
ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ နော်ဝှစ်ချ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် ဆုကြေး
ပေါင် ရှစ်သိန်းခွဲအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ စာချုပ်ပါသဘောတူညီချက်အရ ဒီရာသီမှာ
အသင်းအတွက် သွင်းဂိုးပေါင်း ၂၀ ပြည်ေ့မြာက်ခဲ့ပြီဖြစ်လို့ ဆုကြေးငွေအဖြစ် ပေါင် ၇ သိန်းခွဲအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဟက်ထရစ်သွင်းယူနိုင်မှုအတွက် ဆုကြေးပေါင်တသိန်းလည်း ထပ်မံရရှိခဲ့လို့
စုစုပေါင်း ပေါင် ၈ သိန်းခွဲအထိကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ကို ဆုကြေးပေါင်တသန်းအထိ ယူနိုက်တက်က
ချီးမြှင့်မှာလည်းဖြစ်ကာ အဆိုပါဆုငွေကိုလည်း ရော်နယ်ဒိုကပဲ ရရှိနိုင်ဖို့ အခြေအနေကောင်းနေ
ပြီး အနီးကပ်ပြိုင်ဘက်ဖာနန်ဒက်စ်ထက် ၁၂ ဂိုးအထိ အသာစီးရရှိထားပါတယ်။
ဒါတင်မကသေးဘဲ ရော်နယ်ဒိုဟာ ရာသီကုန်မှာ ဂိုးပေါင်း ၃၀ ပြည့်မြောက်အောင်သာ သွင်းနိုင်ခဲ့မယ်ဆိုရင် ပေါင် ၂.၇၅ သန်းအထိ ဆုကြေးငွေ
ရရှိဦးမှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာပြီးနောက် ဝေဖန်မှုတွေကိုပါ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုဟာ အသင်း
အတွက် အရေးကြီးချိန်မှာ အဖိုးတန်အနိုင်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။
စပါးနဲ့ပွဲမှာ ဟက်ထရစ်တကြိမ်ရရှိခဲ့ပြီး ဒီရာသီမှာ သူအတွက် ၂ ကြိမ်မြောက်ဟက်ထရစ်လည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲအနိုင်ရခဲ့လို့ အဆင့်၅ နေရာကို ရောက်ရှိလာခဲ့ပြီး စပါးရဲ့နောက်မှာ ၃ မှတ်
အကွာနဲ့ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာခဲ့ပြီး
လာမယ့် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်တွေက အရေးကြီးလာခဲ့ပြီဖြစ်ပါတယ်။
ခရက် ဒစ်