
ခရစ္စတီယာနိုဂျူနီယာဟာ မန်ယူမှာ သူ့အဖေရဲ့ခြေရာဆက်နင်းနေသလို နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ
ဂိုးသွင်းပြီးတော့လည်း စီရော်နယ်ဒိုရဲ့နာမည်ကြီးအောင်ပွဲပုံစံဖြစ်တဲ့ Siuuu အတိုင်းအောင်ပွဲခံခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့သလို ဂျူနီယာကလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာ ယူနိုက်တက်အကယ်ဒမီအသင်းနဲ့ စာချုပ်ခဲ့တာပါ။
အဲဒီကတည်းက ပရိသတ်တွေဟာ ဒီ ၁၁ နှစ်သားခြေစွမ်းတိုးတက်မှုကို စောင့်ကြည့်နေကြတာပါ။
လေ့ကျင့်ရေးက အဲဒီကောင်လေးရဲ့ဘောလုံးစကေးဗီဒီယိုတွေအရ သူဟာ သူ့အဖေရဲ့ခြေရာကို
ဆက်နင်းနိုင်မယ်ဆိုတာ ပေါ်လွင်ပြီးသား ဖြစ်ပါတယ်။ဂျူနီယာဟာ ယူနိုက်တက်ယူ-၁၂
အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း သူ့ဖခင်ရဲ့အောင်ပွဲခံပုံစံအတိုင်း အောင်ပွဲခံခဲ့တာပါ။
စပိန်လူငယ်အသင်းနဲ့ ကစားခဲ့တဲ့ အဲဒီပွဲမှာ ဂျူနီယာဟာ မန်ယူအတွက် အဲဒီပွဲက ၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။
ဂိုးသွင်းနိုင်ခဲ့ပြီးနောက် သူဟာ ချက်ချင်းပဲ ထောင့်ကန်ဘောအလံတိုင်ရှိရာပြေးသွားခဲ့တာပါ။
အဲဒီမှာ သူဟာ စီရော်နယ်ဒိုလိုပဲ ကိုယ်ကို တစ်ပတ်လှည့်ပြီး Siuuu ပုံစံအောင်ပွဲခံခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ လာမယ့်နှစ်အနည်းငယ်က ပထမအသင်းကြီးမှာ
ဂျူနီယာတစ်ယောက်လို့ အဲဒီလိုထမ်မံအောင်ပွဲခံနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။
crd