
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမဲ့ ဘောလုံး ရာသီမှာ နည်းပြသစ် တစ်ဦးကို ခန့်အပ်ဖို့ ရှိနေပြီး
ဒီအတွက်် အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် က ရေပန်းအစားဆုံး ဖြစ်နေခဲ့ပါတယ် ။ မနေ့က
ထွက်ခဲ့တဲ့ သတင်းတွေမှာ ယူနိုက်တက် နဲ့ တန်ဟတ် တို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့တောင် ဖော်ပြခဲ့ကြပါသေးတယ် ။
ဒါပေမဲ့ အာဆင်နယ် အသင်း ဂန္တဝင် ကစားသမားဟောင််း တစ်ဦး ဖြစ်တဲ့ ပေါလ် မာဆင် က အဲရစ်
တန်ဟတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပရိသတ် မျှော့်လင့်ထားကြသလောက်
အောင်မြင်နိုင်မှာ မဟုတ်ပဲ ရုန်းကန်ရလိမ့်မယ်လို့ ကြိုတင် ဟောကိန်းထုတ်သွားခဲ့လိုက်ပါတယ်် ။
” အကယ်လို့သာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ရာထူး ရရှိသူဟာ အဲရစ် တန်ဟတ်
ဖြစ်သွားမယ်ဆိုရင်… သူဟာ နှစ်သင်းထဲ ပြိုင်နေရတဲ့ လိဂ် တစ်ခုမှာပဲ နှစ်တွေ အကြာကြီး
နည်းပြခဲ့သူ တစ်ဦးပါ ။ ပြီးတော့ သူဟာ အရင်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အလုပ် မလုပ်ခဲ့ဖူးပါဘူး ”
” နောက်ပြီး သူဟာ ထိပ်ထိပ်ကြဲ ကစားသမားတွေကိုလည််း ကိုင်တွယ် နည်းပြဖူးသူ တစ်ဦး မဟုတ်ပါဘူး ။
တကယ််တော့ သူဟာ ကစားသမားတွေကို ခြေလှမ်းသစ် တစ်ခု လှမ်းနိုင်အောင်လို့ စိတ်ဓါတ်
တက်ကြွမှုတွေ ပေးဆောင်ဖို့ လိုအပ်တဲ့ အသင်း တစ်သင်းကို ကိုင်တွယ် နည်းပြ နေသူ ပါပဲ ”
” သူဟာ အမြင့် တစ်နေရာကို တက်လှမ်းဖို့ ဆာလောင်နေကြတဲ့ ကစားသမားတွေနဲ့ အလုပ် တွဲဖက် လုပ်နေရသူ တစ်ဦးပါ ။ မန်ချက်စတာ ယူနိုက်တက်
အသင်းမှာတော့ ကစားသမားတိုင်းက ထိပ်ပိုင်းကို (အသင်းကြီး) ရောက်နှင့်ပြီးသားသူတွေချည်းပါပဲ ။ ဒါ့ကြောင့် ကစားသမား ကိုင််တွယ်ပုံ တူညီမှာ မဟုတ်တော့ပါဘူး ”
” ခင်ဗျားတို့ Eredivisie ကို ကြည့်လိုက်ရင် ဒူဆန် တာဒစ် ဆိုတာ ဒီလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပဲ ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် ။
သူဟာ ကစားသမားကောင်း တစ်ဦး မဟုတ်ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ၊
သူသာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် အကောင်းဆုံး ကစားသမား 50 ဦး စာရင်းထဲ ဝင်နိုင်ပါ့မလား ? ”
” သူ ဆောက်သမ်တန် အသင်းအတွက် ကစားပေးခဲ့စဥ်တုန်းက သူ့ကို လိုချင်တဲ့အသင်း မရှိသလောက် ရှားပါးခဲ့ပါတယ် ။
တန်ဟတ် က နည်းပြကောင်း တစ်ဦးပါ ။ ဒါပေမဲဲ့ သူက ‘ မင်း ဒီမှာ ကောင်းကောင်း ကစားပြနိုင်ရင်
ထိပ်တန််း အသင်းဆီ ပြောင်းရွှေ့ခွင့် ရလိမ့်မယ် ‘ လို့ ပြောရမယ့် ကစားသမားတွေကို ကိုင်တွယ်နေခဲ့ရတာပါ ”
” မန်ချက်စတာ ယူနိုက်တက်မှာ ကျတော့ ကစားသမားတွေဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ်ဆီ
ရောက်နှင့်ပြီးသားသူတွေပါ ။ ဒီက ကစားသမားတွေဟာ level တစ်ခုမှာ ရှိနှင့်ပြီးသားတွေပါပဲ ။
ဒါဟာ သူ့အတွက် ကိုင်တွယ်ဖို့ မလွယ်ကူတဲ့အရာ ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ် ” လို့ ပေါလ် မာဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
crd:Sports_Myanmar