Home Sport ရော်နယ်ဒိုနဲ့မက်စီမပါဝင်တဲ့ ဒီနှစ်ရာသီအတွက် Ballon d’orဆုကို ရရှိဖို့ ရေပန်းအစားဆုံးကစားသမား (၅) ဦး

ရော်နယ်ဒိုနဲ့မက်စီမပါဝင်တဲ့ ဒီနှစ်ရာသီအတွက် Ballon d’orဆုကို ရရှိဖို့ ရေပန်းအစားဆုံးကစားသမား (၅) ဦး

0
ရော်နယ်ဒိုနဲ့မက်စီမပါဝင်တဲ့ ဒီနှစ်ရာသီအတွက် Ballon d’orဆုကို ရရှိဖို့ ရေပန်းအစားဆုံးကစားသမား (၅) ဦး
data-language="en"

ဘလွန်းဒီအော် ဆုတံဆိပ်ဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာအရှိဆုံး တဦးချင်း ဆုတံဆိပ် တစ်ခုဖြစ်ပြီး၊

data-language="en"

ထိပ်တန်း ကစားသမားတွေ အတွက် ဆုဖလားတွေ ရယူနိုင်တဲ့အပြင် ဘလွန်းဒီအော် ဆုကိုပါ ရရှိခဲ့မယ်ဆိုရင် ပိုမို ချိုမြိန်တဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

ဒီဆုဟာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း အကောင်းဆုံး ဘောလုံးသမားကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ် မဂ္ဂဇင်းက

data-language="en"

ပေးအပ်ချီးမြင့်တဲ့ ဆုတစ်ခုဖြစ်ပြီး၊ ယမန်နှစ် ဘောလုံးရာသီရဲ့ ဘလွန်းဒီအော် ဆုတံဆိပ်ကို လီယွန်နယ် မက်ဆီက ၇ကြိမ်မြောက် ရယူသွား နိုင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ယခင်ကနဲ့မတူပဲ ဘလွန်းဒီအော်ဆု အတွက် ရေပန်းစားနေတဲ့ ကစားသမား များစွာ ရှိနေပြီး၊

data-language="en"

၂၀၂၂ခုနှစ်ရဲ့ ဘလွန်းဒီအော် ဆုတံဆိပ်ကို ရယူနိုင်ခြေရှိတဲ့ ရေပန်းအစားဆုံး ကစားသမား ၅ယောက်ကို အခုလို ဖော်ပြ ပေးလိုက်ရပါတယ်။

၅။မာရက်ဇ် (အယ်လ်ဂျီးရီးယား၊ မန်စီးတီး)

မန်စီးတီး အသင်းဟာ တိုက်စစ်မှူး စစ်စစ် မရှိပေမယ့် လက်ရှိ ဘောလုံးရာသီ ပွဲစဉ် အများစုမှာ ပြိုင်ဘက် အသင်းတွေကို အသာစီး ကစားနိုင်ပြီး၊

သူတို့ဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ တိုက်စစ်အားသန် ကွင်းလယ် ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့်လည်း ဂိုးရဖို့ အခက်အခဲမရှိတာ တွေ့ရပါတယ်။

အဆိုပါ ကွင်းလယ်လူတွေထဲမှာ မာရက်ဇ်ဟာ အဓိက နေရာကနေ ပါဝင်နေပြီး၊ ဒီအယ်လ်ဂျီးရီးယား လက်ရွေးစင်ဟာ ယခုနှစ် ဘောလုံးရာသီမှာ

ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်းအတွက် စွဲဆောင်မှုရှိတဲ့ ကစားဟန်မျိုး ဖန်တီး ပေးထားနိုင်ပါတယ်။

၄။မိုဟာမက်ဆာလာ (အီဂျစ်၊ လီဗာပူးလ်)

မိုဟာမက် ဆာလာဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ရရှိနေပေမယ့် ၂၀၂၂ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်နိုင်မှာမဟုတ်ပဲ၊ သူ့ရဲ့

အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲနဲ့ အာဖရိက နိုင်ငံများဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါ အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဂျာဂင်ကလော့ပ်ရဲ့ အသင်းမှာ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသထားနိုင်တာ

တွေ့ရပြီး၊ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ပွဲကစားကာ သွင်းဂိုး၂၈ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ကြိမ်ပြုလုပ် ပေးထားနိုင်ပါတယ်။

၃။ကိုင်လီယန် အမ်ဘာပေ (ပြင်သစ်၊ ပီအက်စ်ဂျီ)

အမ်ဘာပေဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၆သင်းအဆင့် ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာ တစ်ဂိုးစီ

သွင်းယူ နိုင်ခဲ့ပေမယ့်၊ ကံမကောင်းစွာပဲ သူ့ရဲ့ ပီအက်စ်ဂျီ အသင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီပြင်သစ်သားဟာ ယခုနှစ် ဘောလုံးရာသီမှာ အထူး ခြေစွမ်းပြနေတဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်ပြီး၊ ပီအက်စ်ဂျီ

အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲကစား ပေးထားရာမှာ ၂၈ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု အကြိမ်၂၀ထိ ပြုလုပ် ပေးထားနိုင်တာ တွေ့ရပါတယ်။

၂။ရောဘတ် လီဝမ်ဒေါစကီး (ပိုလန်၊ ဘိုင်ယန်မြူးနစ်)

ရောဘတ် လီဝမ်ဒေါစကီးဟာ ၂၀၂၀ခုနှစ်မှာ ဘလွန်းဒီအော် ဆုပေးပွဲ ဖျက်သိမ်းလိုက်တာကြောင့် သူရရှိမယ့် ဆုတံဆိပ်ကို လုယူခံလိုက်

ရတယ်လို့ ပရိတ်သတ် အများစုက ပြောဆိုနေကြပြီး၊ ယမန်နှစ် ဘောလုံးရာသီမှာလည်း ဒီဆုအတွက် မက်ဆီရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

အသက်၃၃နှစ်အရွယ် ဒီတိုက်စစ်မှူးဟာ ဥရောပ ထိပ်တန်းလိဂ်၅ခုမှာ အတိုးတက်ဆုံး ကစားသမားလို့ ဆိုရမှာဖြစ်ပြီး၊

သူဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲကစား ပေးထားရာမှာ ၄၅ဂိုးသွင်းယူကာ ၄ဂိုးဖန်တီး ပေးထားနိုင်ပါတယ်။

၁။ကာရင်ဘန်ဇီမာ (ပြင်သစ်၊ ရီးရဲလ်မက်ဒရစ်)

ကာရင် ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ၂၀၀၉ခုနှစ်မှ စတင် ရောက်ရှိလာချိန် ကတည်းက အသင်းအတွက်

အမြဲတမ်း အရေးပါတဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်ခဲ့ပေမယ့်၊ သူ့ရဲ့ အရေးပါမှုဟာ လက်ရှိအချိန်မှာ ပိုမို ထင်ရှားလာခဲ့တာ တွေ့ရပါတယ်။

ဘန်ဇီမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၅ပွဲကစားကာ

၃၄ဂိုးသွင်းယူ ပေးထားနိုင်တဲ့အပြင်၊ ဂိုးဖန်တီး ၁၃ကြိမ်အထိ ပြုလုပ် ပေးထားနိုင်ပါတယ်။ ဒါ့ကြောင့်

ဒီရာသီမှာ သူ့ရဲ့ ကစားသမား ဘဝအတွက် ပထမဆုံး ဘလွန်းဒီအော်ဆုကို ရရှိသွားမယ်ဆိုရင် အံဩစရာ မရှိပါဘူး။
crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here