
မနေ့ညကတော့ အဲဗာတန်အသင်းကို မန်ယူအသင်းဟာ ရှုံးနိမ့်ခဲ့ပါတယ်။ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသည်းအသန်
အမှတ်လိုအပ်နေချိန်မှာ အမှတ်လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတဲ့ မန်ယူအသင်းကတော့ ယူရိုပါလိဂ်ဝင်ခွင့်တောင်ရဖို့ သိပ်မသေချာတော့ပါဘူး။
အိမ်ရှင်အဲဗာတန်အသင်းကလည်း တန်းဆင်းဇုန်နဲ့နီးကပ်နေပြီဖြစ်လို့ အိမ်ကွင်းအာသာချက်နဲ့အတူ
နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကန်ခဲ့ပါတယ်။အဖွင့်ဂိုးရပြီးချိန်မှာတော့ ခံစစ်ကိုလုံနေအောင်ပိတ်ခဲ့ပြီး
မန်ယူအသင်းဘက်ကလည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုမလုပ်နိုင်ပဲ ၁-၀နဲ့ပွဲပြီးသွားခဲ့ပါတယ်။
ဒီရာသီမှာအဝေဖန်ခံရဆုံး မက်ဂွိုင်းယားဟာ ဒီပွဲမှာလည်း အမှားတွေထပ်လုပ်ခဲ့ပြီး အဖွင့်ဂိုးဟာလည်း သူ့ရဲ့မသေသပ်တဲ့
ကာကွယ်မှုကတဆင့် ဘောလုံးလမ်းကြောင်းပြောင်းသွားပြီး ဒီဂီယာဟာ ဘယ်လိုမှမတတ်နိုင်ပဲ အဖွင့်ဂိုးပေးခဲ့တာဖြစ်ပါတယ်။
နောက်တစ်ကြိမ်ကတော့ တော်တော်ကိုရုပ်ပေါက်ပါတယ်။အဲဗာတန်အသင်းနဲ့ဘောလုံးယှဥ်လုရင်း
မာတစ်လက်ထိသွားတာကို လက်ထိဘောတောင်းနေတာကတော့ တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့ အသင်းခေါင်းဆောင်လို့ပြောရမှာပါ။
ရော်နယ်ဒိုဟာလည်း မနေ့ကပွဲမှာ ဒဏ်ရာရခဲ့ပါသေးတယ်။ရှုံးလည်းရှုံး ဒဏ်ရာလည်း ရလို့
စိတ်ပျက်ဒေါသထွက်နေတဲ့ ရော်နယ်ဒိုဟာ အဲဗာတန်အသင်းရဲ့ပရိတ်သတ်တစ်ဦး ဖုန်းကို ပွဲပြီးလို့ အထွက်မှာ ရိုက်ချခဲ့ပါသေးတယ်။
ခဏအကြာမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့IGကနေ သူရဲ့စိတ်မထိန်းနိုင်ပဲ ဒေါသထွက်ပြီး ဖုန်းကိုရိုက်ခွဲခဲ့တဲ့အတွက်
ပြန်လည်တောင်းပန်ပြီး မန်ယူအသင်းရဲ့နောက်ပွဲစဥ်ကိုလာကြည့်ဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်။
HH