
မန်ယူအသင်းဟာ အဲဗာတန်ကို ၄-၂-၃-၁ ကစားကွက်နဲ့ ရင်ဆိုင်ဖို့ ခင်းကျင်းလာပြီး နောက်တန်းမှာတော့
တဲလစ်၊မက်ဂွိုင်းယား၊လင်ဒီလော့ဒ်နဲ့ ဘစ်ဆာကာတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်ခံစစ်အတွက် ဖရက်ဒ်နဲ့မာတစ်
ကွင်းလယ်တိုက်စစ်အတွက် ဆန်ချို၊ဖာနန်ဒတ်နဲ့ရက်ဖို့ဒ်တို့ကို အသုံးပြုကာ အထောင်တိုက်စစ်မှာတော့
ရော်နယ်ဒိုကို အသုံးပြုခဲ့ပါတယ်။အစပိုင်းမှာတော့ မန်ယူအသင်းက ဖိအားပေးကစားနေပေမယ့် ဂိုးရသွားတာကတော့ အဲဗာတန်အသင်းဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ ကွင်းလယ်မှာဘောလုံးပျက်သွားပြီးနောက် အဲဗာတန်အသင်းတိုက်စစ်ဆင်လာတဲ့အချိန်မှာ
ရစ်ချာလီဆန်ရဲ့ ဖြတ်တင်မှုကို မန်ယူနောက်တန်းနဲ့ အဲဗာတန်တို့ ယှဥ်လုပြီး ထွက်လာတဲ့ ဘောလုံးကို
ဧရိယာထိပ်ကနေ ဂေါ်ဒန်က အပြင်းကန်သွင်းခဲ့ရာ မက်ဂွိုင်းယားနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့်
ဒီဂီယာလည်း မကာကွယ်နိုင်တော့ပဲ အဖွင့်ဂိုးကိုပေးလိုက်ရပါတယ်။ဦးဆောင်ဂိုးပေးရလို့ တိုက်စစ်ဆင်ဖို့ကြိုးစားပေမယ့်
နောက်ထပ်ဂိုးပေါ်ခြိမ်းခြောက်မှုတွေကို လုပ်နေတာကတော့ အဲဗာတန်ပဲဖြစ်ပြီး ဒီဂီယာလက်စွမ်းပြနေလို့သာ ဂိုးတွေထပ်မပေးရတာဖြစ်ပါတယ်။
မန်ယူကတော့ တိုက်စစ်မြှင့်ဖို့အတွက် ဖရက်ဒ်နေရာမှာ ပေါ့ဂ်ဘာကိုထည့်ခဲ့ပေမယ့် သိပ်မထူးခြားပဲ ပထမပိုင်းမှာ ၁-၀နဲ့ရှုံးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ဖာနန်ဒတ်ရဲ့ ဖြတ်တင်ဘောကို ရက်ဖို့ဒ် ထိအောင်မကန်နိုင်ခဲ့တာကြောင့် မန်ယူအသင်းနစ်နာခဲ့ရပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ယူဟာသိပ်မထူးပဲဒုံရင်း ဒုံရင်းလုပ်နေတာကြောင့် ရက်ဖို့ဒ်ကို အီလန်ဂါနဲ့ မာတစ်ကို မာတာနဲ့လဲကာတိုက်စစ်မြှင်ခဲ့ပါတယ်။
ဧရိယာထိပ်နားကနေ ကန်လိုက်တဲ့ ပေါ့ဂ်ဘာရဲ့ ကန်ချက်လောက်သာ ထိထိရောက်ရောက် ဂိုးပေါက်ခြိမ်းခြောက်တာဖြစ်ခဲ့ပြီး အဲဗာတန်ဂိုးသမားက ဖမ်းနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြီးခါနီးမှာပဲ မန်ယူအသင်းရဲ့ တိုက်စစ်ဟာ ဆန်ချိုရဲ့ ဘယ်ခြမ်းကနေ ဆက်တိုက်ကိုဖောက်နေခဲ့ပါတယ်။
ဆန်ချိုက အတိုးအလှုပ်နဲ့ အကောင်းဆုံးကျော်ဖြတ်ဖန်တီးနေပေမယ့် ကောင်းကောင်းမွန်မွန်ထွက်မလာပဲ
အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါပြီ။ချန်ပီယံလိဂ်မျှော်လင့်ချက်ကလည်း မေ့ပစ်ဖို့ကောင်းနေပါပြီ။
အဲဗာတန်လိုဘယ်အသင်းနဲ့ကန်ကန် ရှုံးနေပြီး အိမ်ကွင်းလေး နည်းနည်းမာတဲ့အသင်းကို မန်ယူဟာ ရှုံးနိမ့်ခဲ့တာပါ။
မန်ယူရဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက်တွေဟာ ဘာတွေလဲလို့တောင် စဥ်းစားလို့မရတဲ့အထိ ကစားပုံကဆိုးရွားနေခဲ့တာပါ။
HH