
ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တန်းဆင်းဇုန် က နောဝစ်ချ်အသင်းကို
အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဧပြီ ၁၆ ရက်၊ စနေနေ့၊ ည ၈နာရီခွဲမှာ ယှဉ်ပြိုင် ကြမှာပါ။
နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က မန်ချက်စတာ
ယူနိုက်တက်နဲ့ နောဝစ်ချ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ယူနိုက်တက်မှာ ပြဿနာကြီးတွေ ရှိနေပါတယ်။ အဲဗာတန်နဲ့ပွဲတုန်းက သူတို့ရဲ့ စွမ်းဆောင်ရည်က
တကယ့်ကို ထိတ်လန့်စရာကြီးပါ။ ဒီလူစာရင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေလည်း ရှိနေတယ်။
သူတို့က အရည်အချင်းရှိပြီးသား ကစားသမားတွေကို ကွင်းထဲ ပစ်ထည့်ထားပေမယ့်
ဘာဖန်တီးမှုမှ ထွက်မလာဘူး။ ဒါမျိုးက မဖြစ်သင့်ပါဘူး။ပြီးခဲ့တဲ့ ဘန်လေကို အနိုင်ရတဲ့ပွဲမှာတော့
လူတိုင်းက နောဝစ်ချ်ကို အသိအမှတ် ပြုပေးကြတယ်။ ဒီအသင်းက ပွဲတိုင်း မှာလည်း ဆက်ပြီး ယှဉ်ပြိုင်နေပါတယ်။
ဒီပွဲကို ခက်ခဲသွားအောင် နောဝစ်ချ်က ကြိုးစား ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့်လို့ အဆုံးမှာတော့
ယူနိုက်တက်ကပဲ နှာ တစ်ဖျား အသာရသွားမှာဖြစ်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-ဝ နောဝစ်ချ် ဖြစ်ပါတယ်။
crd