Home Sport မန်ယူအသင်းကနေ ရှင်းထုတ်တော့မယ့် ကစားသမား (၅)ဦးကို ပြတ်ပြတ်သားသားချပြလာတဲ့ ရန်းနစ်

မန်ယူအသင်းကနေ ရှင်းထုတ်တော့မယ့် ကစားသမား (၅)ဦးကို ပြတ်ပြတ်သားသားချပြလာတဲ့ ရန်းနစ်

0
မန်ယူအသင်းကနေ ရှင်းထုတ်တော့မယ့် ကစားသမား (၅)ဦးကို ပြတ်ပြတ်သားသားချပြလာတဲ့ ရန်းနစ်
data-language="en"

ယူနိုက်တက်သည် အားကစား ဒါရိုက်တာ အဖြစ် တာဝန်ယူတော့မည့် ရန်းနစ်က ယာယီ နည်းပြဘဝ ရရှိထားတဲ့ အတွေ့ကြုံနဲ့ ကစားသမားတွေရဲ့ အခြေအနေအရ ရောင်းချလိုတဲ့ ကစားသမား ၅ဦးထိ ရှိနေတယ်လို့ သိရပါတယ်။

data-language="en"

ဘုတ်အဖွဲ့နှင့် တွေ့ဆုံတဲ့ အစည်းအဝေးတွင် မန်ယူနိုက်တက် အသင်းမှာ လက်သင့် မခံလိုတဲ့ ကစားသမားတွေကို ရန်းနစ်သည် ချပြထားပြီး ဒီအထဲမှာ ပရိတ်သတ်တွေ ထင်မှတ်မထားတဲ့ ကစားသမားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဘစ်ဆာကာ

data-language="en"

ရန်းနစ်သည် မန်ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ချိန်မှာထဲက ဘစ်ဆာကာကို မကြိုက်ကြောင်း မနှစ်သက်ကြောင်း ပြသထားပြီး ဖြစ်သလို ကြားကာလမှာ အခြေအနေ ပေးခဲ့ပေမယ့်

ဘစ်ဆာကာသည် အသုံးချနိုင်ခြင်း မရှိတာ ကြောင့် နောက်ရာသီမှာ သေချာပေါက် ရောင်းချ သွားဖွယ် ရှိပါတယ်။ပေါင်သန်း ၅၀အထိ အသုံးပြုပြီး ခေါ်ယူခဲ့ရပေမယ့် ပြန်လည်ရောင်းချချိန်မှာတော့ ပေါင်သန်း ၂၀ဝန်းကျင်သာ ရရှိဖွယ် ရှိပါတယ်။

data-language="en"

ဘိုင်ယီ

မန်ယူနိုက်တက်သည် ပေါင်သန်း ၃၀တန် ခံစစ်မှုး ဟာ ဒဏ်ရာအနာတရ များလွန်းပြီး ပွဲထွက်ဖို့ အမြဲ လွယ်ကူ မနေတာကြောင့် ရောင်းချသွားဖွယ် ရှိပါတယ်။

ဘိုင်ယီကို အသင်းဟောင်း ဗီလာရီရဲလ်ကလည်း အလိုရှိနေတာ ဖြစ်ပြီး အေစီနဲ့ အင်တာတို့သည်လည်းအလိုရှိနေကြာင်း ကြားသိရပါတယ်။ဘိုင်ယီ အနေနဲ့ အသင်းမှာ အနာဂတ် မရှိတော့ကြောင်း ရန်းနစ်သည် အကြောင်းကြားပြီး ဖြစ်ပါတယ်။

မက်ဂွိုင်းယား

မန်ယူနိုက်တက်၏ အနာဂတ်နှင့် နည်းပြသစ် အတွက် မက်ဂွိုင်းယားသည် ကြီးမားတဲ့ ပြသနာ ဖြစ်သည်။မက်ဂွိုင်းယားသည် ခြေစွမ်း မပြနိုင်လို့ အရံခုံတွင် ကြာရှည် တင်ထားရင်လည်း ပြသနာ ရှိသလို

ရောင်းချဖို့လည်း ပေါင်သန်း ၈၀အထိ ကုန်ကျထားလို့ အခက်ကြုံနေပါတယ်။ဗြဟ္မာကြီး ဦးခေါင်းဖြစ်နေတဲ့ မက်ဂွိုင်းယားကို ရန်းနစ်သည် သေချာပေါက် ရောင်းချလိုပြီး ဘုတ်အဖွဲ့၏ သဘောတူညီမှု လိုမည်ဖြစ်သည်။

ပေါလ် ပေါဂ့်ဘာ

ရန်းနစ်သည် မန်ယူနိုက်တက်တွင် မနေလိုသော ဘယ် ကစားသမားမှ ဆွဲထားမှာ မဟုတ်ကြောင်း အတိလင်း ပြောကြားလိုက်ပါတယ်။ဒါဟာ ပေါဂ့်ဘာကို တိတိကျကျ ရည်ညွှန်းတယ်ဆိုတာ သေချာနေပါတယ်။

မန်ယူနိုက်တက်အနေနဲ့ ပေါဂ့်ဘာကို စာချုပ်သစ် တိုးလိုပေမယ့်လည်း ရန်းနစ်သည် လက်သင့်ခံမှာ မဟုတ်ပဲ ကစားသမားဖက်က လိုလိုလားလား ရှိမှသာ ဆက်လက် ဆွေးနွေးဖွယ် ရှိနေပါတယ်။

မားကပ်စ် ရရှ်ဖိုဒ့်

ရရှ်ဖိုဒ့်အနေနဲ့ အသင်းမှာ နေရာမရရင် ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ရန်းနစ်သည် ၎င်းအား နွေရာသီအပြောင်းအရွှေ့၌ ထွက်ခွာနိုင်သည်ဟု အကြောင်းပြန် ထားပါတယ်။

ရပ်ရ်ဖိုဒ့် အနေနဲ့ ဘာစီလိုနာ၊ PSG တို့နှင့် ချိတ်ဆက်နေပြီး အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့ရင် ရန်းနစ်သည် သေချာပေါက် လက်ခံသွားမှာ ဖြစ်ပါတယ်။

Credit

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here