Home Sport သူ့အတွက် စံပြကစားသမား ဘယ်သူလဲဆိုတာ ပြောပြလာတဲ့ ရီးရဲလူငယ်ကြယ်ပွင့် ဗင်နီစီးရပ်စ်ဂျူနီယာ

သူ့အတွက် စံပြကစားသမား ဘယ်သူလဲဆိုတာ ပြောပြလာတဲ့ ရီးရဲလူငယ်ကြယ်ပွင့် ဗင်နီစီးရပ်စ်ဂျူနီယာ

0
သူ့အတွက် စံပြကစားသမား ဘယ်သူလဲဆိုတာ ပြောပြလာတဲ့ ရီးရဲလူငယ်ကြယ်ပွင့် ဗင်နီစီးရပ်စ်ဂျူနီယာ
data-language="en"

လက်ရှိရီးရဲမက်ဒရစ်အသင်းရဲ့လူငယ်ကြယ်ပွင့် ဗင်နီစီးရပ်စ်ဂျူနီယာကတော့ ရီးရဲမက်ဒရစ်အသင်းမှာ

data-language="en"

ဘင်ဇီမားနဲ့အတူ ခြေစွမ်းကောင်းတွေပြနေပြီး ရီးရဲမက်ဒရစ်ရဲ့ အဓိကကျတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

ဒီရာသီမှာ ၃၉ပွဲကစားထားပြီး ၁၇ဂိုးသွင်း ၆ဂိုးထိဖန်တီးပေးထားနိုင်ပါတယ်။

data-language="en"

ဗင်နီးစီးရပ်စ် ဂျူနီယာဟာ သူအတွက်အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ကျွန်တော်အထင်တော့ ရော်နယ်ဒိုက တစ်ခြားကစားသမားတွေအားလုံးထက်ပိုကောင်းတဲ့ကစားသမားလို့ထင်ပါတယ်။

data-language="en"

ကျွန်တော်အနေနဲ့ ရော်နယ်ဒိုအကြောင်း စဥ်းစားလိုက်တိုင်းမှာ ဂိုး၊ဂိုး၊ဂိုးဆိုတာတွေပဲ မြင်ယောင်နေတာပါ။

ကျွန်တော်ငယ်ငယ်​တုန်းက ကျွန်တော့်အခန်းရဲ့ နံရံတွေပေါ်မှာ သူရဲ့ပုံတွေကပ်ထားတာပါ။

သူဟာကျွန်တော်အတွက် အရင်တုန်းကရော အခုထိရော စံပြကစားသမားတစ်ယောက်ပါ့ပဲ။”လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုကလည်း ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၄၃၈ပွဲမှာ ၄၅၀ဂိုးထိသွင်းယူထားနိုင်ပြီး ၁၃၂ဂိုးထိဖန်တီးထားနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ၄ကြိမ်အထိရခဲ့ပါတယ်။

အသက် ၃၇နှစ်အရွယ် ရော်နယ်ဒိုဟာ လက်ရှိမန်ယူအသင်းနဲ့အတူ ၃၁ပွဲကစား ၁၈ဂိုးသွင်းပြိး ၃ဂိုးဖန်တီးထားနိုင်ပေမယ့်

အသင်းနဲ့အတူ ရလဒ်ကောင်းတွေရဖို့ရုန်းကန်နေရပြီး နောက်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း မသေချာတဲ့အနေအထားတစ်ခုကိုရောက်နေပါတယ်။

HH

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here