
အဲရစ် တင်ဟက်က မန်ချက်စတာ ယူနိုက်တက် နည်းပြဖြစ်ဖို့ နီးစပ်လာချိန်ပေါလ် ပေါ့ဘာရဲ့
အနာဂတ်ကလည်း သတင်းခေါင်းကြီးပိုင်းကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ယူနိုက်တက်က အေဂျက်နည်းပြနဲ့ နှုတ်အားဖြင့် သေဘာတူညီမှု ရယူနိုင်ခဲ့တယ်ဆိုတဲ့
နေ့မှာပဲ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
The Mirror သတင်းဌာနက ယူနိုက်တက်ဟာ ပေါ့ဘာကို ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်နိုင်မယ့်
ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ဆိုထားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုရှင်က ဇွန်လမှာ အိုးထရတ်ဖို့ဒ်နဲ့
စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိပြီး စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်လိုတဲ့အတွက်ယူနိုက်တက်ကို ဒုတိယအကြိမ် စွန့်ခွာဖွယ်ရှိနေပါတယ်။
အဆိုပါ သတင်းမှာ ယူနိုက်တက်က ပေါ့ဘာကို အခြေခံလစာ တစ်ပတ်လုပ်ခပေါင် ( ၄ ) သိန်းနဲ့ ကမ်းလှမ်းခဲ့ပြီး အပိုဆုကြေးတွေပါ ပေါင်းစပ်လိုက်မယ်ဆိုရင်
ပေါင် ( ၅ ) သိန်းလောက်ထိ ရှိသွားမယ်လို့ သိရပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုကလက်ရှိ ယူနိုက်တက်ရဲ့ လစာအများဆုံးကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခ
ပေါင် ( ၄ ) သိန်းခွဲရနေသလို ဒေးဗစ် ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင် ( ၃၇၅ ၀၀၀ ) ဖြင့်
ဒုတိယနေရာမှာ ရှိနေပါတယ်။ ဂျေဒန်ဆန်ချို နှင့် ရာဖာ ဗာရန်းက တစ်ပတ်လုပ်ခ
ပေါင် ( ၃ ) သိန်းစီ ရနေပြီး ဘရူနို ဖာနန်ဒက်စ်က တစ်ပတ်လုပ်ခ ပေါင် ( ၂ ) သိန်းခွဲ နှင့်
အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယားက တစ်ပတ် ပေါင် ( ၂ ) သိန်း ပိုင်ဆိုင်ထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်က အဲရစ် တင်ဟက် လက်အောက်မှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့
အခွင့်အရေးရှိနေပြီး ပေါ့ဘာကို အသင်းရဲ့လစာအများဆုံးကစားသမားအဖြစ် ပြောင်းလဲ
ပေးလိုက်ခြင်းက ဒတ်ချ်နညအသင်းကိုအစီအစဥ်တွေကို အနှောင့်အယှက်ပေးသလို ဖြစ်စေနိုင်ပါတယ်။
crd