Home Sport အဲဗာတန်ကို ရှုံးပြီးကွင်းထဲကအထွက်မှာ ပရိတ်သတ်အပေါ် ဒေါသပုံချပေါက်ကွဲခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြုအမှုကြောင့် ဝေဖန်ခံရ

အဲဗာတန်ကို ရှုံးပြီးကွင်းထဲကအထွက်မှာ ပရိတ်သတ်အပေါ် ဒေါသပုံချပေါက်ကွဲခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြုအမှုကြောင့် ဝေဖန်ခံရ

0
အဲဗာတန်ကို ရှုံးပြီးကွင်းထဲကအထွက်မှာ ပရိတ်သတ်အပေါ် ဒေါသပုံချပေါက်ကွဲခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြုအမှုကြောင့် ဝေဖန်ခံရ
data-language="en"

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ညက ဂူဒီဆင်ပါ့ခ် ကွင်းမှာ

data-language="en"

ကစား ခဲ့တဲ့ အဲဗာတန် အသင်းနဲ့ ပွဲအပြီး မှာ ပရိသတ် တယောက်ရဲ့ ဖုန်းကို ဒေါသတကြီး ရိုက်ချ ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အဲဗာတန် ကို ၁-၀ နဲ့ အရေးနိမ့် ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ကိုပင် မျှော်မှန်းရ ခက်ခဲတဲ့ အနေအထား ကို ရောက်ရှိ သွားခဲ့ ပါတယ် ။

data-language="en"

အဲဗာတန် ဟာ ဒီရာသီမှာ အခြေအနေတွေ ဆိုးရွား နေပြီး ဖရန့် လမ်းပတ် ကို ခေါ်ယူကာ

နည်းပြ အပြောင်းအလဲ ပြုလုပ် ခဲ့သည့်တိုင်အောင် ရလဒ်တွေ ကောင်းမွန်လာခြင်း မရှိခဲ့ ပါဘူး ။

data-language="en"

လမ်းပတ် တာဝန်ယူ ကိုင်တွယ် အပြီး ၉ ပွဲ ကစားပြီးချိန်မှာ အဲဗာတန် ဟာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၇ ပွဲ တိတိ ရှုံးနိမ့်ကာ တန်းဆင်းဇုန် နဲ့ ၁ မှတ်သာ ကွာဟတဲ့ အထိ ရောက်ရှိ သွားခဲ့ ပါတယ် ။

ဒါပေမယ့် သူတို့ရဲ့ စိတ်ပျက်စရာ ရလဒ်ဆိုးရွားမှုတွေဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ တွေ့ဆုံချိန် မှာတော့ အဆုံးသတ် သွားခဲ့ ပါတယ် ။

စနေနေ့ ညနေခင်းက ကစားပွဲမှာ ၂ သင်းစလုံး ပုံစံကောင်းတွေ မရခဲ့ကြပေမယ့် အဲဗာတန် ကတော့ မဖြစ်မနေ လိုအပ်နေတဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပွဲအစပိုင်းမိနစ်တွေမှာ မားကပ် ရက်ဖိုဒ့် ရဲ့ ကန်ချက် တကြိမ် ၊ ခေါင်းတိုက်ချက် တကြိမ် နဲ့

အဲဗာတန် ကို ခြိမ်းခြောက် ခဲ့ပြီး ဂိုးသမား ဂျော်ဒန် ပစ်ဖိုဒ့် က လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ် ။

အဲ့ဒိနောက် မှာတော့ လူငယ်လေး ဂေါ်ဒွန် ရဲ့ ဧရိယာ ထိပ်က ကန်ချက် ဟယ်ရီမက်ဂွဲယား နဲ့ ထိပြီး

လမ်းကြောင်းပြောင်း ဂိုးဝင်သွားရာကနေ အဲဗာတန် တို့ ဦးဆောင်ဂိုး ရရှိ သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ချေပဂိုး ရဖို့ ပြန်လည် ကြိုးစားခဲ့ပေမယ့် အဲဗာတန် ခံစစ်ကို ကျော်ဖြတ်နိုင်ဘဲ အဝေးကွင်းမှာ ၃ မှတ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရ ပါတယ် ။

ပွဲအပြီးမှာတော့ ယူနိုက်တက် ကစားသမားတွေဟာ ကွင်းထဲကနေ စိတ်ပျက်စွာနဲ့ ထွက်ခွာ လာခဲ့ကြပြီး အဲ့ဒိ အထဲမှာ ခရစ္စတီယာနို ရိုနယ်ဒို လည်း အပါအဝင် ဖြစ်ခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ နိုင်လိုစိတ် ပြင်းပြတဲ့ ဘောလုံးသမား တယောက် ဖြစ်ပြီး အရှုံးကို မုန်းတီးတာကြောင့် ဒီရာသီ

ယူနိုက်တက် ရဲ့ ပွဲအတော်များများ အပြီးမှာ ရိုနယ်ဒို ရဲ့ စိတ်ပျက်နေတဲ့ အမူအရာတွေကို မကြာခဏ တွေ့မြင်ခဲ့ရ ပါတယ် ။

ဒီလိုအနေအထားမျိုးမှာ ရိုနယ်ဒို ဟာ ပရော်ဖက်ရှင်နယ် တဦးအနေနဲ့ မသင့်လျော်တဲ့ အရာကို ပြုလုပ် မိသွားခဲ့ ပါတယ်

ဥမင်ထဲကို ဝင်လာတဲ့ ယူနိုက်တက် ကစားသမားတွေကို အဲဗာတန် ပရိသတ်တွေက ဖုန်းတွေနဲ့ မှတ်တမ်းတင် နေကြပုံရပြီး ရိုနယ်ဒို ဟာ

ပရိသတ် တဦးဆီက ဖုန်းကို လက်နဲ့ ရိုက်ချ လိုက်တာကို အခြားတဦးရဲ့ ဗီဒီယို မှတ်တမ်းက တဆင့် မြင်တွေ့ ခဲ့ရ ပါတယ် ။

အဆိုပါ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာ ထက်မှာ တောမီးလောင်သလို ပြန့်နှံ့ သွားခဲ့ပြီး ရိုနယ်ဒို ရဲ့ အပြုအမူ အပေါ် ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပေါ် လာခဲ့ ပါတယ် ။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အော်စကာ ရုပ်ရှင် ဆုပေးပွဲမှာ ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဝီလ်စမစ် ဟာ ဇနီးဖြစ်သူ အပေါ် ဟာသလုပ်

ပြောဆို နေတဲ့ အစီအစဉ် တင်ဆက်သူ ခရစ္စ ရော့ခ် ကို စင်ပေါ်တက်ကာ ပါးရိုက်ခဲ့ပြီး ဒီလို ပြုမူ ခဲ့မှု အတွက် အော်စကာ နဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ ကနေ ၁၀ နှစ် ပိတ်ပင် ခံလိုက်ရ ပါတယ် ။

ရိုနယ်ဒို ဟာ နိုင်ပွဲကို ဆာလောင်သူ တယောက် ဖြစ်တာနဲ့ အညီ သူ ရယူလိုတဲ့ အရာအတွက် အစွမ်းကုန် ကြိုးစား အားထုတ် ခဲ့တယ် ဆိုတာကိုတော့ သံသယ ဖြစ်စရာ မရှိခဲ့ ပါဘူး ။

မနေ့ညက ပွဲအပြီးမှာ ရိုနယ်ဒို ရဲ့ ခြေသလုံးမှာ ဒဏ်ရာ ရရှိ ထားတဲ့ ဓါတ်ပုံ တပုံဟာလည်း ဆိုရှယ်မီဒီယာ ထက်မှာ ပြန့်နှံ့ ခဲ့ ပါတယ် ။

ဒါပေမယ့် သူ နဲ့ အသင်းဖော်တွေ ရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်လာတဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ထွက်ပေါက်ရှာတဲ့ အနေနဲ့ ပရိသတ် တယောက်ရဲ့ ဖုန်းကို

လက်နဲ့ ရိုက်ချပြီး တုန့်ပြန် တာကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက် ၊ အထူးသဖြင့် ခရစ္စတီယာနို ရိုနယ်ဒို လို ဘောလုံးသမား

အချင်းချင်းက စံထားရလောက်တဲ့ ကစားသမား တယောက် အတွက်တော့ လုံး၀ မဖြစ်သင့်တဲ့ အရာလို့ပဲ မှတ်ယူရမှာပါ ။

crd:SPORTS MYANMAR

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here