Home Sport အသင်းကို စိတ်ပျက်နေကြတဲ့ ပရိတ်သတ်တွေထံ အားရှိစေမယ့်စကားလက်ဆောင်ပါးလိုက်တဲ့ ဖရက်ဒ်

အသင်းကို စိတ်ပျက်နေကြတဲ့ ပရိတ်သတ်တွေထံ အားရှိစေမယ့်စကားလက်ဆောင်ပါးလိုက်တဲ့ ဖရက်ဒ်

0
အသင်းကို စိတ်ပျက်နေကြတဲ့ ပရိတ်သတ်တွေထံ အားရှိစေမယ့်စကားလက်ဆောင်ပါးလိုက်တဲ့ ဖရက်ဒ်
data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် က အသင်းရဲ့ ပရိသတ်တွေဟာ

data-language="en"

အသင်းကို ဆက်လက်် ဝန်းရံပေးကြလိမ့်ဦးမယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနှစ်မှာတော့ စိတ်ပျက်ဖွယ်ကောင်းတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နေခဲ့ရ ပါတယ် ။

data-language="en"

အထူးသဖြင့် ပြီးခဲ့တဲ့ တစ်ပါတ်က တန်းဆင်းဇုန််နား ကပ်နေခဲ့တဲ့ အဲဗာတန် အသင်းကို ရှုံးနိမ့်ခဲ့တာက ပရိသတ်တွေ အတွက် ပေါက်ကွဲစရာ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ရလဒ်ကြောင့် အခုတော့ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယား အဆင့်7 နေရာမှာ ရပ်တည် နေခဲ့ရပြီ

data-language="en"

ဖြစ်သလို ပရိသတ်တွေ မျှော်လင့်နေခဲ့ကြတဲ့ ချန်ပီိယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့လည်း မရေရာတော့တဲ့ အနေအထားကို ပိုင်ဆိုင်နေခဲ့ရပါပြီ ။

အခုတော့ ယူနိုက်တက် တို့ဟာ မနက်ဖြန်မှာ နောဝှစ်ချ် အသင်း နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် လုံးဝ အမှားခံလို့

မရနိုင်တော့တဲ့ ပွဲစဥ်မျိုး ဖြစ်တဲ့ အတွက် ကစားသမားတွေ အနေနဲ့ စိတ်ရောကိုယ်ပါ နှစ်ပြီး အကောင်းဆုံး ကြိုးစားပြဖို့ လိုပါတယ် ။

အခုတော့ အဲဗာတန် နဲ့ ပွဲစဥ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က နောဝှစ်ချ် နဲ့

ပွဲစဥ်အပေါ် မှတ်ချက်ပေးဖို့ အမေးခံလိုက်ရချိန်မှာတော့ အသင်းရဲ့ ပရိိသတ်တွေဆီ မက်ဆေ့ပို့ အမှာစကား ပါးသွားခဲ့လိုက်ပါတယ် ။

” ပရိသတ်တွေဟာ ဒီရာသီမှာ အသင်းဆီကနေ အခုထက််ပိုပြီး လိုချင်တာ ရှိနေတယ်ဆိုတာကို ကျွန်တော် သိပါတယ် ။

သူတို့တွေဟာ ပြိုင်ပွဲစုံမှာ ကျွန်တော်တို့ ကျရှုံးခဲ့တာထက် ပိုကောင်းတဲ့ အဆင့် တစ်ခုဆီ ရောက်ရှိစေလိုကြပါတယ် ”

” အထူးသဖြင့် လိဂ်ဖလား တွေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာပေါ့ဗျာ ။ ကျွန်တော်တို့ ရောက်ခဲ့တဲ့ နေရာထက် ပိုမြင့်တဲ့ နေရာ တစ်ခုဆီ ရောက်ရှိနိုင်ခဲ့သင့် ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ပရိသတ်တွေဟာ ကျွန်တော်တို့ကို ဆက်လက် ထောက်ခံ အားပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ”

” သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အနောက်မှာ အမြဲတမ်း ရှိနေခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်် ။ ကျွန်တော်တို့

အားလုံးလည်း အကောင်းဆုံး လုပ်ပြနိုင်ဖို့ ရည်ရွယ်ထားကြပါတယ် ။ သူတို့တွေ ရှေ့ဆက်ပြီး ကျွန်တော်တို့နဲ့ အတူ ရှိနေကြဦးမှာပါ ”

” ကျွန်တော်တို့ရဲ့ ဘေးမှာ သူတို့ကို ရှိစေချင်ပါတယ် ။ ပုံသေ အော်ဟစ်ရင်း သွင်းဂိုးတိုင်း အတွက် အောင်ပွဲခံတာမျိုး ဖြစ်စေချင်ပါတယ် ။

လာမဲ့ ပွဲတွေမှာလည်း သူတို့ဟာ ကျွန်တော်တို့နဲ့ အတူ ရှိနေကြလိမ့်မယ်လို့ ပြောရဲပါတယ် ” လို့ ဖရက်ဒ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here