Home Sport ရော်နယ်ဒိုမပါလည်း ဒုံရင်းဒုံရင်းပဲလို့ ဝေဖန်ရင်း အဲဗာတန်နဲ့မန်ယူပွဲရလဒ်ကို ခန့်မှန်းခဲ့တဲ့ ပေါလ်မာဆင်

ရော်နယ်ဒိုမပါလည်း ဒုံရင်းဒုံရင်းပဲလို့ ဝေဖန်ရင်း အဲဗာတန်နဲ့မန်ယူပွဲရလဒ်ကို ခန့်မှန်းခဲ့တဲ့ ပေါလ်မာဆင်

0
ရော်နယ်ဒိုမပါလည်း ဒုံရင်းဒုံရင်းပဲလို့ ဝေဖန်ရင်း အဲဗာတန်နဲ့မန်ယူပွဲရလဒ်ကို ခန့်မှန်းခဲ့တဲ့ ပေါလ်မာဆင်
data-language="en"

ရာသီကုန်ဖို့ သိပ်မလိုတဲ့အချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၄သင်းလောက်ထိအပြိုင်အဆိုင်ဖြစ်နေပါပြီ။

data-language="en"

လက်ရှိမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စပါးနဲ့အာဆင်နယ် တို့ကအခြေအနေကောင်းနေတယ်ဆိုပေမယ့်

မန်ယူနဲ့ဝက်ဟမ်းတို့ဟာလည်း အခွင့်အရေးတွေရှိပါသေးတယ်။ပေါလ်မာဆင်ကတော့ မန်ယူအသင်းရဲ့ကစားပုံဟာ

data-language="en"

မှန်းမရအောင် ဖြစ်နေပြီး ရလဒ်ကလည်း ကပြောင်းကပြန်တွေထွက်နေတာကြောင့် မယုံတော့ဘူးလို့ ပေါ်တင်ပဲပြောလာပါတယ်။

မန်ယူအသင်းရဲ့ကစားပုံရဲ့ပြဿနာဟာ အစကရော်နယ်ဒိုလို့ထင်ခဲ့ပေမယ့် ရော်နယ်ဒိုပါပါမပါပါဒီလိုရီးပဲလို့လည်း သူရဲ့အမြင်ကိုထုတ်ပြောလာပါတယ်။

data-language="en"

လက်ရှိမှာ ရလဒ်တွေဆိုးနေတဲ့ အဲဗာတန်အသင်းက အိမ်ကွင်းမှာ မန်ယူအသင်းကို အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ပေါလ်မာဆင်က”ဘန်လေ ကို ရှုံးလိုက်တာက အဲဗာတန် ကို အတော်လေး အထိနာစေပါတယ် ။ အခု သူတို့ တန်းဆင်းဇုန် နဲ့

အတော်လေးကို နီးကပ် သွားပါပြီ ။ ဒီပွဲကို ဖလားဖိုင်နယ်လို ဖရန့်လမ်းပတ် ကစားရတော့မှာပါ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဖမ်းဆုပ်လို့ မရတဲ့ လေ လိုပါပဲ ။ ဘာကိုမှ ခန့်မှန်းလို့ မရအောင် ဖြစ်နေပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို မရှိရင် ကစားပိုကောင်းတယ် ဆိုတဲ့ အယူအဆ တွေကို လက်စတာ

နဲ့ ပွဲက မှားယွင်းကြောင်း သက်သေပြ သွားခဲ့ ပါတယ် ။ ကံကောင်းလို့ သူတို့ မရှုံးခဲ့တာပါ ။

၂ သင်းစလုံးက အလုံးစုံပျက်စီးမှုကို ဦးတည်နေကြတာပါ ၊ မနိုင်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့

ကစားပြီး အပတ်တိုင်း အမှတ်တွေ လျော့နေကြတဲ့အသင်းတွေ ပါ ။ ဒီ ၂ သင်းမှာ အဲဗာတန် က

ပိုပြီး အခြေအနေဆိုး ပါတယ် ။ ဒါကြောင့် သူတို့ မဖြစ်မနေ အနိုင် ကစားသွားမှာပါ ။

ပေါလ်မာဆင်ကတော့ အဲဗာတန်အသင်းဟာ မန်ယူအသင်းကို ၂-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

HH

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here