Home Sport ရန်းနစ်ရဲ့ မှားယွင်းတဲ့အတွေးအခေါ်တစ်ခုကြောင့် မန်ယူအသင်းမတိုးတက်ပဲ ဆုတ်ယုတ်သွားလိမ့်မယ်လို့ ပေါလ်မာဆင်ဝေဖန်

ရန်းနစ်ရဲ့ မှားယွင်းတဲ့အတွေးအခေါ်တစ်ခုကြောင့် မန်ယူအသင်းမတိုးတက်ပဲ ဆုတ်ယုတ်သွားလိမ့်မယ်လို့ ပေါလ်မာဆင်ဝေဖန်

0
ရန်းနစ်ရဲ့  မှားယွင်းတဲ့အတွေးအခေါ်တစ်ခုကြောင့် မန်ယူအသင်းမတိုးတက်ပဲ ဆုတ်ယုတ်သွားလိမ့်မယ်လို့ ပေါလ်မာဆင်ဝေဖန်
data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကုန်ဆုံးခဲ့တဲ့ စနေနေ့ တုန်းက ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲမှာ

data-language="en"

အဲဗာတန် အသင်း နဲ့ ရင်ဆိုင် ကစားသွားခဲ့ရပြီး အန်သိုနီ ဂေါ်ဒွန် ရဲ့ တစ်လုံးထဲသော သွင်းဂိုးကြောင့် 1 – 0 ဆိုတဲ့ အရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့လိုက်ရပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေး မျှော်လင့်ချက်ဟာ အရောင်မှိန်

data-language="en"

သွားခဲ့ရသလို ကစားသမားတွေရဲ့ စိတ်ဓါတ် ခံယူချက် ၊ ကစားပုံတွေဟာလည်း သတင်းသုံးသပ်သူတွေရဲ့ မေးခွန်းထုတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပါတယ် ။

data-language="en"

ဒါ့အပြင် သူဟာ ဂိုးပေါက် ကန်သွင်းမှုလည်း လုပ်ဆောင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် က ကာကွယ်ပြသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 64 မိနစ်မှာ ယူနိုက်တက် နည်းပြ ရန်းဂနစ် ဟာ ရပ်ရှ်ဖို့ နဲ့ မာတစ် တို့ကို ထုတ်ပြီး အီလန်ဂါ နဲ့

မာတာ တို့ကို လူစားဝင် ကစားစေခဲ့ပါတယ် ။ ဒီအတွက်လည်း သတင်း သုံးသပ်သူ အချို့ဟာ ရန်းဂနစ် အပေါ် မေးခွန်းထုတ် ဝေဖန်ခဲ့ကြပါသေးတယ် ။

အခုတော့ အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် က ရပ်ရှ်ဖို့ လူစားလဲခံခဲ့ရတဲ့ အပေါ် စိတ်ပျက်နေခဲ့ပြီး ဒီလို လုပ်ရခြင််းက

ရော်နယ်ဒို ကို လူစားမလဲရဲတဲ့ နည်းပြ ရန်းဂနစ်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ၊ ဒါဟာ အသင်းရဲ့ ပုံရိပ်ကို ကျဆင််းစေနိုင်တယ်လို့ အပြစ်တင် ဝေဖန်သွားခဲ့လိုက် ပါတယ် ။

” မားကပ်စ် ရပ်ရှ်ဖို့ဟာ ကွင်းထဲမှာ ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေခဲ့ချိန်မှာ ရန်းဂနစ် က သူ့ကို လူစားလဲခဲ့ပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ရန်းဂနစ် ဟာ ဘရန့်ဖို့ဒ် နဲ့ ပွဲတုန်းကလို (ရော်နယ်ဒို ပေါက်ကွဲ) အဖြစ်အပျက်မျိုး မဖြစ်ချင်လို့ပါပဲ ”

” ဒီပွဲကိုတော့ ကျွန်တော်လည်း ကြည့်နေခဲ့ပြီး ဒါဟာ အရှက််ရစရာ ဖြစ်ခဲ့ရပါတယ် ။ သူဟာ မန်နေဂျာပဲ ၊

သူလုပ်တာ တရားမျှတတယ်ဆိုတဲ့ ပုံစံမျိုး တွေးနေလို့ မရပါဘူး ။ ရော်နယ်ဒိုရဲ့ အသက်အရွယ်အရ ဆိုရင် သူ့ကို ပွဲစဥ်တိုင််း ပွဲထွက် ကစားစေလို့ မရတော့ပါဘူး ”

” တကယ်တော့ တိုက်စစ်ဆင် ကစားဖို့ အတွက် ယူနိုက်တက်တို့ ဒီလိုပွဲမှာ ရော်နယ်ဒိုထက် ရပ်ရှ်ဖို့ကို ပိုပြီး လိုအပ််ခဲ့တာပါ ။

အရင်တုန်းက သူတို့ရဲ့ တိုက်စစ်မှာ ရော်နယ်ဒို နဲ့ ကာဗာနီ တို့ ရှိခဲ့ကြပါတယ် ။ ဒီလို ပွဲထွက် ကစားခွင့်တွေ ပေးတာမျိုးကို အမြန်ဆုံး ရပ်တန့်လိုက်သင့်ပါပြီ ”

” အဲ့လိုမှ မဟုတ်ရင် ဒီအသင်းဟာ ကမ္ဘာ့ အကြီးမားဆုံး ဘောလုံး ကလပ် ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် များမကြာမီ အဆုံးရှုံးခံလိုက်ရပါလိမ့်မယ် ။

သူတို့ဟာ ဒီလို အဆင့် တစ်ခုမှာ အကြာကြီး ဆက်လက် ရပ်တည် နိုင်တော့မှာ မဟုတ်တော့ပါဘူး ” လို့ ပေါလ် မာဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here