
အသင်းကိုပြောင်းလဲတိုးတက်အောင်လုပ်လေ့ရှိတဲ့ ထုံးတမ်းတွေကိုတော့ ထပ်မံလုပ်ရလိမ့်မယ်လို့ ဖာဒီနန်ကဆိုပါတယ်။
ယူနိုက်တက်ဟာ အမှတ်ပေးဇယားမှာ နံပါတ် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နောက်ရာသီရဲ့ ချန်ပီယံလိဂ်ကို လွဲချော်နိုင်ခြေရှိနေပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းအတွင်းက စိတ်ပျက်စရာခြေစွမ်းကြောင့် ကစားသမားအရောင်းအဝယ်ကိစ္စဟာ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ရဲ့လေ့ကျင့်ရေးပိုင်းတွေနဲ့ ပက်သက်ပြီးတော့လည်း ဝေဖန်လိုက်ပြီး လတ်မှတ်ထိုးခဲ့တဲ့ ကစားသမားတွေထဲမှာ တိုးတက်လာခဲ့သာတစ်ယောက်တည်းသာရှိတယ်လို့ သူကဆိုပါတယ်။
FIVE Youtube ချန်နယ်နဲ့ပြောရာမှာ ဖာဒီနန်က “ဘယ်လိုခံစားရလဲဆိုတော့ ယူနိုက်တက်ကိုကြည့်ပြီး လေ့ကျင့်ရေးတွေ ဘာတွေအကုန်လုံးမှာ အနည်းဆုံးတော့ ဘောလုံးကိုမှန်အောင်ကစားရမယ်လေ။
အသင်းရဲ့အစဉ်အလာကို သေချာထိန်းသိမ်းရမယ်လေ။ ကိုယ်ဝယ်ယူလိုက်တဲ့ကစားသမားတွေကို သေချာလေးလုပ်ရမယ်လေ။
လွန်ခဲ့တဲ့ ၈ နှစ်ကနေ ၁၀ နှစ်အတွင်း ဝယ်ယူခဲ့တဲ့ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင်
သူတို့နာမည်ကို စာရင်းပြုစုချင်လည်းပြုစုထား၊ အဲထဲက ကစားသမားဘယ်နှစ်ယောက်ကများ ပိုတိုးတက်ကောင်းမွန်လာလို့လဲ။
ဘရူနိုဖာနန်ဒက်တစ်ယောက်ကိုပဲ တိုးတက်လာတာလို့ ပြောမှ ကျုပ်လက်ခံမယ်။
အခြားကစားသမားတွေနဲ့ပက်သက်ပြီး ဟာ သူကပိုကောင်းလာတယ်။ သူ့ကြောင့် ငါတို့ငွေပိုရလာတယ်ဆိုတာ ရှိလားဆိုရင် တစ်ယောက်မှမရှိဘူး။
ဒါနည်းပြပိုင်းနဲ့ဆိုင်တယ်။ လူဝယ်တဲ့အပိုင်းနဲ့ဆိုင်တယ်။ ကျုပ်တို့တွေ အဲအပိုင်းတွေကို အံ့ဩစရာကောင်းလောက်အောင်တိုးတက်သွားအောင်လုပ်ရမယ်။
ဘာလို့ဆို ဒီရာသီမှာ ကစားသမား ၃ ယောက် ၄ ယောက်သွားဝယ်လည်း အရင်လို့အလဟဿပဲ ဖြစ်ဦးမှာပဲ။
ဝယ်လိုက်တဲ့ကစားသမားတွေ တိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူး။ ဒီတော့ ဒါကို ပြောင်းလဲဖို့လိုတယ်” လို့ဆိုပါတယ်။
ယူနိုက်တက်ဟာ ပွဲဆက်ရှုံးပြီးနောက်မှာတော့ အသင်းကိုပြောင်းလဲပေးနိုင်မယ်ထင်ရတဲ့ နည်းပြတန်ဟက်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
မကြာသေးခင်ကမှ ယူနိုက်တက်ရဲ့ အဲဗာတန်ကို ရှုံးသွားတဲ့ အရှုံးဟာ လက်မခံနိုင်ချင်စရာ ကောင်းလှပါတယ်။
အဲဗာတန်ကို ယူနိုက်တက် ၁-၀ နဲ့ရှုံးသွားတဲ့ပွဲနဲ့ ပက်သက်ပြီးတော့လည်း ဖာဒီနန်က “ပြောရမယ်ဆိုရင်
ဂိုးသွင်းဖို့အခွင့်အရေးမဖန်တီးနိုင်ရုံတင်မကဘူး။ ဖန်တီးနိုင်ခြေဆိုတာနဲ့ကို အဝေးကြီးဖြစ်နေတာ။
ပြဿနာက ဘောလုံးကို သေချာလေးကိုင်ထားပြီး ရော်နယ်ဒိုကို နောက်ခံအလယ်လူနေရာကို သူ့ဘာသာကစားခိုင်းရင် လွယ်ပါလိမ့်မယ်”လို့ ဖာဒီနန်ကဆိုပါတယ်။
crd