Home Sport ရော်နယ်ဒိုကဘာမှလုပ်မပြနိုင်တာ မကြိုးစားလို့လားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေပေးသွားတဲ့ အိုဝင်ဟားဂရေ့

ရော်နယ်ဒိုကဘာမှလုပ်မပြနိုင်တာ မကြိုးစားလို့လားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေပေးသွားတဲ့ အိုဝင်ဟားဂရေ့

0
ရော်နယ်ဒိုကဘာမှလုပ်မပြနိုင်တာ မကြိုးစားလို့လားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေပေးသွားတဲ့ အိုဝင်ဟားဂရေ့
data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ စိန့်ဂျိမ်းစ် ပါ့ခ် ကွင်းထဲ အဲဗာတန် အသင်းနဲ့ ရင်ဆိုင််ခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။

data-language="en"

ဒီရလဒ််ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ချန်ပီိယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေဟာ မှေးမှိန်သွားခဲ့ရပါပြီ ။

အခြားတဖက်မှာတော့ တန်းဆင်းဇုန်နား ရောက်နေခဲ့တဲ့ အဲဗာတန် အသင်းဟာ အဖိုးတန် ရမှတ် 3 မှတ်ကို ပိုင်ဆိုင် သွားခဲ့ရပါတယ် ။

data-language="en"

ဒီပွဲမှာတော့ ယခင် တစ်ပါတ်က ဖျားနာခဲ့လို့ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တဲ့ ရော်နယ်ဒိုဟာ ပြန်လည် ပါဝင်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူဟာ ဂိုးတွေ မသွင်းနိုင်ခဲ့သလို ဂိုးပေါက် ခြိမ်းခြောက််မှုတွေလည်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။

data-language="en"

ဒါ့ကြောင့် သူ့အပေါ် ဝေဖန်သူတွေ များခဲ့ပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဟားဂရေ့ဗ် က ရော်နယ်ဒိုဖက်မှ ကာကွယ်စကား ဆိုခဲ့လိုက်ပါတယ် ။

အိုဝင် ဟားဂရေ့ဗ် ကတော့ အဲဗာတန် ဟာ စိတ်ဓါတ် အပြည့်နဲ့ ကစားခဲ့ကြောင်း ၊ ရော်နယ်ဒို ဟာလည်း လုပ်သင့်တာ အားလုံးလုပ်ခဲ့ကြောင်း ၊

ဒါပေမဲ့ သူဟာ အသင်းဖော်တွေဆီက လုံလောက်တဲ့ ဝန်ဆောင်မှုတွေ မရရှိခဲ့ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ဘာတွေ မှန်ခဲ့လဲ ? မှားယွင်းနေခဲ့တဲ့ အရာတွေ အများကြီး မြင်ခဲ့ရပါတယ် ။ သူတို့ ဘာတွေ အမှန်အကန် လုပ်နိုင်ခဲ့လို့လဲ ?

ကွင်းထဲမှာ အားစိုက်ထုတ်မှုတွေ မမြင်တွေ့ခဲ့ရပါဘူး ။ ဘောလုံး ပေးပို့မှုတွေ ညံ့ခဲ့ပါတယ် ။ သူတို့တွေ

ဂိုးပေါက်တောင် မခြိမ်းခြောက်နိုင်ခဲ့ကြပါဘူး ။ သူတို့ လုံလောက်စွာ ကောင်းခဲ့ကြတယ်လို့ကို ကျွန်တော် မထင်ပါဘူး ”

” သူတို့ဟာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေရတာပါ ။ အန်သိုနီ ဂေါ်ဒွန် ကစားခဲ့တာကို ကြည့်လိုက် ၊ ဒီပွဲက

သူ့အတွက် အရမ်းကို အရေးပါတဲ့ ပွဲစဥ်ပဲ ဆိုတဲ့ ပုံစံနဲ့ ကစားသွားခဲ့တာပါ ။ အဲဗာတန် အသင်းရဲ့ အနေအထားက တန်းတောင် ဆင်းသွားရနိုင်တယ်လေ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ ကြိုးစားနေခဲ့ရတာပါ ။

ဒါဟာ သူတို့ ရှိချင်ကြတဲ့နေရာ တစ်ခုပဲလေ ။ သူတို့ ဒီနေရာမှာ ရှိနေသင့်တဲ့ အသင်းမျိုးပါ ။

ဒါပေမဲ့ သူတို့ ကစားပုံ အမူအယာတွေကို ကြည့်ရတာ ဒီပွဲဟာ နိုင်ကိုးနိုင်ရမယ့်ပွဲပဲလို့ ခံယူချက် ရှိမနေကြပုံပါပဲ ”

” ကျွန်တော်တို့ ဒီကောင်တွေ ကစားပြလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့တာကိုမမြင်ခဲ့ရပါဘူး ။

သူတို့တွေဟာ စစ်မှန်တဲ့ အရည်အသွေး မပြနိုင်ခဲ့ကြပါဘူး ။ ခရစ္စတီယာနို ရော်နယ်ဒို ကို ကြည့်လိုက်ပါ ၊ ပွဲစဥ်အတွင်း သူဟာ လုပ်နိုင်တာတွေ အားလုံးကို လုပ်ပြခဲ့တာပါပဲ ”

” ဒါပေမဲ့ သူ့ အသင်းဖော်တွေဆီက service မရခဲ့ပါဘူး ။ သူ ဘာမှ မရခဲ့ပါဘူး ။ အသင်းမှာ အရမ်းကိုကောင်းတဲ့ ကစားသမားတွေ အများကြီးပါ ။

ဒါပေမဲ့ သူတို့ဟာ ထင်ထားတာထက် ဆိုးလွန်းတဲ့ စွမ်းဆောင်ရည်ပဲ ပြနေခဲ့ကြပါတယ် ” လို့ ဟားဂရေ့ဗ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here