Home Sport ရော်နယ်ဒိုကို အကောင်းဆုံးကစားသမားလို့ ချီးကျူးမိလို့ အဂွေရိုးရဲ့ ဝေဖန်ချင်းကို ခံလိုက်ရတဲ့ လူငယ်ကြယ်ပွင့်ဂါနာချို

ရော်နယ်ဒိုကို အကောင်းဆုံးကစားသမားလို့ ချီးကျူးမိလို့ အဂွေရိုးရဲ့ ဝေဖန်ချင်းကို ခံလိုက်ရတဲ့ လူငယ်ကြယ်ပွင့်ဂါနာချို

0
ရော်နယ်ဒိုကို အကောင်းဆုံးကစားသမားလို့ ချီးကျူးမိလို့ အဂွေရိုးရဲ့ ဝေဖန်ချင်းကို ခံလိုက်ရတဲ့ လူငယ်ကြယ်ပွင့်ဂါနာချို
data-language="en"

အာဂျင်တီးနား ကစားသမား တယောက် အတွက်တော့ လီယွန်နယ် မက်ဆီ ကို ကျော်ပြီး

data-language="en"

ခရစ္စတီယာနို ရိုနယ်ဒို ကို အကောင်းဆုံးလို့ တင်စား ပြောဆိုရတာ မလွယ်ကူ ပါဘူး ။

အထူးသဖြင့် လက်ရွေးစင် အသင်းကြီးမှာ အခုမှ ပါဝင်ခွင့် ရထားပြီး မက်ဆီ ၊ အဂွေရို ၊ တိဗက်

data-language="en"

တို့လို ခိုင်မာတဲ့ နေရာ တခု တည်ဆောက်နိုင်အောင် အများကြီး ကြိုးစားဖို့ လိုနေ သေးတဲ့ သူမျိုး ဆိုရင်ပေါ့ ။အဲ့ဒိ လူငယ်လေး ကတော့ အဲလီဂျန်ဒရို ဂါနာချို ပါပဲ ။

ဂါနာချို ဟာ မနေ့ညက အိုးထရက်ဖိုဒ့် ကွင်းကြီး ထဲမှာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အံ့ဖွယ် စွမ်းဆောင်ရည် ကို မျက်ဝါးထင်ထင် တွေ့မြင် ခဲ့ရ ပါတယ် ။

data-language="en"

ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ နောဝှစ်ချ် ကို ၃-၂ နဲ့ အနိုင် ရတဲ့ ပရီးမီးယားလိဂ် ပွဲမှာ ယူနိုက်တက် ရဲ့

သွင်းဂိုး အားလုံးကို သွင်းယူပြီး သူ့ဘ၀ ရဲ့ အကြိမ် ၆၀ မြောက် ဟက်ထရစ် ကို ဖြစ်စေခဲ့ ပါတယ် ။

ပွဲအပြီး မှာတော့ ရိုနယ်ဒို ဟာ ဟက်ထရစ် သွင်းနိုင်တာကြောင့် အိမ်ပြန်သယ်ခွင့် ရခဲ့တဲ့ Match ball ကို ဂါနာချို ထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ ပါတယ် ။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူငယ်လေး တယောက် အတွက်တော့ သူ့ရဲ့ စံပြု ပုဂ္ဂိုလ် တယောက်ဆီကနေ

မထင်မှတ်ဘဲ ရလိုက်တဲ့ လက်ဆောင် အတွက် ပြောမပြ လောက်အောင် အံ့သြ ဝမ်းမြောက်နေမှာ အသေအချာပါပဲ ။

ဒီလို ဝမ်းသာမှုတွေ ကို ဂါနာချို က ဆိုရှယ် မီဒီယာထက်မှာ ဖော်ပြ သွားခဲ့ ပါတယ် ။

သူ နဲ့ ရိုနယ်ဒို တို့ ကွင်းထဲ ကနေ အတူ ထွက်လာတဲ့ ပုံကို ဂါနာချို က ဆိုရှယ် မီဒီယာ ထက်မှာ တင်ခဲ့ပြီး “Greatest of all time” လို့ ခေါင်းစဉ် တပ်သွားခဲ့ ပါတယ် ။

ဒီအရာကို မျက်စိ စပါးမွှေးစူး သွားခဲ့သူ ကတော့ ဆာဂျီယို အဂွေရို ပါပဲ ။

အနားယူထားပြီး ဖြစ်တဲ့ မန်ချက်စတာ စီးတီး ရဲ့ ဂန္ထဝင် တိုက်စစ်မှူးကြီး ဟာ ဂါနာချို ရဲ့ post အောက်မှာ “( မင်းဒီလိုပြောတာ ) ဘာလို့လည်း

ဆိုတော့ မင်း အခုထိ လီယွန်နယ် မက်ဆီ ဆိုတဲ့ အကောင်းတကာ့ အကောင်းဆုံးနဲ့ အတူ မကစားဖူး သေးလို့ပဲကွ” လို့ ဝင်ရောက် ရေးသား သွားခဲ့ပါတယ် ။

ဂါနာချို ဟာ မကြာသေးခင်ကမှ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီး အတွက် ပထမဆုံး အကြိမ် ဆင့်ခေါ် ခံထားရသူ ဖြစ်ပြီး

အခုလို ရေးသားလိုက်တာဟာ စီနီယာဖြစ်တဲ့ မက်ဆီ ကို သွယ်ဝိုက်ပြီး မလေးစားသလို ဖြစ်စေတယ်လို့ အဂွေရို က ယူဆခဲ့ပြီး အခုလို တုန့်ပြန် ရေးသား သွားခဲ့တာ ဖြစ်ပါတယ် ။

စပိန် မှာမွေးဖွား ခဲ့တဲ့ ဂါနာချို ဟာ ဘောလုံးပညာတွေကို အက်သလက်တီကို မက်ဒရစ် အကယ်ဒမီမှာ စတင် သင်ယူခဲ့ ပါတယ် ။

ယူနိုက်တက် လူငယ် အသင်းကို ၂၀၂၀ အောက်တိုဘာမှာ ရောက်လာခဲ့ပြီး လူငယ် ကစားသမား ဘ၀ မှာ စပိန် ရဲ့ သက်တမ်း အလိုက် အသင်းတွေကို ကိုယ်စားပြု ကစားခဲ့ဖူး ပါတယ် ။

ဒါပေမယ့် စီနီယာ အသင်းကို ရွေးချယ် ချိန်မှာတော့ မိခင်ဘက်က အာဂျင်တီးနား ကို ရွေးချယ် ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမယ့် အသင်းအတွက် ဆင့်ခေါ် ခံခဲ့ရပါတယ် ။

ဂါနာချို ဟာ ဘယ်တောင်ပံ မှာ အများအားဖြင့် ကစားသူ တယောက် ဖြစ်ပြီး ပရီးမီးယား အရန်လိဂ် မှာ ယှဉ်ပြိုင် နေတဲ့ ယူနိုက်တက် အသင်းရဲ့ အားကိုးရတဲ့ ကစားသမား တယောက် အဖြစ် ရှိနေခဲ့ ပါတယ် ။

စီနီယာ အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် ရဲ့ ဒဏ်ရာ ရရှိမှုကြောင့် နည်းပြ ရန်းနစ် ဟာ နောဝှစ်ချ် နဲ့ ကစားမယ့် ပွဲမှာ လူငယ် ကစားသမား အချို့ ကို ခေါ်ယူခဲ့ပြီး ဂါနာချို လည်း ပါဝင်လာခဲ့ ပါတယ် ။

လူငယ်လေး ဟာ မနေ့ကပွဲကို အရန်ခုံ ကနေ ကြည့်ရှု လေ့လာခဲ့ပြီး သူ့ရဲ့ အခွင့်အရေး ရရှိလာမယ့် အချိန်ကို စောင့်စားလို့ နေရင်း မထင်မှတ်တဲ့ လက်ဆောင် နဲ့ အိမ်ပြန်ခွင့် ရရှိခဲ့ပါတယ် ။

crd:SPORTS MYANMAR

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here