Home Sport နည်းပြသစ်ရဲ့သဘောအတိုင်း သူ့ကိုရောင်းချင်ရောင်း၊ထားချင်လည်းထား၊သူလည်းပွဲတိုင်းမကစားနိုင်ဘူးလို့ ရော်နယ်ဒိုအတည်ပြု

နည်းပြသစ်ရဲ့သဘောအတိုင်း သူ့ကိုရောင်းချင်ရောင်း၊ထားချင်လည်းထား၊သူလည်းပွဲတိုင်းမကစားနိုင်ဘူးလို့ ရော်နယ်ဒိုအတည်ပြု

0
နည်းပြသစ်ရဲ့သဘောအတိုင်း သူ့ကိုရောင်းချင်ရောင်း၊ထားချင်လည်းထား၊သူလည်းပွဲတိုင်းမကစားနိုင်ဘူးလို့ ရော်နယ်ဒိုအတည်ပြု
data-language="en"

အသက် ၃၇နှစ် အရွယ်ရှိ ပေါ်တူဂီသားကြီး ရော်နယ်ဒို တယောက် အသင်းဟောင်း

data-language="en"

မန်ယူအသင်းကို ကူညီဖို့ တကျော့ပြန် ရောက်ရှိ လာခဲ့ပေမယ့် ထင်သလို ဖြစ်မလာ ခဲ့ပါဖူး။

လက်ရှိ အချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် မရေရာတော့တဲ့ အပြင် အဆင့် ၇နေရာမှာ ရပ်တည် နေတဲ့ ယူနိုက်တက်

data-language="en"

အသင်း အနေထားကြောင့် ရော်နယ်ဒို တယောက် ရာသီကုန်မှာ အသင်းပြောင်းတော့မယ် ဆိုတဲ့ ကောလ ဟာလတွေ အများကြီး ထွက်ပေါ် နေပါတယ်။

ကျဆင်းနေတဲ့ အသင်း တိုက်စစ် စွမ်းဆောင်ရည်ကို အားဖြည့်ဖို့ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေက ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိထားရပါတယ်။

data-language="en"

အပြောင်းအရွှေ့ ကျွမ်းကျင်သူ ရိုမာနိုက ရော်နယ်ဒို တယောက် မန်ယူအသင်း တိုက်စစ်မှုး တိုက်စစ်မှုးသစ်

ခေါ်ယူခဲ့မယ် ဆိုရင် မပျော် မရွှင် ဖြစ်နေမှာ မဟုတ်ပဲ အသင်းရဲ့ လိုအပ်ချက်ကို သိနားလည်ပြီး ဖြစ်တယ်လို့ ရိုမာနိုက ဆိုပါတယ်။

လာမယ့် ရာသီမှာ အသက် ၃၈နှစ်ထိ ရှိလာမယ့် ရော်နယ်ဒို တယောက် အသင်းကို ဝန်ထုပ် ဝန်ပိုး ဖြစ်စေဖို့ ဆန္ဒမရှိပဲ တကယ်လို့ နည်းပြသစ်

ဖြစ်လာမယ့် သူက အလို မရှိတော့ရင်လည်း ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ့်လိုလ နာမည်ကျော် သတင်းထောက် ရိုမာနိုက ထုတ်ပြော ခဲ့ပါတယ်။

” ခရစ္စတီယာနိုက ပရီးမီးယားလိဂ်မှာ ၃၈ပွဲလုံး မကစားနိုင်ဖူး ဆိုတာ ကောင်းကောင်း သိပါတယ်။

ပြီးတော့ ယူရိုပါလိဂ်ပဲ ဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ပဲ ဖြစ်ဖြစ် အပတ်စဉ်တိုင်း မကစားနိုင်တော့ဖူး ဆိုတာ သူ သဘောပေါက် ပါတယ်။ ”

” သူကိုယ်တိုင်က မန်ယူအသင်း နောက်ထပ် တိုက်စစ်မှုး တယောက် လိုနေတယ် ဆိုတာ သိတယ်။

သူတယောက်ထဲ အသင်းကို ဦးဆောင်လို့ မဖြစ်နိုင်ဖူး ဆိုတာ ကောင်းကောင်း သိထားပါတယ်။”

” ခရစ္စတီယာနိုက အမြဲတမ်း အဓိက ကစားသမား အဖြစ် ဦးစားပေး အဖြစ် သတ်မှတ် ခံချင်တဲ့ သူဆိုတာ

အမှန်တရားပဲ။ ဒါပေမယ့် အခု အသက်ရွယ်မှာ ပွဲတိုင်းကစားဖို့ မဖြစ်နိုင်တော့ဖူး။ ဒဏ်ရာတွေ၊ ပြသနာတွေ ကြုံလာရမယ်။”

” မန်ယူအသင်းလို ထိပ်တန်း ကလပ်မှာ ကစားရတာ အခက်ခဲတွေ အများကြီး ရှိနေတယ်။ ယူနိုက်တက် အသင်း တိုက်စစ်မှုးတွေကြားမှာ ပြိုင်ဆိုင်မှု

ဖြစ်လာတာ ပြသနာ မဟုတ်ပါဖူး။ ယူနိုက်တက် အသင်း တိုက်စစ်မှုး နောက်တယောက် ခေါ်ရင် ရော်နယ်ဒိုက ပြသနာလို့ ယူဆမယ် မထင်ဖူး။ ”

” တိုက်စစ်မှုး အသစ်ခေါ်လို့ မပျော်မရွှင် ဖြစ်တာမျိုး၊ အသင်းက ထွက်ခွာ ချင်တာမျိုး ဖြစ်လာမှာ မဟုတ်ဖူး။

ဒါက အသင်းကောင်းဖို့ လုပ်တဲ့ ပရောဂျ​က် တခုပဲ။ ရော်နယ်ဒို ကိုယ်တိုင်က ယူနိုက်တက်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကောင်းကောင်း သိတယ်။ ”

” သူအမြဲတမ်း ပြောနေကျပဲ။ အသင်းကနေ ထွက်ဖို့ အစီစဉ် မရှိဖူး။ အတူတကွ ချီတက်မယ် ဆိုတာ အမြဲတမ်း ထုတ်ပြော နေတာ အားလုံး အသိပဲ။ ”

” ဒါကြောင့် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက နှုတ်ဆိတ် နေတာပါ။ ခရစ္စတီယာနိုက သူ့ကြောင့် အသင်းကို ပြသနာ မဖြစ်စေချင်ဖူး။ ဒီတော့ အတိအကျ သိချင်ရင် စောင့်ကြည့်ရမှာပဲ။”

” ယူနိုက်တက်ရဲ့ အဲရစ်တန်ဟတ် ပရောဂျက်က လာမယ့် သီတင်းပတ် အတွင်း အကောင်ထည် ပေါ်ပါလိမ့်မယ်။

နည်းပြသစ် ခန့်အပ်မှုက ခရစ္စတီယာနို အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိမလဲ ဆိုတာ သူတို့ စာပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေး အဖြေရှာ ရပါမယ်။ ”

” အဓိကတော့ နည်းပြသစ် ဖြစ်လာမယ့် သူရဲ့ ဆုံးဖြတ်ချက်က အခရာပဲ။ သူတို့ အဓိက ဆုံးဖြတ်ချက်ကို

ချရပါလိမ့်မယ်။ အခုချိန်မှာ ပြောလို့ ကောင်းတဲ့ အရာတော့ မဟုတ်ပါဖူး။” လို့ ရိုမာနိုက ထုတ်ပြော သွားခဲ့ပါတယ်။crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here