Home Sport အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဘယ်သူတွေညံ့ပြီး ဘယ်သူတွေအဆိုးဆုံးလဲ Ratingများ

အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဘယ်သူတွေညံ့ပြီး ဘယ်သူတွေအဆိုးဆုံးလဲ Ratingများ

0
အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဘယ်သူတွေညံ့ပြီး ဘယ်သူတွေအဆိုးဆုံးလဲ Ratingများ
data-language="en"

စနေ့ညရဲ့ အစောဆုံး ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး

data-language="en"

အန်သိုနီ ဂေါ်ဒွန် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ဒီဂိုးကတော့ မက်ဂွားယား နဲ့ ထိ ၊ လမ်းကြောင်း ပြောင်းပြီး ဂိုးဝင်သွားခဲ့ရတာပါ ။

အခုတော့ အဆိုပါ ရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ အမှတ်ပေး ဇယား အဆင့် 7 နေရာမှာ ရပ်တည််နေရပါပြီ ။

data-language="en"

ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ ဒီရာသီ ထိပ်သီး 4 သင်း စာရင်း ဝင်နိုင်ရေးထက် ယူရိုပါလိဂ် ဝင်ခွင့် ရရှိဖို့ကို ကြိုးစားရတော့မယ်လို့ ပြောလို့ရနေပါပြီ ။

ဒီပွဲမှာလည်း ယူနိုက်တက်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုတွေ အသာစီးရယူပြီး ကစားနိုင်ခဲ့ပြန်ပါတယ် ။ ဒါ့အပြင် အခွင့်အရေးကောင်းအချို့လည်း

data-language="en"

ရယူနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲဲ့ အဆုံးသတ် စွမ်းရည်ကတော့ ညံ့မြဲညံ့ဆဲ ဖြစ်ခဲ့ရပါတယ် ။ ဒါ့အပြင် ပစ်ဖို့ဒ် လက်စွမ်းပြခဲ့တာကြောင့် ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဒီတစ်ပါတ် အမှတ်ဗလာနဲ့ မိနစ် 90 ကုန်ဆုံးသွားခဲ့ရတဲ့ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (6)

အလုပ်နည်းခဲ့ပါတယ် ။ ပေးဂိုးကိုလည်း ဟန့်တားစရာ အခွင့်အရေး မပိုင်ဆိုင်ခဲ့ပါဘူး ။ ရစ်ချာလီဆင်ရဲ့ ကန်ချက််ကို ကာကွယ်နိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (5)

ပွဲထွက်ခွင့် ရခဲ့ပြီး အစပိုင်း ကောင်းခဲ့ပါသေးတယ် ။ ဒါပေမဲဲ့ ပေးဂိုးမှာ ရစ်ချာလီဆင် ကို မဟန့်တားနိုင်ခဲ့သလို နောက်ပိုင်း မိနစ်တွေမှာလည်း ထူးကဲတဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့ပါဘူး ။

လင်ဒီလော့ဖ် (5)

ယူနိုက်တက် ခံစစ်ကို စုစည်းပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဲဗာတန် အသင်းဖက်မှ ကာယပိုင်း အသာပေး ကစားတဲ့ အခိုက်အတန့်တွေမှာ ယှဥ်ကစားနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။

မက်ဂွားယား (5)

ဒီတစ်ပွဲမှာလည်း ကံမကောင်းခဲ့ပြန်ပါဘူး ။ ဂေါ်ဒွန် ရဲ့ ကန်ချက်က သူ့ကိုထိ ၊ လမ်းကြောင်းပြောင်းပြီး ဂိုးသွားခဲ့ပါတယ် ။ ဘောလုံးကိုင် ကစားတာ လေးလံနေခဲ့ပါတယ် ။

တဲလက်စ် (5)

သိပ်မထူးတဲ့ ခြေစွမ်းကိုပဲ ဆက်လက် ပြသခဲ့ပါတယ် ။ အလွတ်တည်ကန်ဘော အချို့ ထိုက်သင့်သလောက် ကောင်းခဲ့တာက လွဲရင် သိပ်ပြီး မထူးခြားခဲ့ပါဘူး ။

မာတစ် (5)

အစောပိုင်း မိနစ်တွေမှာ ကွင်းလယ်ကနေ ခံစစ် နဲ့ တိုက်စစ််တို့ကို ချိတ်ဆက် ကစားပေးနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲဲ့ နောက်ပိုင်း မိနစ်တွေမှာ ထူးကဲတဲ့ အကျိုးသက်ရောက်မှု မပေးနိုင်ခဲ့တဲ့အတွက် လူစားလဲခံခဲ့ရပါတယ် ။

ဖရက်ဒ် (4)

မာတစ် ပါဝင်တဲ့ ပွဲစဥ်မျိုးမှာ တိုက်စစ်ပိုင်း စိတ်ကြိုက် တက်ကစားခွင့် ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပေးပို့မှုတွေ အမှားများခဲ့ပြီး ဒဏ်ရာပါ ရသွားခဲ့တဲ့ အတွက် စောစောစီးစီိး လူစားလဲခံခဲ့ရပါတယ် ။

ဖာနန်ဒက်စ် (4)

အစောပိုင်း မိနစ်မှာ ရပ်ရှ်ဖို့ အတွက် အခွင့်အရေး 2 ကြိမ်် ဖန်တီးပေးခဲ့တာက လွဲရင် ထူးကဲတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဘောလုံး အပျက်များခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (6)

အစကောင်းခဲ့ပြီး ရင်ခုန်မှုတွေလည်း ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲဲ့ ပစ်ဖို့ဒ်ရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးမရခဲ့ပါဘူး ။ ပွဲချိန်ကြာလေ ​ပိုညံ့လေ ဖြစ်ခဲ့ပါတယ် ။

ဆန်ချို (4)

ဆန်ချို အစစ်ကို မြင်ရပြီလို့ ပြောတာ မကြာသေး ၊ ခြေစွမ်းတွေ ဆက်တိုက်ဆိုသလို ကျဆင်းနေခဲ့ပါပြီ ။ အခွင့်အရေး အချို့ ဖန်တီးခဲ့တာကလွဲရင် ဖြတ်တင်ပေးပို့မှုတွေ ညံ့ခဲ့ရပါတယ် ။

ရော်နယ်ဒို (4)

ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ပျောက်ဆုံးနေခဲ့ပါတယ် ။ အသင်းဖော်တွေဆီက လိုအပ်တဲ့ အထောက်အပံ့တွေမရနိုင်ခဲ့သလို တစ်ကိုယ်တော် စွမ်းဆောင်ရည်လည်း ပြသနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ပေါ့ဂ်ဘာ (5)
မာတာ (5)
အီလန်ဂါ (5)

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here