Home Sport မန်ယူအသင်းရဲ့ နည်းပြသစ်တန်ဟန်ကို မှတ်ချက်အသီးသီးပေးခဲ့တဲ့ ဂွာဒီဒိုလာနဲ့ ကလော့ပ်

မန်ယူအသင်းရဲ့ နည်းပြသစ်တန်ဟန်ကို မှတ်ချက်အသီးသီးပေးခဲ့တဲ့ ဂွာဒီဒိုလာနဲ့ ကလော့ပ်

0
မန်ယူအသင်းရဲ့ နည်းပြသစ်တန်ဟန်ကို မှတ်ချက်အသီးသီးပေးခဲ့တဲ့ ဂွာဒီဒိုလာနဲ့ ကလော့ပ်
data-language="en"

အဲရစ် တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ မန်နေဂျာသစ် ဖြစ်လာဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး မကြာခင် တရားဝင် ကြေငြာဖွယ် ရှိပါတယ်။

data-language="en"

နယ်သာလန်သားကို မန်ယူနိုက်တက် နည်းပြသစ် အဖြစ် ခန့်အပ်မှာက ဝေဖန်ပြောဆိုမှုတွေ တချို့ ရှိနေကြပေမယ့် ပရီးမီးယားလိဂ်မှ

ထိပ်တန်းနည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့က တန်ဟက်ကို အခုလို ထောက်ခံ ပြောဆိုထားတာတွေ ရှိကြပါတယ်။

data-language="en"

” တန်ဟက်က ဘောလုံးကမ္ဘာမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး နည်းပြကေငာ်း တစ်ဦး အဖြစ် လေးစားခြင်း ခံရသူပါ။ သူ အေဂျက်မှာ

လုပ်ပြထားတာတွေက အသိအမှတ်ပြုရမှာပါ။ သူတို့တွေက ကစားသမားကောင်းတွေကို ပြိုင်ဘက် အသင်းတွေဆီ လက်လွှတ်လိုက်ရပြီး ပြန် ကြိုးစားနေကြတယ်။

data-language="en"

ကျနော် ဒေါ့မွန်နဲ့ ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံအရ (ကစားသမားတွေ လက်လွှတ်ရတာ) ဘယ်လောက် ခက်ခဲတယ်၊ စိန်ခေါ်မှု ကြီးတယ်

ဆိုတာ သိတယ်။ တန်ဟက် ကိုင်တွယ်သွားတာ သိပ်ကောင်းတာပါ။ အသင်းရဲ့ ဖောင်ဒေးရှင်းကို မပျက်ယွင်းစေဘဲ ကျစ်ကျစ်လစ်လစ်နဲ့

ကစားသမား ခေါ်ယူမှုကောင်းတွေလည်း လုပ်ဆောင်တယ်။ သူတို့မှာ ရှင်းလင်းတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်။ ကစားပုံကိုက ကြည့်လို့ ကောင်းနေတော့တာပါ။ ”

– ယာဂင်ကလော့ပ် (လီဗာပူးအသင်း မန်နေဂျာ)

” တန်ဟက်နဲ့က ပုံမှန်လို ကျနော်တို့ စကားတွေ ပြောဆိုထားတယ်။ သူက လူပုဂ္ဂိုလ် တစ်ဦး အနေနဲ့လည်း လူကောင်း တစ်ယောက်ပါ။

သူ ဘယ်လောက် နှိမ့်ချတတ်လဲ ဆိုတာ ကျနော်ဖြင့် အံ့သြမိတယ်။ သူ အေဂျက်မှာ ဒီနှစ်တွေ အတွင်း လုပ်ပြထားတာပဲ ကြည့်ဦး။ ကြည့်လို့

ကောင်းလိုက်တာမှ။ သူတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ ရောက်ခဲ့တာတင် မဟုတ်ဘူး၊ ပွဲတော်တော်များများက ကြည့်ကောင်းနေတော့တာ။

မန်နေဂျာ တစ်ယောက်ကို အကဲဖြတ်ဖို့ ဆို သူ အကြာကြီးကိုင်တွယ်ထားတဲ့ အသင်းကိုသာ ကြကည့်ပါ။

ဒီအသင်းက ဒီမန်နေဂျာနဲ့ ဒီလို ကစားအောင် တည့်မတ်ထားတာ ဖြစ်တယ်။ ကျနော်ကတော့ ‘ မန်ချက်စတာ ယူနိုက်တက် ကို ဒီလူကိုသာ

ခေါ်လိုက်ဗျာ၊ သူ ဘယ်လောက် တော်လဲ ဆိုတာ လူတွေ သိပ်မသိကြသေးဘူး’ လို့တောင် တိုက်တွန်းချင်တာ။

– ပက် ဂွာဒီယိုလာ (မန်စီးတီးအသင်း မန်နေဂျာ)

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here