
မန်ယူအသင်းဟာ ကစားဖို့ ပွဲသိပ်မကျန်တော့တဲ့အချိန်မှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး
စနေနေ့ကလည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း
ဆိုင်ရာကလည်း မေးခွန်းထုတ်စရာတွေရှိလာပါပြီ။ရော်နယ်ဒိုလို နိုင်လိုစိတ်ပြင်းပြပြီး အသင်းကို
ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ သူတောင်မှ မန်ယူအသင်းရဲ့ စိတ်ဓာတ်ကို တိုးတက်ဖို့ ဘယ်လိုမှ မစွမ်းနိုင်ပဲဖြစ်နေပါတယ်။
လက်ရှိမန်ယူအသင်းကတော့ လူမလေး ခွေးမခန့်ဖြစ်နေပြီး ဘယ်အသင်းမဆို မန်ယူနဲ့ရင်ဆိုင်မှာကို
ကြောက်လန့်နေရမယ့်အစား ပျော်ပျော်ကြီးတောင် ကန်ချင်နေကြမှာပါ။ နော်ဝှစ် kieran Dowellကလည်း မန်ယူကို ဒုက္ခပေးမယ်လို့ ကြုံးဝါလိုက်ပါပြီ။
နော်ဝှစ်ချ် ကြယ်ပွင့် Kieran Dowell ကတနင်္ဂနွေနေ့မှာ ဘန်လေကို ( ၂-၀ ) အနိုင်ရခဲ့ပြီးနောက် Theatre of Dreams
မှာလည်း နောက်ထပ် ( ၃ ) မှတ်ရယူပြနိုင်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။သူက “ ကျွန်တော်တို့က အဲဗာတန်နဲ့ ( ၇ ) မှတ်ကွာနေပြီး သူတို့က လက်ရှိမှာ
ခက်ခဲတဲ့ပွဲစဥ်တွေ ကစားရပါတော့မယ်။ ကျွန်တော်တို့မှာ အနိုင်ကစားလို့ရနိုင်မယ်ပွဲစဥ်တချို့ရှိနေပါတယ်။” လို့ ဆိုခဲ့ပါတယ်။
ယခုအပတ်မှာ သူ့အသင်းက ယူနိုက်တက်ကို အနိုင်ရနိုင်မယ့် အခွင့်အရေးဘယ်လောက်ရှိလဲ ဆိုတဲ့ မေးခွန်းကို တိုတို နှင့် လိုရင်းပဲတုန့်ပြန်ခဲ့ပါတယ်။
“ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ အဲဲ့ဒီမှာ ဒုက္ခပေးနိုင်မယ်လို့ တွေးထားပါတယ်။”ဟု
ကွင်းလယ်ကစားသမားက talkSPORT နဲ့ တွေ့ဆုံစဥ် ပြောကြားခဲ့ပါတယ်။
crd