Home Sport ခပ်ကြမ်းကြမ်း ဆော့ချင်တဲ့ ဆီမွန်နီရဲ့ အေတီကိုကို တစ်ကွက်ပြလိုက်ပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ ပတ်ရဲ့မန်စီးတီး

ခပ်ကြမ်းကြမ်း ဆော့ချင်တဲ့ ဆီမွန်နီရဲ့ အေတီကိုကို တစ်ကွက်ပြလိုက်ပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ ပတ်ရဲ့မန်စီးတီး

0
ခပ်ကြမ်းကြမ်း ဆော့ချင်တဲ့ ဆီမွန်နီရဲ့ အေတီကိုကို တစ်ကွက်ပြလိုက်ပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ ပတ်ရဲ့မန်စီးတီး
data-language="en"

အက်သလက်တီကိုမက်ဒရစ်နဲ့မန်ချက်စတာစီးတီးတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ မက်ဒရစ်မှာကန်တဲ့ပွဲစဉ်ကတော့

data-language="en"

တဖက်နဲ့တဖက်ဂိုးမသွင်းနိုင်ခဲ့ကြပဲ သရေကျခဲ့ကြပြီး နှစ်ကျော့ပေါင်း ဝ-၁နဲ့ ပက်ဂွာဒီယိုလာရဲ့အသင်းကနောက်တဆင့်မှာ ရီရဲမက်ဒရစ်တို့နဲ့ဆီမီးကစားရတော့မှာဖြစ်ပါတယ်။

လော်ဒီ၊ရီနီလ်ဒို၊ဖိလစ်ပီ၊စတီဖန်ဆာဗစ်၊မာကို့စ်လော်ရန်တီတို့ရဲ့ ၅ဦးတန်းခံစစ် ၅-၃-၂နဲ့ စီးတီးတို့ကိုရင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့ ဆင်မြွန်နီရဲ့

data-language="en"

ခံစစ်အသားပေးတန်ပြန်တိုက်စစ်ချောင်းကစားမဲ့ဗျူဟာက အလုပ်ဖြစ်သင့်သလောက်တော့ဖြစ်ခဲ့ပေမဲ့

အနိုင်ရလဒ်အထိတော့ ကောင်းမွန်အောင်မလုံလောက်ခဲ့ကြသလို ပုံမှန်ထက်ပြင်းပြင်းထန်ထန်ဖြတ်ထုတ်ပြီး

data-language="en"

ကြမ်းပြဖို့မှာကြားလိုက်ပုံရတဲ့အာဂျင်တီးနားနည်းပြကြီးရဲ့အိုင်ဒီယာကို အလွန်အကျူးနာကျင်ပြပြီး စီးတီးတို့ကပြန်ဆွကစားရင်းအချိန်ဆွဲကစားသွားခဲ့ကြတာကိုတွေ့ရပါတယ်။

ပထမပိုင်းမှာ အနည်းငယ်ပျင်းစရာကောင်းတဲ့ပွဲတပွဲဖြစ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ပွဲပြီးခါနီးလေ

လူစားလဲမှုတွေနဲ့တိုက်စစ်မြှင့်တင်ဖို့ကြိုးစားရင်း ပိုမိုကြမ်းကြမ်းတမ်းတမ်းကစားလာလေဖြစ်လာတဲ့

အက်သလက်တီကိုတို့ကြောင့် ပိုမိုသွက်လက်လာခဲ့ပေမဲ့လဲ တဖက်က အချိန်ဆွဲပြီး

ဆွကစားနေခဲ့တဲ့ စီးတီးတို့ရဲ့ဗျူဟာကြောင့် မက်ဒရစ်သားတို့ ကိုယ့်စနုတ်ကိုပြန်မိခဲ့ကြတယ်လို့ဆိုရမှာလဲဖြစ်ပါတယ်။

ပွဲချိန်မိနစ်၈၀ကျော်လောက်မှာ နှစ်ဖက်အသင်းသားတွေပြသနာတက်ခဲ့ကြတဲ့အဓိကဖြစ်ရပ်မှာ အက်သလက်တီကိုတို့များစွာနစ်နာခဲ့ကြရပြီး

အဆိုပါဖြစ်ရပ်နောက်ဆက်တွဲအဖြစ် ပထမပိုင်းမှာတဝါထိထားတဲ့ ဖိလစ်ပီဟာနှစ်ဝါတနီနဲ့ထွက်သွားခဲ့ရတာဖြစ်ပါတယ်။

ဘယ်ခြမ်းကတိုက်စစ်ဆင်လာတဲ့ဖိုဒန်ကို ဖိလစ်ပီရဲ့ဖြတ်ထုတ်မှုဟာ ဘောလုံးထိခဲ့ပေမဲ့ လဲကျအပြီးမှာနောက်ကအနည်းငယ် ထပ်မံပြီးလှမ်းချိတ်ထားခဲ့တာဖြစ်ပါတယ်။

လိုတာထက်ပိုပြီး လူးလှိမ့်ပြခဲ့တဲ့ ဖိုဒန်ကိုစိတ်မရှည်တဲ့ နောက်ခံလူစတီဖင်ဆာဗစ်က အော်ဟစ်ပြီး ဂုတ်ကနေဆွဲပြီးမဖို့အတွက်

ဒေါသတကြီးကြိုးစားခဲ့ရာနှစ်ဖက်ကစားသမားတွေပြသနာတက်ကြပြီး ကိစ္စကပိုမိုကြီးကျယ်သွားခဲ့တာလဲဖြစ်ပါတယ်။

ပြသနာရဲ့အရင်းမြစ်ဖြစ်တဲ့ ဖိလစ်ပီရဲ့ဖြတ်ထုတ်မှုဟာပုံမှန်ဆိုရင်တော့ လက်ပစ်ဘောနဲ့သာ

အဆုံးသတ်ဖို့များနေခဲ့ပေမဲ့ ဆာဗစ်ရဲ့ဒေါသနဲ့ပေါင်းစပ်ပြီး နှစ်ဝါဖြစ်စေခဲ့ပြီး မွန်တီနီဂရိုးသားကိုယ်တိုင်လဲအဝါထိသွားခဲ့ပါတယ်။

တယောက်လျော့ပြီးတဲ့နောက် ဂိုးရနိုင်တဲ့အခွင့်အရေးအချို့ရခဲ့သေးပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ကြတာကြောင့် အက်သလက်တီကို

မက်ဒရစ်တို့ နောက်တဆင့်အတွက်မလုံလောက်ခဲ့ကြတာဖြစ်သလို လိုတာထက်ပိုပြီးအချိန်ဆွဲ

အဝါကဒ်တွေယူသွားခဲ့ကြတဲ့ စီးတီးကစားသမားတွေကြောင့်လဲတန်ပိုကိုတင်လို့ကိုအဆင်မပြေဖြစ်ခဲ့ကြတာဆိုရင်ပိုမှန်မယ်လို့ပြောရပါမယ်။

အက်သလက်တီကိုမက်ဒရစ်ရဲ့မဟာဗျူဟာကို တန်ပြန်နိုင်ခဲ့တဲ့စီးတီးရဲ့ဘော့စ် ပက်ဂွာဒီယိုလာအတွက်တော့ ဒီတခေါက်ဆီမီးဖိုင်နယ်တက်တာက ၉ကြိမ်မြောက်ဖြစ်လာခဲ့ပြီဖြစ်ပြီး

ဒါဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက်မန်နေဂျာတယောက်ရဲ့ အများဆုံးစံချိန်လဲဖြစ်တယ်လို့ Opta ကဖော်ပြသွားခဲ့ပါတယ်။

စပိန်မန်နေဂျာကြီးဟာ ဘာစီလိုနာနဲ့ ၄ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့၃ကြိမ် နဲ့စီးတီးတို့နဲ့ ၂ကြိမ် တိတိ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here