Home Sport မနေ့ညက ပြုလုပ်ခဲ့မိတဲ့ သူ့ရဲ့ဆိုးရွားတဲ့အမှားအတွက် ပြန်လည်တောင်းပန်စကားဆိုလိုက်တဲ့ ရော်နယ်ဒို

မနေ့ညက ပြုလုပ်ခဲ့မိတဲ့ သူ့ရဲ့ဆိုးရွားတဲ့အမှားအတွက် ပြန်လည်တောင်းပန်စကားဆိုလိုက်တဲ့ ရော်နယ်ဒို

0
မနေ့ညက ပြုလုပ်ခဲ့မိတဲ့ သူ့ရဲ့ဆိုးရွားတဲ့အမှားအတွက် ပြန်လည်တောင်းပန်စကားဆိုလိုက်တဲ့ ရော်နယ်ဒို
data-language="en"

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က သူဟာ မနေ့က ကစားခဲ့တဲ့ အဲဗာတန် နဲ့

data-language="en"

ပွဲအပြီးမှာ စိတ်ပျက် ဒေါသထွက်မှုကို ချုပ်ထိန်းဖို့ ခက်ခဲ ခဲ့ပြီး မသင့်လျှော်တဲ့ အပြုအမူကို ပြုမူ မိခဲ့ကြောင်း ထုတ်ဖော် ဝန်ခံခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဥမင် အတွင်း ဝင်ရောက်လာချိန်မှာ ကစားသမားတွေကို အမှတ်တရ ဓါတ်ပုံ ရိုက်နေတဲ့ ပရိသတ် တယောက်ရဲ့ လက်ကို ပုတ်ချ မိခဲ့ပါတယ် ။

data-language="en"

ဒီလို ပုတ်ချမှုကြောင့် အဆိုပါ ပရိသတ် ( လူငယ်လေး တဦးဟုသိရှိရ ) ရဲ့ လက်မှာ အနည်းငယ် ဒဏ်ရာ ရသွားခဲ့ပြီး သူ့ရဲ့ ဖုန်းဟာလည်း လွတ်ကျသွားခဲ့ရ ပါတယ် ။

ဒီဖြစ်ရပ်ကို အနီးမှာ ရှိတဲ့ အခြားပရိသတ် တယောက်ရဲ့ ဖုန်းကနေ ဗီဒီယို မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး

data-language="en"

ယူနိုက်တက် ကစားသမားတွေ ဂူဒီဆင်ပါ့ခ် ကနေ ပြန်လည် မထွက်ခွာ ခင်မှာပင် ဆိုရှယ်မီဒီယာ ပေါ်မှာ တောမီးလောင်သလို ပြန့်နှံ့ သွားခဲ့ပါတယ် ။

နောက်ပိုင်းမှာတော့ ရိုနယ်ဒို ဟာ သူ့ရဲ့ လုပ်ရပ် အတွက် တောင်းပန်စကား ဆိုခဲ့ပြီး အဆိုပါ ပရိသတ်

ကိုလည်း အိုးထရက်ဖိုဒ့် ကွင်းကို ဖိတ်ခေါ်လိုကြောင်း ဆိုရှယ်မီဒီယာ ကနေ ရေးသား ဖော်ပြသွားခဲ့ ပါတယ် ။

“ခက်ခဲတဲ့ အခြေအနေတွေမှာ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ဆိုတာက လုံး၀ မလွယ်ကူပါဘူး ၊ အခု

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အရာလိုပေါ့ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဒီအားကစား ကို ချစ်မြတ်နိုးတဲ့

လူငယ်လေးတွေကို အမြဲ လေးစားရမယ် ၊ သူတို့ အပေါ် စိတ်ရှည်ရမယ် ၊ ဥပမာကောင်းတွေ ဖြစ်စေရမယ် ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး ။

ကျွန်တော့ရဲ့ လုပ်ရပ် နဲ့ ပတ်သက်ပြီး တောင်းပန်စကား ပြောချင်ပါတယ် ၊ ဖြစ်နိုင်မယ် ဆိုရင် ဒီ ပရိသတ်

ကို အိုးထရက်ဖိုဒ့် မှာ ကစားတဲ့ ပွဲတပွဲ ကို လာရောက် ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”လို့ တောင်းပန်စကားဆိုလိုက်ပါတယ်။

crd:SM

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here