Home Sport တန်းမဆင်းနိုင်ဘူးဆိုပြီး အတင်းရုန်းကန်နေတဲ့ နော်ဝှစ်ကို မန်ယူအသင်းနိုင်ပါ့မလားဆိုတာ ခန့်မှန်းသုံးသပ်ပေးခဲ့တဲ့ လော်ရိုး

တန်းမဆင်းနိုင်ဘူးဆိုပြီး အတင်းရုန်းကန်နေတဲ့ နော်ဝှစ်ကို မန်ယူအသင်းနိုင်ပါ့မလားဆိုတာ ခန့်မှန်းသုံးသပ်ပေးခဲ့တဲ့ လော်ရိုး

0
တန်းမဆင်းနိုင်ဘူးဆိုပြီး အတင်းရုန်းကန်နေတဲ့ နော်ဝှစ်ကို မန်ယူအသင်းနိုင်ပါ့မလားဆိုတာ ခန့်မှန်းသုံးသပ်ပေးခဲ့တဲ့ လော်ရိုး
data-language="en"

မန်ယူအသင်းဟာ စနေနေ့ည ၈:၃၀မှာ တန်းဆင်းဇုန်က နော့ဝှစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

data-language="en"

နော့်ဝှစ်အသင်းဟာ ဇယားအောက်ဆုံးကအသင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ အစွမ်းကုန်ကြိုးစားရုန်းကန်နေပါတယ်။

နော်ဝှစ်အသင်းဟာ အရင်အပတ်ကပဲ ဘန်လေကို အိမ်ကွင်းမှာ အနိုင်ယူထားတာဖြစ်လို့

data-language="en"

စိတ်ဓာတ်တက်ကြွနေမှာဖြစ်ပြီး မန်ယူအသင်းကတော့ အရင်အပတ်က အဲဗာတန်ကို အဝေးကွင်းမှာ

ရှုံးနိမ့်ခဲ့တာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း မှုန်ဝါးခဲ့ပြီဖြစ်ပါတယ်။

data-language="en"

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ လော်ရိုးက မန်ယူနိုက်တက်နဲ့ နောဝစ်ချ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” နောဝစ်ချ်ကတော့ တို့လို့တွဲလောင်း အသင်းဖြစ်နေပါတယ်။ သူတို့က အခုထိတော့ အလံဖြူ

မထောင်သေးပါဘူး။ အဲ့တာကိုလည်း ပြီးခဲ့တဲ့အပတ် ဘန်လေကို အနိုင်ယူမှုနဲ့ ပြသထားခဲ့တယ်။

ယူနိုက်တက်ရဲ့ မန်နေဂျာသစ်က တန်ဟက်ဖြစ်လာမယ်လို့ ပြောဆိုမှုတွေ အများကြီး ရှိနေပေမယ့်လို့

ဒီအခြေအနေ မှာတော့ ရန်းနစ်က ယာယီနည်းပြ ဖြစ်နေဆဲ။ ယူနိုက်တက်အတွက် အလုပ်လုပ်နေဆဲပဲ ဖြစ်ပါတယ်။

ဂူဟစ်ဒင့်တုန်းက ချယ်ဆီးကို ယာယီနည်းပြအဖြစ် ၄ လ ကိုင်တွယ်ပြီး အက်ဖ်အေဖလား အနိုင်ယူပြခဲ့တယ်။

ဒါပေမယ့် ချယ်ဆီးက တောင့်တင်းပြီး အသင်းကို လမ်းကြောင်းမှန်ပေါ် ပြေးနိုင်အောင်

အကူအညီပေးဖို့ ယူနိုက်တက်ရဲ့ အဝတ်လဲခန်း ကတော့ မလုံလောက်ဘူးဆိုတာ ရှင်းလင်းပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နောဝစ်ချ်ကို အနိုင်ယူနိုင်သင့်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားသမား

အများစုက အခု အခြေအနေမှာ အရေးကြီးရဲ့လား ဆိုတာမျိုး တွေးနေကြမှာပါ။ မန်နေဂျာသစ်

မရောက်လာခင် အချိန်ထိ အဲဒီ အတွေးတွေက ပြောင်းလဲသွားဖွယ် မရှိပါဘူး။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-ဝ နောဝစ်ချ် ဖြစ်ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here