Home Sport ရီးရဲမှာတုန်းက ရော်နယ်ဒိုကို ဝေဖန်မှုသူကပဲအမြဲဂိုးဖန်တီးပေးရတယ်ဆိုတဲ့တွေကို မှတ်ချက်ပေးလိုက်တဲ့ ဘင်ဇီမာ

ရီးရဲမှာတုန်းက ရော်နယ်ဒိုကို ဝေဖန်မှုသူကပဲအမြဲဂိုးဖန်တီးပေးရတယ်ဆိုတဲ့တွေကို မှတ်ချက်ပေးလိုက်တဲ့ ဘင်ဇီမာ

0
ရီးရဲမှာတုန်းက ရော်နယ်ဒိုကို  ဝေဖန်မှုသူကပဲအမြဲဂိုးဖန်တီးပေးရတယ်ဆိုတဲ့တွေကို မှတ်ချက်ပေးလိုက်တဲ့ ဘင်ဇီမာ
data-language="en"

ရီးရဲမက်ဒရစ်ရဲ့ လက်ရှိအဓိကကစားသမား ဘင်ဇီမားကတော့ ဒီရာသီမှာ ၄၃ပွဲမှာ ၄၂ဂိုးသွင်းပြီး ၁၃ဂိုးထိဖန်တီးထားနိုင်ပါတယ်။

data-language="en"

ရော်နယ်ဒိုကတော့ မန်ယူအသင်းနဲ့အတူ ရုန်းကန်နေရပြီး ဒီရာသီမှာဖလားလက်မဲ့ဖြစ်ခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း မသေချာတဲ့အနေထားမှာရှိနေပါတယ်။

ဒါပေမယ့် တစ်ချိန်က BBCတိုက်စစ်အတွဲဆိုရင်ပြိုင်ဘက်တိုင်းက ကြောက်ခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ကိုလည်း ၃နှစ်ဆက်ရယူခဲ့တာဖြစ်ပါတယ်။

data-language="en"

ရော်နယ်ဒိုကလည်း ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၄၃၈ပွဲမှာ ၄၅၀ဂိုးထိသွင်းယူထားနိုင်ပြီး ၁၃၂ဂိုးထိဖန်တီးထားနိုင်ပါတယ်။

ရီးရဲမက်ဒရစ်မှာ ရော်နယ်ဒိုအတွက် ဂိုးအများဆုံးဖန်တီးပေးသူက ဘင်ဇီမားဖြစ်ပြီး ၄၇ကြိမ်အထိ ဖန်တီးပေးထားနိုင်ပါတယ်။

data-language="en"

ရော်နယ်ဒိုကလည်း ဘင်ဇီမားအတွက် ဂိုးဖန်တီးပေးတာ ၂၈ကြိမ်အထိရှိခဲ့ပါတယ်။

ဘင်ဇီမားက ” လူတွေက ကျွန်တော် ရော်နယ်ဒိုကို ဂိုးတွေအများကြီးဖန်တီးပေးရတာကိုပဲ ပြောနေကြတာပါ။

ဒါပေမယ့် ရော်နယ်ဒိုဟာလည်း ကျွန်တော့်အတွက် ဂိုးတွေအများကြီးဖန်တီးပေးထားတဲ့သူပါ။

သူက ကျွန်တော့်အတွက် ဂိုးအများဆုံးဖန်တီးပေးထားတဲ့သူပါ။သူ့စီကအများကြီးသင်ယူခဲ့ရပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဘင်ဇီမားရဲ့ Hat-trickနဲ့အတူ ချဲလ်ဆီးအသင်းကို မနေ့ညက ၁-၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့်

ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကိုတက်ဖို့ အလားအလာတော်တော်ကောင်းသွားပြီဖြစ်ပါတယ်။

၂၀၁၈မှာ ရီးရဲမက်ဒရစ်က ရော်နယ်ဒိုထွက်သွားချိန်ကစပြီး ရီးရဲအတွက် ဂိုးရရှိဖို့ ပိုမိုတာဝန်ကြီးလာတဲ့ ဘင်ဇီမားဟာ

လက်ရှိနှစ်မှာတော့ အတောက်ပဆုံးခြေစွမ်းတွေနဲ့အတူ အမြင့်ဆုံးကိုပျံသန်းနေပြီး ဒီနှစ် Ballon D’orဆုကို ဆွတ်ခူးဖို့ နံပတ် ၁ ပြေးနေပါတယ်။

HH

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here