
စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ အနာဂတ်အတွက် အသင်းစဥ်းစားရာမှာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို
နားစွင့်နေတယ်လို့ ဗြိတိန်သတင်းစာ The Athletic သတင်းစာကဖော်ပြလိုက်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီမှာ
ဟယ်ရီကိန်းကို စျေးကြီးပေးပြီး ခေါ်ဖို့ကြိုးစားခဲ့တဲ့ မန်စီးတီးဟာလည်း လက်ရှိမှာတော့ ဟယ်ရီကိန်းထက်စာရင်
ဟာလန်းကိုသာ ကြိုးစားခေါ်ယူတော့မယ်လို့ သိရပါတယ်။မန်ယူအသင်းကလည်း ကာဗာနီ၊မာရှယ်တို့ကို
စွန့်လွှတ်ဖို့ သေချာနေတဲ့အပြင် ရော်နယ်ဒိုကလည်း နေမှာမနေမှာမသေချာတာကြောင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ဖို့ကြိုးစားသွားဖွယ်ရှိပါတယ်။
ဟယ်ရီကိန်းဟာလည်း ပရီးမီးယားလိဂ်မှာ ဂိုးတွေတသီရီးသွင်းပြီး ဆုတွေအများအပြားရထားပေမယ့်
လက်ရှိအချိန်ထိ ဖလားတစ်လုံးမှပိုင်ဆိုထားခြင်းမရှိပါဘူး။မန်ယူအသင်းဟာလည်း ဖလားလက်မဲ့၅နှစ်
ထိဖြစ်ထားတာဖြစ်လို့ နှစ်ခုပေါင်းပြီး ဖလားတစ်လုံးလောက်ရသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ရော်နယ်ဒိုဟာလည်း မန်ယူအသင်းကထွက်ခွာဖြစ်ခဲ့ရင် မေဂျာလိဂ်က မန်ယူအသင်းရဲ့ကစားသမားဟောင်း
ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းစီကို ပြောင်းရွေ့ဖွယ်ရှိတယ်လို့သိရပါတယ်။ရော်နယ်ဒိုဟာ
လက်ရှိမန်ယူအသင်းမှာ သူရဲ့နောက်ဆုံး ၁၆နှစ်အတွင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီဖြစ်ခဲ့ရပြီဖြစ်ပါတယ်။
နောက်နှစ်မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်မသေချာတာကြောင့် ရော်နယ်ဒိုအနေနဲ့လည်း အသင်းပြောင်းရွေ့နိုင်ပါတယ်။
HH