
မန်ယူအသင်းဟာ ဒီနေ့မှာ ဇယားအောက်ဆုံးကနော့ဝှစ်ကို အပီဖြုတ်မယ်ဆိုပြီး ၄-၁-၄-၁ ကစားကွက်ကိုအသုံးပြုလာပြီး
ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်မှမထည့်ပဲ ပေါ့ဂ်ဘာ၊လင်ဂတ်၊ဖာနန်ဒတ်၊ဆန်ချို တို့ကို
ကွင်းလယ်မှာအသုံးပြုလာပြီး ရော်နယ်ဒိုကို အထောင်တိုက်စစ်မှူးနေရာမှာအသုံးပြုခဲ့ပါတယ်။
ပွဲစပြီး ၇မိနစ်အကြာမှာပဲ နော်ဝှစ်နောက်တန်းကို ဖိအားပေးကာရလာတဲ့ ဘောလုံးကို
အီလန်ဂါရဲ့ပေးပို့မှုကတဆင့်ရော်နယ်ဒိုက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။မန်ယူအသင်းဟာ တစ်သင်းလုံးကို
တိုက်စစ်ဖွင့်ကစားနေပြီး တောင်ပံနှစ်ဖက်ကနေ အတင်းထိုးဖောက်ပြီး ခဏခဏအခွင့်အရေးတွေရနေပါတယ်။
နော်ဝှစ်အသင်းရဲ့တန်ပြန်တိုက်စစ်တွေကိုလည်း လင်ဒီလော့ဒ်ဦးဆောင်ကာ အကောင်းဆုံး
ရှင်းထုတ်နေခဲ့တာမို့ မန်ယူအသင်းက ရှေ့တန်းမှာ ကောင်းကောင်းကို ကစားနိုင်နေပါတယ်။
နောက်ထပ်ဦးဆောင်ဂိုးကိုတော့ တဲလက်စ်ရဲ့ ထောင်ကန်ဘောဖြတ်တင်မှုကနေ ရော်နယ်ဒိုက ချိန်သားကိုက်
ပြေးထွက်ကာ ထပ်မံဂိုးသွင်းယူခဲ့တာဖြစ်ပြီး မန်ယူအသင်းကို ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။
မန်ယူအသင်းဟာ နောက်ထပ်ဂိုးတွေရဖို့ အခွင့်အရေးတွေရှိသေးပေမယ့် ကစားသမားအချင်းချင်း
နားလည်မှုလွဲနေတာကြောင့် ဂိုးထပ်မရခဲ့ပါဘူး။ပထမပိုင်းပြီးခါနီးမှာတော့ နော်ဝှစ်က ဆက်တိုက်ကို ဖိလာနေပြီး
၄၅မိနစ်မှာတော့ မန်ယူကစားသမားတွေအများကြီးထဲကနေ လိမ်ခေါက်ကာ ထွက်လာပြီး
ပတ်ကီရဲ့ဖြတ်တင်ပေးပို့မှုကတစ်ဆင့်ဒိုဝယ်က ဂိုးပြန်လည်သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ၂-၁ ဆိုတဲ့ရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာလဲ တန်ပြန်တိုက်စစ်ကပေါက်ထွက်လာတဲ့ ဘောလုံးကို ပတ်ကီကပဲ လှလှပပကန်သွင်းပြီး နော်ဝှစ်အတွက်ခြေပဂိုးကို သွင်းယူခဲ့ပါတယ်။
သရေဖြစ်သွားချိန်မှာတော့ မန်ယူအသင်းဟာ တိုက်စစ်ကိုဖိဖိစီးစီးကစားပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်
တန်ပြန်တိုက်စစ်က နောက်တစ်လုံးကို ဒီဂီယာကာကွယ်နိုင်လို့သာ နော်ဝှစ်ကို ဦးဆောင်ခွင့်မပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အချိန်တန်ရင် ငါရှိတယ်ဆိုတဲ့ ရော်နယ်ဒိုကပဲ ဖရီးကစ်ကတစ်ဆင့် မန်ယူအတွက် ဦးဆောင်ဂိုးကိုထပ်မံသွင်းယူလိုက်ပြီး ဟတ်ထရစ်ရရှိခဲ့ပါတယ်။
မန်ယူအသင်းကတော့ နော်ဝှစ်ကို ၃-၂ နဲ့အနိုင်ရခဲ့ပြီဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဖက်တွေဖြစ်တဲ့
စပါးနဲ့အာဆင်နယ်တို့ရဲ့ရှုံးနိမ့်မှုတွေကို အခွင့်ကောင်းယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်ခဲ့ပြီဖြစ်ပါတယ်။
HH