
မန်ယူအသင်းဟာ ရာသီကုန်မှာ နည်းပြသစ်ခန့်အပ်ဖို့ ကြိုးစားနေပြီး တန်ဟန်နဲ့ အကြိတ်အနယ်ဆွေးနေပါတယ်။
လက်ရှိရာသီမှာတော့ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မေ့ပစ်ရတော့မယ့် အနေအထားကိုရောက်နေတာဖြစ်ပါတယ်။
ဒါကြောင့် အသင်းကို ကာလရှည်ကိုင်တွယ်ပြီး လူငယ်တွေကို မြေတောင်မြှောက်ပေးကာ
အသင်းကို ကစားဟန်အသစ်အသက်သွင်းပေးနိုင်မယ့် တန်ဟန်လို နည်းပြမျိုးကို ပိုချက်တီနိုထက်ကျော်ပြီးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ယခုအချိန်တွင် Erik ten Hag သည် United ၏ ဦးစားပေး နည်းပြလောင်း ဖြစ်ခဲ့ပြီဖြစ်သည်။
United သည် Erik ten Hag ၏ အဖြေကို စောင့်ဆိုင်းနေပြီး သူ့အနေဖြင့် Ajax စာချုပ်သစ်အပါအဝင်
အခြား ရွေးချယ်စရာများရှိသော်လည်း Man United သည်သာ ဖြစ်နိုင်ချေအရှိဆုံး ဖြစ်သည်။
ဆုံးဖြတ်ချက်ကိုလည်း မကြာခင် သိရမည်ဖြစ်ပြီး သူ၏ တောင်းဆိုမှုများကို လိုက်လျောမည့်
စာချုပ်ကိစ္စကို အမြန်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။
အခြေအနေ တိုးတက်လာပါက မကြာခင် ရက်ပိုင်းအတွင်း တရားဝင် ကြေညာဖွယ်ရှိပြီး April 17 KNBV ဖလားဖိုင်နယ် အပြီးတွင်မှသာ ဖြစ်မည်။
အေဂျက်အသင်းဟာ လက်ရှိရာသီတွင် အဆင့် ၁ နေရာမှာရပ်တည်နေသလို KNBV ဖလားဖိုင်နယ်ပွဲကိုလည်းတက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာတော့ ဘင်ဖီကာအသင်းကို မမျှော်လင့်ပဲ အိမ်ကွင်းမှာ ရှုံးနိမ့်သွားတာကြောင့် ၁၆သင်းအဆင့်မှာပဲ မန်ယူနဲ့အတူလှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။
HH