် အသင်းမှာ လိုအပ်နေတာက သူ့လို ဂိုးတွေ သွင်းပေးနိုင်မယ့် ကစားသမားပါပဲ ။ ”

” ရော်နယ်ဒို သာ မန်ယူနိုက်တက်မှာ ရှိမနေဘူးဆိုရင် မန်ယူနိုက်တက်က ခုရောက်နေတဲ့ နေရာနားကိုတောင် ရောက်နေမှာ မဟုတ်ပါဘူး ။

သူ့ကို ပေးရတဲ့ လစာ အတွက် သူ ပြန်လည် ပေးဆပ် စွမ်းဆောင်ပြထားတာပါ ၊ သူက တကယ့် အံ့ဖွယ် ကစားသမားပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒို ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုး အထိ သွင်းယူ ထားနိုင်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၆ ဂိုး သွင်းယူ ထားနိုင်ပါတယ် ။

crd:SM

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here